Friday, August 03, 2012

ရခိုင်ဒေသအတွက် ရဲစခန်း ၃ဝ ထပ်ဖွင့်မယ်



စစ်တွေမြို့၊ ဇွန်လ (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)

ရခိုင်ဒေသမှာ ရဲစခန်း အရေအတွက် ၃ဝ ထပ်မံ တိုးချဲ့ ဖွင့်လှစ်ဖို့ စီစဉ်နေတယ် လို့ ပြည်ထဲရေးဝန်ကြီးက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ လက်ရှိ စခန်းအရေအတွက်က ၇၅ ခု လို့ ဆိုပါတယ်။

အမျိုးသားလွှတ်တော်ရဲ့ ဇူလိုင် ၃၁ အစည်းအဝေးမှာ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုက အဲဒီ အစီအစဉ်ကို ချပြလိုက်တာဖြစ်ပြီး အမတ်တဦး မေးမြန်းတဲ့ ရခိုင်ဒေသ လုံခြုံရေးအခြေအနေအကြောင်းကိုလည်း အကျယ်တ၀င့် ပြန်လည် ဖြေကြားသွားပါတယ်။

ရခိုင်ဒေသ လုံခြုံရေး အရေးကြီးပုံကို အာဏာပိုင်တို့ နားလည်သွားပြီလို့ ယူဆရပါတယ်။

ဘင်္ဂါလီလူမျိုးများ တရားမဝင် စိမ့်ဝင်ပံျ့နှံ့လာမှု၊ ကာလကြာမြင့်စွာ အခြေချနေထိုင်လာမှုတွေကြောင့် မောင်တော၊ ဘူးသီးတောင်မြို့နယ်များမှာ ဘင်္ဂါလီ ၉၄ % နဲ့ တိုင်းရင်းသားက ၆ % ဖြစ်နေပြီ လို့ ဝန်ကြီးက ဆိုတယ်။ ဘယ်အစိုးရတွေလက်ထက်မှာ ဘာကြောင့် ဒီအချိုးအစား ဖြစ်သွားရတယ် ဆိုတာကိုတော့ ရှင်းထားတာ မတွေ့ရပါဘူး။

ဝန်ကြီးရဲ့ အဖြေမှာ ရခိုင်ဒေသအရေး လေ့လာသူများအတွက် အရေးပါတဲ့ အချက်အလက်တွေ ပါဝင်နေပါတယ်။

သတင်းစာ ဖော်ပြချက်ကို ကောက်နုတ်ရရင် -

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမြင့်လှိုင်ရဲ့ မေးခွန်း -


''ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဒဏ် ခံစားခဲ့ရသော ပြည်သူများ မူလအခြေအနေသို့ အမြန်ဆုံးပြန်လည် ရောက်ရှိရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးမည့် ပြန်လည်ထူထောင်ရေး အစီအစဉ်များနှင့်
နောင်အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေး၊ လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရေးတို့အတွက်
ရေရှည် အစီအမံများ ချမှတ်ရေးဆွဲထားရန် အစီအစဉ် ရှိ/မရှိ''

ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုရဲ့ အဖြေ


ရခိုင်ပြည်နယ်တွင်ဇွန်လအတွင်းက ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းနိုင်ရန် စစ်တွေမြို့၊ မောင်တောမြို့၊ ဘူးသီးတောင်မြို့၊ ကျောက်ဖြူမြို့၊ ရမ်းဗြဲမြို့နှင့် သံတွဲမြို့များတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းခဲ့ရပါကြောင်း၊

ဆက်လက်ပြီး နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(က)အရ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကိုထုတ်ပြန်ပြီး အရေးပေါ်အခြေအနေသတ်မှတ်ခဲ့ရပါကြောင်း၊

ပုဒ်မ ၁၄၄ထုတ်ပြန်ဆောင်ရွက်ခဲ့သည့် မောင်တောမြို့နယ်၌ ၂ဝ၁၂ ခုနှစ် ဇွန် ၈ ရက် ပြစ်မှု ဆိုင်ရာအထွေထွေ အမှုအမှတ် ၁/၂ဝ၁၂ အရ ညမထွက်ရအမိန့်အမှတ် ၁/၂ဝ၁၂ ထုတ်ပြန်ခြင်း၊

အလားတူ ဘူးသီးတောင်မြို့နယ်တွင်လည်း ထုတ်ပြန်ခဲ့ပြီး စစ်တွေမြို့နယ်၊ သံတွဲ၊ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်တို့တွင် ၂ဝ၁၂ ခုနှစ် ဇွန် ၁ဝ ရက်တို့၌ အသီးသီး ထုတ်ပြန်ထားသော်လည်း

ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ရုံနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်စွမ်းမရှိတော့ကြောင်း တွေ့ရှိရသဖြင့်

၂ဝ၁၂ ခုနှစ် ဇွန် ၁ဝ ရက်၌ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂ဝ၁၂ ကို ထုတ်ပြန်ပြီး ပြည်နယ်တစ်ခုလုံးကို အရေးပေါ်အခြေအနေ ကြေညာဆောင်ရွက်ခဲ့ပါကြောင်း။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး အဖွဲ့ဝင်များအဖြစ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပါဝင်သည့်အဖွဲ့ကို

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စောင့်ရှောက်ရေးစခန်းများ၏လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊ စာရင်းစိစစ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရန် ကြပ်မတ်ကွပ်ကဲခြင်းများကို ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတရုံးက ၂ဝ၁၂ ခုနှစ် ဇွန် ၂၂ ရက်တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း။

