ဓါတ်ပုံ
- တရုပ်သတင်းဌာနမှာဘာသာပြန်လွဲလို့ပါဟု အရှုးကွက်နင်းအောင်သိန်းလင်းနှင့်
တာမွေ ဒေါ်လဲ့လဲ့ဝင်းဆွေ တို့ တာမွေဈေးကိုသိမ်းဖို့ ဈေးသူ/သားတို့အား
လှည့်ပါတ်ပြောဆိုနေစဉ်။
မြန်မာသံတော်ဆင့်သတင်းဂျာနယ် အတွဲ ၁၊ အမှတ် ၂၀ (၂၇-၇-၂၀၁၂) တွင်
ဖော်ပြထားသည့် ( နိုင်ငံရေးလှည့်ကွက်များသည် လူငယ်ထု များအတွင်း၌ပင်
ခံစားခဲ့ကြရသည်) ဆောင်းပါးနှင့် ပတ်သက်၍ (၂၈-၇-၂၀၁၂) တွင် တာမွေ
မြို့နယ်ပြည်ခိုင်ဖြိုးအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်လဲ့လဲ့ဝင်းဆွေမှ - ဂျာနယ်တိုက်သို့ တရားစွဲမည်ဖြစ်ကြောင်း၊ သံတော်ဆင့်
အယ်ဒီတာချုပ်သည် ၄င်း၏မြို့နယ်အတွင်း၌ နေထိုင်ကြောင်း၊ - စာရေးသူ
မောင်ရေစက် မည်သူမည်ဝါသိရှိလိုကြောင်း နေရပ်လိပ်စာ သိလိုကြောင်း စသည်ဖြင့်
မေးခွန်းများကို တယ်လီဖုန်းဖြင့် မောက်မာစွာ ပြောဆိုခဲ့သည်။
၎င်း၏ မြို့နယ် ကော်မတီဝင် ဦးခိုင်ထွန်းအောင်သည် ဖုန်းဖြင့်ဆက်သွယ်၍
အယ်ဒီတာချုပ်အား ၄င်း၏မြို့နယ်အတွင်းရေးမှူးနှင့် တွေ့ဆုံ ညှိနှိုင်းရန်
ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ အရည်အချင်း၊
လုပ်ရပ်များ ပီသရန် လိုအပ်သကဲ့သို့
မြန်မာသံတော်ဆင့်သတင်းဌာနသည်သတင်းအမှန်များကိုသာ
ရေးသား၍မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမှ မကြောက်ရွံ့ဘဲ ယခုသတင်းဆောင်းပါးပါ
အချက်အလက်များထက် ပိုမိုဆိုးဝါးသော၊ နောက်ကွယ်မှ သတင်းအမှန်များကို
အထောက်အထားခိုင်လုံစွာဖြင့် ချပြဖြေရှင်းရန်အသင့်ရှိသည်။လူသက်သေ၊
ပစ္စည်းသက်သေ၊ မှတ်တမ်းသက်သေ၊ အသံဖိုင်များဖြင့် သတင်းစုဆောင်း
ထားပြီးဖြစ်သည်။
ပြည်သူ့ ကိုယ်စားပြု ကိုယ်စားလှယ်အနေဖြင့် ပြည်သူများအပေါ် လက်တစ်လုံးခြား
လှည့်ဖျားနေသော လုပ်ရပ်များကို အချိန်မီ ပြုပြင်ရန် တိုက်တွန်းလိုပါသည်။
သို့မဟုတ်ပါက ပြည်သူများ၏ ဒဏ်ခတ်ခြင်းကို ခံရမည်ဖြစ်ကြောင်း
အသိပေးလိုပါသည်။
ထိုနေ့ဂျာနယ်တွင်ပါရှိသောလွှတ်တော်ကိုယ်စားလှယ်များလက်ပိုက်ကြည့်နေ
ပေးစားသတင်းနှင့်ပတ်သက်၍
ကျိုက်လတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းဝင်းကဖုန်းဖြင့်ဆက်သွယ်၍အယ်ဒီတာချုပ်အား
ဖြေရှင်းချက်ကို ပြောကြားပါသည်။ ၄င်း၏ ပြောကြားချက်မှာ
၎င်းပေးစာရေးသူများကို အပြစ်မတင်လိုကြောင်း၊
လက်ရှိအခြေအနေမှန်ပင်ဖြစ်ကြောင်း၊ ဆိုင်ရာအဖွဲ့အစည်းမျာနှင့်
ညှိနှိုင်းထားပြီးဖြစ်ကြောင်း၊ ၄င်းတို့၏လုပ်ဆောင်ချက်ကို ဂျာနယ်တိုက်သို့
ပေးပို့ သွားမည်ဖြစ်ကြောင်း ပြေလည်စွာ ဆက်သွယ် ဖြေရှင်းပြောကြားခဲ့သည်။
ထို့အတွက်ကြောင့် ပြည်သူ့ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် အချိန်မဆိုင်းပဲ
လိုအပ်ချက်ကို ပြန်လည်ဖြေရှင်းသည့် ဦးသန်းဝင်းအား မြန်မာသံတော်ဆင့်က
ကျေးဇူးတင်သည်။
ဒေါင်းမာန်ဟုန်
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment