Wednesday, October 31, 2012

လယ်ဧကတိုးချဲ့ စိုက်ပျိုးနိုင်ရန် ရေလှောင်တမံ ပြုပြင်နိုင်ခဲ့

ဒေါတဒါးရေလှောင်တမံ ဖွင့်ပွဲ အခမ်းအနား ကျင်းပစဉ် (ဓါတ်ပုံ-ကေတီ)














ဒီးမော့ဆိုမြို့နယ်အတွင်း ဒေါတဒါးကျေးရွာအနီးရှိ စပါးစိုက်ပျိုးမှု လယ်ဧကတိုးချဲ့ နိုင်ရန်အတွက် ဒေါတဒါးရေလှောင်တမံ ကို ပြန်လည်ပြုပြင် ပြီးစီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ်  ဆည်းမြောင်းဦးစီးဌာနမှ ဒု-ညွန်ကြားရေးမှူး ဦးအောင်မြင့်က "ဒီဆည်က လွန်ခဲ့တဲ့ ၁၉၇၀ ခုနှစ်ကတည်းက ဆောက် ခဲ့တဲ့ ဆည်ကော အဲဒါက နစ်ကာလကြာလာတော့ ဆည်ကပျက်စီးလာတယ် ရေကိုလဲ ကောင်းကောင်း မသွန်နိုင်ဘူး သူသတ် မှတ်တဲ့ ဧရိယာလဲ စိုက်ပျိုးရေး မပေးနိုင်တဲ့အတွက်ကြောင့် ဒီဆည်ကို ပြန်လည်ပြုပြင် တည်ဆောက်တာဖြစ်ပါတယ်." လို့ ကန္တာရဝတီတိုင်းကို ပြောပါတယ်။
ဒေါတဒါးရေလှောင်တမံ မပြုပြင်မှီအချိန်တွင် လယ်ဧကဧရိယာ ၂၅၀ အတွက် ရေကို လုံလုံလောက်လောက် မပေးနိုင်ခဲ့ဘူး လို့ သိရပါတယ်။
ရေလှောင်တမံ တည်ဆောက်ပြုပြင် အပြီးမှာဆိုလျှင်တော့ လယ်ဧက စုစုပေါင်း ၄၀၀ ကျော်ပေးနိုင်မည် ဖြစ်သည့်အပြင် နွေစပါး ဧက ၅၀ ကိုလည်း ရေပေးဝေနိုင်မှာဖြစ်တယ်လို့ ဆက်လက်ရှင်းပြ သွားပါတယ်။
ရေလှောင်တမံ ဖွင့်ပွဲကို ယမန်နေ့က ကျင်းပခဲ့ကြပြီး ဒေသခံလူထုများ၊ ပြည်နယ်အစိုးရ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် ကယားပြည်နယ်မှ NLD အဖွဲ့ဝင်များဖြင့် တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ကရင်နီ(ကယား)ပြည်နယ်ရေလှောင်တမံကို ၁၉၇၀ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ပြီး တာတမံများ ပျက်စီးနေပြီဖြစ်လို့ ၂၀၁၂ ခုနှစ် မတ်လမှာ စတင်ပြုပြင်ခဲ့ပါတယ်။
၎င်းရေလှောင်တမံကို အနောက်ဥရောပနိုင်ငံများရဲ့ ရံပုံငွေထောက်ပုံမှုဖြင့် Care Myanmar အဖွဲ့က ထောက်ပံ့ကူညီခဲ့ပြီး သြဂုတ်လ ၂၁ ရက်နေ့မှာ ပြီးစီးခဲ့တယ်လို့သိရပါတယ်။
ကယားပြည်နယ် ဒေသဆိုင်ရာ CARE Myanmar  ရုံးမှ ညှိနိုင်းရေးမှူး နန်းမြသိင်္ဂစိုးက ဒေါတဒါး ရေလှောင်တမံနဲ့ ပတ်သက်ပြီး ယခုလို ကန္တာရဝတီတိုင်း(မ်) ရှင်းပြပါတယ်။
"အဓိက ရည်ရွယ်ချက်ကတော့ နှကိုယ်မူလ ရှိပြီးသား ဆည်ကိုထပ်မံစိုက်ပျိုးနိုင်တဲ့ လယ်ဧကတွေရှိတယ်။ ဒါပေမဲ့လို့ စိုက်ပျိုးရေး အခက်ခဲရှိလို့ မစိုက်ပျိုးတဲ့ လယ်ဧကတွေရှိနေတဲ့အတွက် ပိုပြီးတော့ တိုးချဲ့စိုက်ပျိုးနိုင်ဖို့ ရည်ရွယ်ချက်နဲ့  ကျမတို့က   နောက်   နွေသီးနှံပေါ့နော် ကျမတို့ မိုးရာသီမှာစိုက်တဲ့ သီးနှံတွေမကဘူး ဆောင်းသီးနှံနဲ့ သူတို့အတွက် ဝင်ငွေတိုးမဲ့ တခြားနွေ စပါး တို့ ပြန်ပြီးစိုက်ပျိုးနိုင်ဖို့ အတွက်ကိုပါ ကျမတို့ ရည်ရွယ်ပြီးလုပ်ဆောင်တာပါ " လို့ ပြောပါတယ်။
ဒေါတဒါး ဆည်ဖြစ်မြောက်ရေး ကော်မီတီ ဥက္ကဌ ဦးအားကာက လယ်ဧကတွေအားလုံးအတွက် တနှစ်ပတ်လုံး စိုက်ပျိုးရေး ရေ လုံလောက်မှု ရရှိနိုင်မည်ဟုဆိုသော်လည်း တဖက်မှ ကျွဲ ၊ နွား တိရစ္ဆာန်များက သီးနှံတွေကို ဖျက်ဆီးနိုင်တယ်လို့ ပြောပါတယ်။
"ခက်တာက သူတို့ဒီက ကျွဲ နွား ကို ဆယ်နစ်ရာသီ မထိန်းကျောင်းတော့ နွေ၊ ဆောင်းတို့ကို စိုက်မယ်ဆိုရင် နည်းနည်းလေး အခက်ခဲ ရှိမယ်. ခေတ်ရေစီးကြောင်းအလိုက် ဟိုတုန်းကလိုမိရိုးဖလာအတိုင်းပဲ မိုးသီးနှံကိုပဲ စိုက်တော့ ဒို့လူဦးရေးက တဖြည်းဖြည်းနဲ့တိုးလာနေပြီ လယ်ဧကတော့ ဒီလောက်ပဲရှိတယ် ဒီလယ်ဧကနဲ့ တစ်နှစ်ကို နစ်ခါ စိုက်နိုင်ရင်တော့ ဒို့ရွာအတွက် ဝမ်းစာရေးအတွက် ပို့ပြီးတော့ ဖူလုံနိုင်မယ်လို့တော့ထင်တယ်" လို့ ပြောပါတယ်။
Care Myanmar အဖွဲ့နှင့် ဆည်းမြောင်းဦးစီးဌာန တို့ ပူပေါင်းပြီး ရေလှောင်တမံများပြုပြင်ပေးနေတာ သုံးခုမြောက်ရှိပြီးဖြစ်တယ် လို့သိရပါတယ်။ တနီးလာလဲ ဆည်ရေလှောင်တမံ ၊ ဒေါတငူးဆည်နှင့် ဒေါတဒါးဆည်တို့ ဖြစ်ပါတယ်။

No comments:

Post a Comment

My Blog List