Saturday, November 03, 2012

မြောက်ဦးမြို့နယ် အဓိကရုဏ်းအတွင်း သေဆုံးသူ(၁၀)ဦးပျောက်ဆုံးနေပြီး (၂)ဦးပြန်လည်တွေ့ရှိ

Saturday, 03 November 2012 13:24   
17th Mrauk Oo 23-11-12အောက်တိုဘာ(၂၂)ရက်နေ့ မြောက်ဦးမြို့နယ်၊ ပုရိန်နှင့် ယိုင်သည် အဓိကရုဏ်းအတွင်းတွင် သေဆုံးသွားခဲ့သူ (၁၀)ဦးပျောက်ဆုံးနေပြီး ယနေ့(၂)ဦး ပြန်လည်ရရှိကြောင်း သိရှိရသည်။
ပျောက်ဆုံးနေသော အလောင်းများမှာ ဘင်္ဂလီကျေးရွာများတွင် မြုပ်နှံထားကြောင်း သိရှိသော်လည်း ဘင်္ဂလီများက မရှိဟု ငြင်းဆန်နေခြင်းကြောင့် မြို့မိမြို့ဖများနှင့် ရွာသူရွာသားများက အလောင်းများကို ပြန်ရရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေကြောင်း သိရသည်။
"ပရိန်အဓိကရုဏ်းမှာ ပျောက်ဆုံးနေတာ အားလုံး (၉)လောင်းရှိပါတယ်။ ကျနော်တို့ မြို့မိ၊ မြို့ဘတွေနဲ့ စစ်တပ်က သွားပြီးတော့ အလောင်းတွေကို ပြန်ပေးဖို့ ဘင်္ဂလီရွာမှာ
သွားပြီးတောင်းပါတယ်။ ဒါပေမယ့် သူတို့က မရှိဘူးဆိုပြီးတော့ ငိုပြနေကြတယ်၊ ဒီနေ့ စစ်တပ်လုံခြုံရေးယူပြီးတော့ ကျနော်တို့ လိုက်ရှာတာ အလောင်း(၂)လောင်းတွေ့တယ်။ အဲဒီအလောင်းတွေရဲ့ ခြေ၊ လက် လေးဘက်လုံးကို ဖြတ်ထားပြီးတော့ အရုပ်လည်းတော်တော်လည်းကို ပျက်နေပြီ၊ ဘယ်သူဘယ်ဝါဆိုတာကတော့ ကျနော်တို့မသိရသေးဘူး"ဟု နာရေးကူညီမှု အသင်းဝင်တစ်ဦးမှ ပြောသည်။
မြောက်ဦးမြို့နယ် အဓိကရုဏ်းအတွင်း ပျောက်ဆုံးနေသူများ
(၁) ဦးကျော်သာဖြူ၊ အောင်တပ်ရပ်ကွက်၊ အသက်(၅၄)နှစ်
(၂) ဦးထွန်းဘု၊ လက်ခုပ်ပင်ရင်းရပ်ကွက်၊ အသက်(၄၉)နှစ်
(၃) ဦးမောင်ဘုချေ၊ မြင်းခုံတန်းရပ်ကွက်၊ အသက်(၄၂)နှစ်
(၄) ဦးမောင်ခင်၊ ကြက်ဈေးရပ်ကွက်၊ အသက်(၄၉)နှစ်
(၅) ဦးကိုမောင်၊ ရတနာပုံရပ်ကွက်၊ အသက်(၃၈)နှစ် (အောက်တိုဘာလ ၂၄ ရက်နေ့ ပုရိန် အဓိကရုဏ်းတွင် ကျဆုံး)
(၆) မောင်ကျော်စိန်ဝင်း ၊ ဝါးဈေးရပ်ကွက်၊ အသက်(၁၆)နှစ်
(၇) မောင်အောင်မြင့်၊ ပန်းမြောင်းကျေးရွာ၊ အသက်(၁၈)နှစ်
(၈) ဦးလှထွန်း၊ ဆင်ချဆိပ်ရပ်ကွက်၊ အသက်(၃၅)နှစ် (အောက်တိုဘာလ ၂၃ ရက်နေ့ ယိုင်သည် အဓိကရုဏ်းတွင် ကျဆုံး )
(၉) မောင်ဘုစိန်၊ ကျောင်းတောင်ကျေးရွာ၊ အသက်(၂၂)နှစ်
(၁၀) ဦးမောင်သန်းစိန် လင်ဗန်းပြောက်ရပ်ကွက်၊ အသက်(၆၅)နှစ် တို့ဖြစ်ကြသည်။
အထက်ပါ သေဆုံးသူ(၁၀)ဦးအနက် (၉)ဦးမှာ သေဆုံးကြောင်းအတည်ပြုနိုင်ပြီး (၁)ဦးမှာ ပျောက်ဆုံးခြင်းလား သေဆုံးခြင်းလားဆိုသည်မှာ မသေချာသေးကြောင်း သိရသည်။
အောက်တိုဘာ(၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ ဖြစ်ပွားခဲ့သော အဓိကရုဏ်းတွင် သေဆုံးသူမှာ(၁၆)ဦးနှင့် ဒဏ်ရာရသူ(၄၀)ဦးရှိသည်။ ထိုသေဆုံးသူ(၁၆)ဦးထဲတွင် (၆)ဦးကို သင်္ဂြိုလ်ပြီးစီးသွားပြီဖြစ်ပြီး၊ (၉)ဦးမှာ ပျောက်ဆုံးနေကြောင်းနှင့် ကျန်(၁)ဦးမှာ သေဆုံး ပျောက်ဆုံးခြင်းကို မသိရသေပေ။

No comments:

Post a Comment

My Blog List