၂၉.၇.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ)နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)
ဥက္ကဌဦးကျော်သူမှ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်
နာရေးကူညီမှုအဖွဲ့ (၆) လပြည့် အထိမ်းအမှတ် ရုံးခန်းသစ် ဖွင့်လှစ်ပွဲသို့
အသင်းသူ/သားများဖြင့် တက်ရောက်ချီးမြှင့် အားပေးစကားပြောကြားခဲ့သည်။
ဥက္ကဌဦးကျော်သူမှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် “(၆) လသား ရှိပြီဖြစ်သော
၂၉ ရပ်ကွက်၊ မြောက်ဒဂုံ နာရေးကူညီမှုအဖွဲ့သို့ မိမိရောက်ရှိရာ၌ အထူးဝမ်းသာ
ကျေနပ်အံ့သြမိကြောင်း၊ ယခင်စတင် ဖွင့်လှစ်ချိန် ကာလများထက် ၂၉ ရပ်ကွက်
မြောက်ဒဂုံနာရေးအသင်း၏ ရုပ်ဝတ္ထုအဆောက်အဦးများ တိုးတက်မြင့်မားလာသည်ကို
တွေ့ရှိရကြောင်း၊ ရုပ်ဝတ္ထု တိုးတက်မြင့်မားလာသလို
စိတ်ပိုင်းဆိုင်ရာများလည်း တိုးတက်မြင့်မားမှုရှိရန်လည်း လိုအပ်ကြောင်း၊
ယခုကဲ့သို့ မြန်မာပြည်အရပ်ရပ် မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းတွင်
လူမှုရေးအသင်းအဖွဲ့များ များပြားလာသည်မှာ အများပြည်သူ လူထုတို့အတွက်
များစွာအကျိုးရှိကြောင်း၊ ထိုကဲ့သို့ အသင်းအဖွဲ့များ ပေါ်ပေါက်လာမှုသည်
ရည်ရွယ်ချက်၊ ဦးတည် ချက် မပျောက်ရန်လိုအပ်ကြောင်း၊ မိမိနာမည်ကြီးရေး၊
မိမိအသပြာကြေးငွေရရှိရေး၊ အခြားအသင်းအဖွဲ့များအား ဂုဏ်တုဂုဏ်ပြိုင်
ယှဉ်ပြိုင်ရေး အစရှိသည့်
အတ္တများကိုဖြုတ်ပြီးမိမိကိုယ်မိမိကြည်ညိုမှုရှိအောင်သီလလုံခြုံရေး၊
မြတ်စွာဘုရားဟောကြားထားသော ဗြဟ္မစိုရ်တရားလေးပါးအား အမိအရလက်ကိုင်ပြု၍
ကျင့်သုံးနိုင်ရန်နှင့် ယော ဆရာတော်ကြီး ဟောကြားထားသော ကိုယ်ပြုသောကံ
ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဖြစ်ကြောင်း” စသဖြင့် တိုက်တွန်းနှိုးဆော်
အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် ၂၉ ရပ်ကွက် မြောက်ဒဂုံနာရေးကူညီမှုအဖွဲ့မှ တာဝန်ရှိသူများမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့သည်။
နံနက် (၁ဝးဝဝ)နာရီ အချိန်၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သော
အခြေအနေအရပ်ရပ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဒေသခံပြည်သူများ၏
နေအိမ်များပစ္စည်း ဥစ္စာ၊ အသက်အိုးအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ကြရသည်။
ထိုကဲ့သို့ ပျက်စီးဆုံးရှုံးခဲ့ရသော ရခိုင်တိုင်းရင်းသား/သူများအတွက်
ရန်ကုန်တိုင်း၊ တွံ့တေးမြို့ သူ/သားများမှ လူသားချင်းစာနာမှုဖြင့်
ကူညီလှူဒါန်းမှုတစ်ရပ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ကျင်းပ
