Saturday, November 03, 2012

ရခိုင်ပဋိပက္ခဖြေရှင်းဖို့ ဒလိုင်းလားမား ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေအပေါ် ကိုယ်ရဲ့သြဇာကိုသုံးစွဲပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်တဲ့ အဆင့်ရောက်အောင် ကြားဝင်ဆောင်ရွက်ပေးဖို့ တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ဒုတိယအကြိမ်မြောက် စာရေးသားပေးပို့ တောင်းဆိုလိုက်ကြောင်း တိဘက်အဝေးရောက်အစိုးရက ပြောပါတယ်။
RFA
၂ ပတ်ကြာ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က RFA လွတ်လပ်တဲ့ အာရှအသံ ၀ါရှင်တန်ဒီစီ ရုံးချုပ်ကို လာရောက်လည်ပတ်ခဲ့သော တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားကို တွေ့ရစဉ်။ ဓါတ်ပုံ - RFA
အလားတူ နယူးဒေလီမှာရှိတဲ့ ဒလိုင်းလားမားရဲ့ ကိုယ်စားလှယ်ကလည်း ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေအပေါ် ပြောဆိုလိုတဲ့အတွက် အိန္ဒိယနိုင်ငံ မြန်မာသံရုံးကို တွေ့ဆုံခွင့်တောင်းခံထားတယ်လို့  ဒရမ်ဆလာမြို့အခြေစိုက် တိဘက်အဝေးရောက်အစိုးရရဲ့ ပြန်ကြားရေးရုံးက ဆိုပါတယ်။
ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ သီရိလင်္ကာအစိုးရဆီကိုလည်း တမီးကျားသူပုန်တွေအရေး  ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့စာရေးသားခဲ့ဖူးပါတယ်။

No comments:

Post a Comment

My Blog List