Wednesday, August 01, 2012

ယမန်နေ့ ကပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး ၁၈ ရက်မြောက်နေ့ တွင် ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီက တင်သွင်းသော ၂၀၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက် အပြည့်အစုံ

တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်း အဆိုတင်ခြင်း

လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရှင်
ကျွန်မက ရန်ကုန်တိုင်းဒေသကြီး ကော့မှုးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။
တက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို ကျွန်မ အင်မတန်မှ စိတ်ဝင်စားခဲ့တာကြေင့် မို့လို့
အစကတည်းက တင်သွင်းခဲ့ပါတယ်။ ပုဒ်မ ၅၈ (င) ကတော့ ဥပဒေကြမ်းတစ်ခုကို
မည်သည့်အဆင့်မှာ ရောက်နေစေကာမူ ဥက္ကဋ္ဌကြီးရဲ့ သဘောတူညီချက်နဲ့ ဥပဒေကြမ်းကို
ဆွေးနွေးအဆို တင်သွင်းခွင့်ကို ရွှေ့ဆိုင်းပေးဖို့ရန် လျှောက်ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီ အခါတုန်းက ဒီဥပဒေကို တင်သွင်းခဲ့တာလည်း
ကြာပြီ ဖြစ်တာကြောင့် မို့လို့ ဆွေးနွေးချင်ရင် ပြင်ဆင်ချက် ဇယားအရပဲ
ဆွေးနွေးပါလို့ အကြောင်းကြားခဲ့ပါတယ်။
ဒါကြောင့်မို့လို့ ဒီပြင်ဆင်ချက် ဇယားအရပဲ တတ်နိုင်သလောက် ပြင်ဆင်ချင်တဲ့
အပိုင်းတွေကို ပြင်ဆင်ပြီး ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ မလုံလောက်ပါဘူး။
ကျွန်မတို့ အနေနဲ့ တက္ကသိုလ် ပညာရေးနဲ့ ပတ်သက်ပြီး အများကြီး
ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ချင်ပါတယ်။ ဒါပေမယ့် ပြည်သူ့လွှတ်တော်
ရုံးကနေပြီးတော့ ဒါဟာ ဆွေးနွေးဖို့ နောက်ကျသွားပြီလို့ ပြောတဲ့အကြောင့်မို့လို့
ကျွန်မ ဆွေးနွေးခွင့် မရခဲ့ပါဘူး။ ဒီလို ပြင်ဆင်ချက် ဇယားအနေနဲ့ တင်သွင်းခဲ့ရပါတယ်။
ဒါပေမယ့် ရှေ့က လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး ပြောခဲ့သလိုပဲ ဒီဥပဒေ တစ်ခုလုံးကို
ကျွန်မတို့ ပြန်လည်သုံးသပ်ပြီးတော့ ဆွေးနွေးသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။
အဲဒါကြောင့်မို့လို့ လွှတ်တော် ဥက္ကဋ္ဌ ကြီးနှင့် တကွ လွှတ်တော် ကိုယ်စားလှယ်များ
အားလုံးဟာ ပြည်သူ့လွှတ်တော် ဥပဒေ၊ နည်းဥပဒေတွေ အရ ဒီဥပဒေကြမ်းတစ်ခုလုံးကို
ပြန်လည်ဆွေးနွေးပြီးတော့ ဒီကာလနဲ့ ဒီကမ္ဘာကြီးနဲ့ သင့်တော်မယ့် ဥပဒေကြမ်းတစ်ခု
ဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးမှု ပြီးဆုံးချိန်တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တို့က ထပ်မံ ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဆွေးနွေးခဲ့ရာ
"တက္ကသိုလ်များရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိဖို့အတွက် ပညာရေးဝန်ကြီးဌာနရဲ့ သြဇာအာဏာ လျှော့ချရေးအတွက် ပြောလိုတယ်လို့ နားလည်ပါတယ်။ ဘယ်လိုပဲ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ဆက်သွယ်သည်ဖြစ်စေ ပညာရေးဝန်ကြီးဌာနကနေပြီး
အုပ်စီးထားမယ်ဆိုလို့ရှိရင် ခေတ်နဲ့ ဆီလျော်တဲ့ လွတ်လပ်တဲ့ တက္ကသိုလ်တွေ မပေါ်လာနိုင်ဘူးဆိုတာ ထင်မြင်ကြောင်း ကျွန်မလေးစားစွာ တင်ပြအပ်ပါတယ်။"
ဒေါ်အောင်ဆန်းစုကြည် ဒုတိယ မြောက် ဆွေးနွေးမှု ပြီးဆုံးချိန်တွင် မြောက်ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးနှင့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်တို့က ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေကို လွှတ်တော်၌ ဆွေးနွေးခြင်းမပြုဘဲ အသစ်ပြင်ဆင်ရေးဆွဲရန် ဆွေးနွေးခဲ့ကြရာ ပြည်သူ့လွှတ်တော်က သဘောတူခဲ့သည်။

No comments:

Post a Comment

My Blog List