ပြည်သူများ မူလအခြေအနေကို အမြန်ဆုံးပြန်လည်ရောက်ရှိစေရန်အတွက်
ပထမအဆင့်အနေဖြင့် အကြမ်းဖက်မှုဒဏ် ခံစားနေရသည့် ပြည်သူများနှင့် ကြောက်ရွံ့စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများကို ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပြီး ယာယီထိန်းသိမ်းစောင့်ရှောက်ပေးခြင်း၊
ဒုတိယအဆင့်အနေဖြင့် ပျက်စီးဆုံးရှုံးမှုစာရင်းများကောက်ယူပြီး လတ်တလော အရေးပေါ်လိုအပ်ချက်ဖြစ်သည့် အမိုးအကာ၊ အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါးနှင့်အဝတ်အထည်များ ထောက်ပံ့ပေးခြင်း၊
တတိယအဆင့်အနေဖြင့် ရေရှည်ရပ်တည်နိုင်ပြီး မူလအခြေအနေအတိုင်း ပြန်လည် လုပ်ကိုင်စားသောက်နိုင်ရန် အစီအမံများရေးဆွဲဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

၂ဝ၁၂ ခုနှစ် ဇူလိုင် ၈ ရက်အထိ စာရင်းကောက်ယူရရှိမှုအရ ကယ်ဆယ်ရေးစခန်းအရေအတွက်မှာ
စစ်တွေမြို့တွင် (၆ဝ)၊
ရသေ့တောင်မြို့တွင် (၄)ခုနှင့်
မောင်တောမြို့တွင် (၇)ခု
စုစုပေါင်း ကယ်ဆယ်ရေးစခန်း (၇၁)ခုဖြစ်ပြီး လူဦးရေ (၅၅ ၄၉၅)ဦးတို့ကို ကူညီစောင့်ရှောက်ပေးခဲ့ပါကြောင်း၊

မောင်တောမြို့နယ်အတွင်း မီးလောင်ပျက်စီး သွားသည့် ကျေးရွာ (၉)ရွာမှ အိမ်ခြေ(၄၇ဝ)လုံးအနက် (၃၉၅)လုံးကို အသစ်ပြန်လည် ဆောက်လုပ်ပြီး မီးမလောင်ဘဲကျန်ရှိနေသည့် အိမ်(၉၄)လုံးကို ပြန်လည်ပြင်ဆင်ပေးပြီးဖြစ်ကြောင်း၊

၂ဝ၁၂ ခုနှစ် ဇူလိုင် ၂ ရက်နေ့အထိ အိမ်သစ် (၃၂)လုံးကို တည်ဆောက်လျက်ရှိပြီး အိမ်(၅၈)လုံးကို ပြုပြင်ပေးပြီး ဖြစ်ပါကြောင်း။

နိုင်ငံတော်သမ္မတရုံးက ၂ဝ၁၂ ခုနှစ် ဇွန် ၂၂ ရက်တွင် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများပါဝင်သည့်အဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါကြောင်း၊

ရခိုင်ပြည်နယ်တွင် မူလက ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများသာ နေထိုင်ခဲ့သော်လည်း ဘင်္ဂါလီလူမျိုးများ၏ တရားမဝင် စိမ့်ဝင်ပံျ့နှံ့လာမှု၊ ကာလကြာမြင့်စွာ အခြေချနေထိုင်လာမှုများကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ဘင်္ဂါလီလူမျိုး (၉၄)ရာခိုင်နှုန်းနှင့် တိုင်းရင်းသား (၆)ရာခိုင်နှုန်း နေထိုင်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။

နယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်သည် လက်ရှိအခြေအနေနှင့် ကိုက်ညီသော ဘင်္ဂါလီလူမျိုးများ ခရီးသွားလာခြင်း၊ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ပြောင်းဝင်ခြင်း၊ ပြောင်းထွက်ခြင်း၊ လက်ထပ်ခွင့်ပြုခြင်း၊ ဘာသာရေးအဆာက်အအုံများ အသစ်တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်း၊ နေရာပိုင်ဆိုင်မှုနှင့် အဆောက်အအုံ ဆောက်လုပ်ခွင့်တို့ကို ဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

ရခိုင်ပြည်နယ်အတွင်း တရားမဝင် ဝင်/ထွက် သွားလာမှုကို ထိန်းချုပ် ကာကွယ်ရန်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်ရေးတံတိုင်းအဖြစ် တောင်ကုတ်ဒေသနှင့် ဘူးသီးတောင်ဒေသများတွင် ဖွဲ့စည်းကာရံထားရှိပြီးဖြစ်ပါကြောင်း၊

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တွင် လက်ရှိဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည့် ရဲစခန်း(၇၅)ခုအပြင် ရဲစခန်း(၃ဝ)တို့ကို ထပ်မံဖွင့်လှစ်ရန်နှင့် ရဲစခန်း (၈)ခုကို အဆင့်တိုးမြှင့်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။

အုပ်ချုပ်ရေးတံတိုင်းအဖြစ် ဌာနဆိုင်ရာများက မောင်တောခရိုင်ကို ဖွဲ့စည်းပုံ အင်အားအပြည့် ခန့်အပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

မြို့နယ်များတွင် နယ်နိမိတ်ချင်းထိစပ်နေသည့် ကျေးရွာများ၌ ရဲတပ်ဖွဲ့နှင့် ပြည်သူများပူးပေါင်းပါဝင်သည့် လုံခြုံရေးအစီအမံများ ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ဖြေကြားသည်။

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List