Monday, October 29, 2012

ကျောက်တော်မြို့အဓိကရုဏ်းအတွင်း ကျဆုံးသူ ရခိုင်(၂)ဦးအား သဂြိုလ်ပြီးစီး၊ ဒေသခံ တစ်သောင်းကျော် လိုက်လံပို့ဆောင်




 ကျောက်တော်မြို့တွင် အောက်တိုဘာလ (၂၅)ရက်နေ့က ဖြစ်ပွားခဲ့သော အဓိကရုဏ်းအတွင်း သေဆုံး သွားသော ရခိုင်အမျိုးသား(၂)ဦးအား မြို့ပေါ်မှဒေသခံလူအင်အား (၁၀၀၀၀)ကျော်ခန့် က အောက်တို ဘာလ (၂၆)ရက်နေ့ နေ့လည် (၂)နာရီတွင် လိုက်လံပို့ဆောင် သင်္ဂြိုလ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ သေဆုံးသူနှစ်ဦးမှာ ကျောက်တော်မြို့နယ်၊ ပြည်တော်သာကျေးရွာမှ အဘ ဦးမောင်ဦးဖြူ၏သား ဦးကျော်သိန်း(၃၇)နှစ်နှင့် အဘ ဦးမောင်ကျော်၏သား ဦးဇော်ဝင်း (၃၈)နှစ်တို့ဖြစ်ပြီး ကျောက်တော်မြို့ ၊ ညောင်ပင်ကြီးကျေးရွာ ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအတွင်း ကျဆုံးသွားခဲ့ကြသူများဖြစ်သည်။ သင်္ဂြိုလ်ရန် လိုက်ပါလာကြသော ဒေသခံပြည်သူများမှာ လက်ထဲတွင် တပ်မတော်သားများအား သတိပေးသည့် ပိုစတာများကို ကိုင်ဆောင်ထားခဲ့ကြကြောင်း သိရှိရသည်။
အသုဘပို့ဆောင်သူ ဒေသခံတစ်ဦးက " အသုဘ ပို့ဆောင်သူတွေရဲ့လက်ထဲမှာ တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖ၊ တပ်မတော်သည် ပြည်သူအပေါ် ဘယ်တော့မှ သစ္စာမဖောက်၊ တပ်မတော်သည် အမျိုးသာရေးကို ဘယ်တော့မှ သစ္စာမဖောက်၊ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းရုံးမည်၊ တပ်မတော်သည် အမျိုးသားရေး အတွက် .................? စတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီးတော့ လိုက်ပါပို့ဆောင်ခဲ့ကြ ပါတယ် " ဟု ယခုကဲ့သို့ ပြောပြခဲ့သည်။
အောက်တိုဘာလ(၂၅)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကျောက်တော် အဓိကရုဏ်းအတွင်း သေဆုံးသူ (၈) ဦးနှင့် ဒဏ်ရာရသူ(၁၅)ဦး ရှိသွားပြီဖြစ်ကြောင့်လည်း သိရှိရသည်။

KyaukTaw Arthupha1
KyaukTaw Arthupha2
KyaukTaw Arthupha3
KyaukTaw Arthupha4
KyaukTaw Arthupha6
KyaukTaw Arthupha7
KyaukTaw Arthupha5
KyaukTaw Arthupha8

No comments:

Post a Comment

My Blog List