ပြုလုပ်ခဲ့သည်။ တွံ့တေးမြို့သူ/သားများသည် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား
ကူညီလှူဒါန်းနိုင်ရန်အတွက် ကောက်ခံထားသော အလှူငွေ ၂ဝ၃ဝဝဝဝိ/-
(သိန်းနှစ်ဆယ်သုံးသောင်း) ကျပ်တိတိအား အလှူရှင်စာရင်း၊
ငွေစာရင်းရှင်းတမ်းများနှင့် အလှူရှင်များထံသို့
စနစ်တကျပြန်လည်ပေးပို့ခဲ့ကာ ယင်းအလှူငွေများအား နာရေး
ကူညီမှုအသင်း(ရန်ကုန်)မှတဆင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များထံသို့
ကူညီလှူဒါန်း ပံ့ပိုးနိုင်ရန်အတွက် လာရောက်လှူဒါန်းခဲ့သည်။ ထို့အပြင်
တွံ့တေးမြို့မှ လာရောက်လှူဒါန်းကြသော လူမှုရေးသမားများသည် နာရေး
ကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက် ပေးဆပ်မှုများနှင့်
သင်တန်းခန်းမများအား ဝင်ရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။
မွန်းလွဲ (၁းဝဝ)နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ
ကချင်ငြိမ်းချမ်းရေး ကွန်ယက် အဖွဲ့နှင့် လက်တွဲ၍ ကချင်ပြည်နယ်ရှိ
ဒုက္ခသည်များအား ကူညီလှူဒါန်းမှု အခမ်းအနားအား ကျင်းပခဲ့သည်။ ကချင် ဒေသရှိ
ဒုက္ခသည်အများစုတို့သည် တရုတ်ပြည်နယ်စပ်အသီးသီး၌ ခိုလှုံနေကြရသည်။
ကချင်ဒုက္ခသည်များအား ယခင့်ယခင်သွားရောက် ကူညီလှူဒါန်းမှုများပြုလုပ်ရာတွင်
အစိုးရ၏ထိန်းချုပ်နယ်မြေ၊ သတ်မှတ်ထားသော နယ်မြေ များတွင်သာ လှူဒါန်းမှုများ
ပြုလုပ်နိုင်ခဲ့သည်။
ထို့ကြောင့် ဒုက္ခသည်အများစုရှိရာ နယ်စပ်ဒေသအသီးသီးသို့
လှူဒါန်းမှုပြုလုပ်နိုင်ရန်အတွက် ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ
ကမ်းလှမ်းလာခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်) အနေဖြင့်
ငြိမ်းချမ်းရေးကိုရှေ့ရှု၍ လူသားချင်းစာနာစိတ်ဖြင့် ထိုကဲ့သို့ စားဝတ်နေရေး
ကျန်းမာ ရေး၊ ပညာရေး၊ လူ့အခွင့်အရေးဆုံးရှုံးမှုများ ခံစားနေရသော
ဒုက္ခသည်များရှိရာ တရုတ်ပြည်နယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့
သိန်းနှစ်ရာကျပ်တိတိ ထပ်မံလှူဒါန်းမှု ပြုလုပ်ခဲ့ပါသည်။
ယင်းဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ပေါင်း (၆ဝဝဝဝ)သောင်းခန့်ရှိရာ
ယခုလှူဒါန်းသော သိန်းနှစ်ရာကျပ်တိတိသည် တစ်လခွဲခန့်အတွက် စားသောက်ရေးသာ
ဖြည့်စွမ်းပေးနိုင်မည် ဖြစ်ပါသောကြောင့် ကမ္ဘာ့ပြည်သူ မြန်မာ့ပြည်သူ၊
ကုသိုလ်ရှင်အပေါင်းတို့ လူသားချင်းစာနာ ထောက်ထားသောစိတ်များဖြင့်
လှူဒါန်းကူညီကြပါရန် ယင်းအခမ်းအနားတွင် တိုက်တွန်းနှိုးဆော်ခဲ့သလို
ပြည်တွင်း စစ်ကြီးရပ်စဲ၍ ငြိမ်းချမ်းရေးကို လူမျိုးဘာသာ မရွေးရရှိကြစေရန်
မေတ္တာပို့သလိုက်ရပါသည်။
ကိုကျော်သူ
ဒေါင်းမာန်ဟုန်
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment