Friday, November 02, 2012

၂၀၁၂ မြန်မာ့ ဘိန်း စိုက်ပျိုးမှု ၁၇ % တိုးလာ


heroninယခုနှစ် ၂၀၁၂ ခုနှစ် အတွင်း မြန်မာ နိုင်ငံရဲ့ ဘိန်းစိုက်ပျိုး မှုဟာ ၁၇ % တိုးလာတယ်လို့ UNODC  က အောက်တို ဘာလ (၃၁) ရက်နေ့ရက်စွဲဖြင့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါသည် ။ မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် တွင် ဘိန်းစိုက်ခင်း ဟက်တာ ပေါင်း ၄၃၆၆၀ ရှိရာမှ ၂၀၁၂ ခုနှစ်တွင် ဟက်တာ ၅၁၀၀၀ အထိ တိုးပွား စိုက်ပျိုးလာခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြ ထားပါသည်။
ထုတ်လုပ်မှုပမာဏအားဖြင့် မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ဘိန်းတန်ချိန် ၆၁၀ (ကန်ဒေါ်လာ ၂၇၅ သန်း) ထုတ်လုပ် ခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် ၆၉၀ တန် (ကန်ဒေါ်လာ ၃၅၉ သန်း) သို့ တိုးထုတ် ခဲ့သည်ဟု ဆိုပါသည်။
“ဘိန်းစိုက်ပျိုးမှုဟာ ဝင်ငွေရသီးနှံစိုက်ပျိုး ခြင်းမျိုး ဖြစ်တယ်၊ စစ်တမ်း ကောက်ချက်တွေအရ   မြန်မာနိုင်ငံ မှာ ရှိတဲ့ ဘိန်းစိုက်တဲ့ လူတွေ ထက်ဝက် လောက်နီးပါးက အဲလို ထွက်ဆိုကြတယ်၊ နောက်တချက် အနေ နဲ့ ဘိန်းတွေဟာ ဈေးကွက် ဝယ်လိုအားအရ ရောင်းရလွယ်ပြီး ဝင်ငွေအမြန် ဖြစ်ထွန်း စေတဲ့အတွက် ဒီ အချက်ကလည်း အခြားအရေးကြီးတဲ့ အချက်တစ်ချက် အဖြစ် တည်ရှိ နေပါတယ်၊ ဘိန်းရောင်းချလို့ ရတဲ့ ဝင်ငွေကနေ မိသားစုအတွက် လိုအပ်တဲ့ အစားအသောက်တွေ ဝယ်ခြမ်းပြီး မိသားစုကို ကျွှေးမွေး နေရ ပါတယ်” ဟု အစီရင် ခံစာက ဆိုပါသည်။
အစီရင်ခံစာပါ စစ်တမ်း များအရ မြန်မာ့ ဘိန်းစိုက် တောင်သူ များ၏ ၄၆ % မှာ မိသားစု အပိုဝင်ငွေ ရရှိရန် စိုက်ပျိုးခြင်း ဖြစ်သည်။ ၄၅ % မှာ အစားအစာ ဝယ်ယူရန်လိုအပ်ချက်ကြောင့် စိုက်ပျိုး ရသည်ဟု ဖော်ပြ ထားသည်။ အခြား ၃.၈ % မှာ ဘိန်းမှအပ အခြားသီးနှံများ မစိုက်ပျိုးင်ခြင်းကြောင့် ဖြစ်ပြီး ၂.၄ % ရာခိုင်နှုန်းမှာ အခြားသီးနှံများ စိုက်ပျိုးရန်မြေ မရှိ ခြင်းကြောင့် ဖြစ်ပြီး အခြား အကြောင်းအရာ များကြောင့် စိုက်ပျိုး ရခြင်း မှာလည်း ၂.၄% ရာခိုင်နှုန်း ရှိသည်။
အဆိုပါ အစီရင် ခံစာ ဖော်ပြချက် အရ မြန်မာ နိုင်ငံ၌ ရှိသည့် ရှမ်းပြည်နယ် တစ်ခုထဲ၌ပင် တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမှု၏ ၉၀ ရာခိုင် နှုန်းခန့်စိုက်ပျိုးလျက်ရှိနေပြီး ကချင် ပြည်နယ်၌ စိုက်ပျိုးမှုဟာ ၁၀ ရာခိုင်နှုန်း ခန့် ရှိသည်ဟု သိရှိရပါသည်။
မြန်မာ နိုင်ငံ၌ အဓိက ဘိန်းစိုက် ရာသီများမှာ ခြောက်သွေ့ ရာသီ၌ ဖြစ်ပြီး စက်တင်ဘာလမှ မတ်လ အထိ စိုက်ပျိုး ကြသည်ဟု ဖော်ပြ ထားပါသည်။

No comments:

Post a Comment

My Blog List