နှစ်ပေါင်း ၆၀ကျော်ကြာအောင် ပြည်တွင်းလက်နက်ကိုင်အဖွဲ့များနှင့်
ပဋိပက္ခများဖြစ်ပွားခဲ့ခြင်းက အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက်
အဟန့်အတား များဖြစ်ခဲ့သည်။ ယခု တစ်နှစ်ပြည့် တော့မည့်
အစိုးရသစ်သက်တမ်းတွင်တော့ထိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင်
အဓိကကျသောအဖွဲ့များနှင့် ငြိမ်းချမ်းရေး စကားများပြောဆိုလာနိုင်ခြင်းက
မြန်မာ့နိုင်ငံရေးတွင် ငြိမ်းချမ်းရေးအတွက် ရောင်နီသန်းလာခြင်းပင်ဖြစ်သည်။
ကမ္ဘာပေါ်တွင် အရှည်ကြာ ဆုံးပြည်တွင်းစစ်ဟု ဒေါက်တာသန့်မြင့်ဦး၏ (A
Personal Hist- ory of Burma) စာအုပ်တွင်
ရေးသားဖော်ပြထားပြီးနိုင်ငံရေးစောင့်
ကြည့်လေ့လာသူများကပြောဆို ကြသော
မြန်မာနိုင်ငံတွင်းလက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်း နိုင်ပြီး
ငြိမ်းချမ်းရေးလမ်းစပေါ် ရောက်ရန် အစိုးရနှင့် အဓိကကျ သော အဖွဲ့ပေါင်း ၁၁
ဖွဲ့တို့မှာ စားပွဲဝိုင်းများပေါ်တွင် ဆွေးနွေးအဖြေ ရှာနေကြပြီဖြစ်သည်။
၂၀၁၁ခုနှစ်၊ နှစ်လယ်ပိုင်း မှစတင်ကာ နှစ်ဖက်တင်းမာမှုများကြောင့်
တိုက်ပွဲများအရှိန် အဟုန်နှင့်ဖြစ်ပွားခဲ့သောမြန်မာ
နိုင်ငံမြောက်ပိုင်းကချင်ပြည်နယ် တွင် တိုက်ပွဲသံများစဲသွားပြီဆိုသော် လည်း
ထွက်ပြေးတိမ်းရှောင်လာ သော စစ်ပြေးဒုက္ခသည်များမှာ
နေရပ်ပြန်ရန်စိုးရမ်နေကြဆဲဖြစ် သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း
ငြိမ်းချမ်းရေးတွင်အဓိက အခန်းကဏ္ဍမှပါဝင်နေသောကချင်လွတ် မြောက် ရေးတပ်မတော်
(KIA) နှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် တတိယမြောက်
တွေ့
ဆုံဆွေးနွေးမှုအဖြစ်လာမည့်မတ်လဒုတိယပတ်တွင်းတွင်တရုတ်နိုင်ငံ၊
ရွှေလီမြို့တွင်တွေ့ဆုံဆွေးနွေးသွားကြမည်ဖြစ်မည်။ ၁၇ နှစ်တိုင်
အပစ်အခတ်ရပ်စဲရေးနှစ်ဦး သဘောတူညီချက်ရထားပြီးပါမှ ၂၀၁၁ ခုနှစ်
ဇွန်လတွင်တော့ နယ်ခြားစောင့်တပ်ကိစ္စနှင့် နှစ်ဦးနှစ်ဖက်မ
ပြေလည်မှုများကြောင့် တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့သည်။ ၂၀၁၁
နိုဝင်ဘာလတွင်တော့အပစ်အခတ် ရပ်ရေးဆွေးနွေးရန်အတွက်
ကြားခံငြိမ်းချမ်းရေးအကျိုးဆောင်များ
၏ အကူအညီနှင့် အစိုးရငြိမ်းချမ်း
ရေးကိုယ်စားလှယ်များနှင့် ကေအိုင်အိုမှ ကိုယ်စားလှယ်တို့ တွေ့
ဆုံဆွေးနွေးနိုင်ခဲ့ကြသည်။ ဒုတိယ အကြိမ်အဖြစ် ၂၀၁၂ ဇန်န၀ါရီ ၁၈
တွင်တွေ့ဆုံပြီးနောက် တိုက်ပွဲ များဆက်လက်ဖြစ်ပွားသဖြင့် နှစ်
ဖက်ပြန်လည်တင်းမာကာ ဆွေး နွေးပွဲနှောင့်နှေးခဲ့ရာမှ ယခုအခါ
ပြန်လည်ဆွေးနွေးနိုင်တော့မည်ဟု အစိုးရနှင့် ကေအိုင်အိုအကြား ငြိမ်းချမ်းရေး
အကျိုးဆောင်ပေး နေသော ကချင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သော
ဦးယွပ်ဇော်ခေါင်ကပြောသည်။
“လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရက
ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုတာ ပွင့်လင်းမြင်သာမှုတစ်ခုဘဲ”ဟု
ဦးယွပ်ဇော်ခေါင်က ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးအတွက်
အပစ်အခတ်ရပ်ရေးဆွေးနွေးရာတွင် ကေအိုင်အို၊ ကေအန်ယူစသည့်
အဖွဲ့များအပါအ၀င်အဖွဲ့ ၁၁ ဖွဲ့နှင့်တွေ့ဆုံဆွေးနွေးရန်
ပြည်ထောင်စုအဆင့်အဖွဲ့နှစ်ဖွဲ့ဖွဲ့စည်း ကာဆောင်ရွက်လျှက်ရှိပြီး တစ်ဖွဲ့
ကို ဦးအောင်သောင်း၊ ဦးသိန်း ဇော်တို့က ဦးဆောင်ကာ၊ နောက်တစ်ဖွဲ့ကို
ဝန်ကြီးဦးအောင်မင်းက ဦးဆောင်သည်။ ဦးအောင်သောင်း ဦးဆောင်သောငြိမ်းချမ်းေ
ရးဆွေးနွေး သည့်အဖွဲ့သည်ကချင်လွတ်မြောက်ရေးတပ်မတော် (KIA, KIO)
အပါအ၀င်ကလိုထူးဘောအဖွဲ့၊ ၀အထူးဒေသ၊ မိုင်းလားအထူး ဒေသ၊ SSPP စသည့်
အဖွဲ့၅ဖွဲ့နှင့် ဆွေးနွေးရန်တာဝန်ယူထားသည်။ဦးအောင်မင်းဦးဆောင်သောအဖွဲ့ က
ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ အပါအ၀င် ရွက်ဆစ် (RCSS/ SSA)
၊မွန်ပြည်သစ်ပါတီ၊ ချင်းအဖွဲ့ (CNF) ကယားအဖွဲ့၊ပအို့ဝ်
အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PLO စသည့်အဖွဲ့ ၆ ဖွဲ့နှင့်တွေ့ဆုံ
ဆွေးနွေးရန်တာဝန်ယူထားသည်။
“ကျွန်တော်တို့
နဂိုတုန်းကတော့ဒါတော်တော်ကြာနိုင်တယ် ထင်တားတာပေါ့။အခုတစ်ခေါက်မှာတော့
အစိုးရဘက်ကရောတိုင်းရင်းသားတွေဘက်ကရောနှစ်ဖက် စလုံးကအပြန်အလှန်ညှိနှိုင်း
ဆောင်ရွက်နိုင်တာတွေဟာထင်ထားတာ ထက်ပိုပြီးတစ်ယောက်နဲ့ တစ်ယောက်
ယုံကြည်မှုပိုများလာတဲ့ အတွက် ထင်ထားတာထက်ပို မြန်လာနိုင်တဲ့
အနေအထားပေါ့”ဟုငြိမ်းချမ်းရေးအကျိုးဆောင် တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက
မှတ်ချက်ပေးသည်။
“အဓိကအခက်အခဲကတော့ တိုင်းရင်းသားတွေဘက်က
အဓိကလိုချင်တဲ့ကိစ္စကတော့ တန်းတူညီတူအခွင့် အရေးရချင်တယ်။
လက်နက်ကိုင်တဲ့အဆင့်ကနေ လက်နက်ကိုင်တိုက်တာမဟုတ် ဘဲ စားပွဲဝိုင်းကို
ရောက်ဖို့ဆိုရင် အပစ်အခတ်ရပ်ရေး စလုပ်ဖို့လို တယ်။ ပထမဆုံးတော့ နှစ်ဦး
နှစ်ဖက်ယုံကြည်မှုတည်ဆောက် တဲ့အလုပ်ကအခက်ခဲဆုံးဘဲ။ ယုံ
ကြည်မှုတည်ဆောက်နိုင်ပြီဆိုရင် အလုပ် ၄ ပုံ ၁ ပုံလောက်ပြီး သွားပြီ”ဟု
ဦးလှမောင်ရွှေကပင် ဆက်လက်ပြောကြားသည်။
ဦးအောင်မင်းဦးဆောင် သော
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ သည် ယခုဆိုလျှင် နှစ် ၆၀
ကြာလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့သော KNU အပါအ၀င် ရွက်ဆစ်အဖွဲ့၊
မွန်ပြည်သစ်ပါတီ၊ ချင်းအဖွဲ့ ၄ ဖွဲ့ တို့နှင့် ပထမအဆင့် ငြိမ်းချမ်း
ရေးလက်မှတ်ရေးထိုးထားပြီး ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်၊
ကယားအဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးရန်သာ
ကျန်ရှိတော့သည်။ဦးအောင်သောင်းဦးဆောင် သောအဖွဲ့ကမူအပစ်အခတ်ရပ်ရေး
ဆွေးနွေးနိုင်ရန် ပဏာမအ ဆင့် တွေ့ဆုံမှုအနေနှင့်နှင့် ယခုလအတွင်း
တွေ့ဆုံသွားမည်ဖြစ်ပြီး၊ ကျန် ၄ ဖွဲ့နှင့် ပထမအဆင့်ငြိမ်းချမ်းရေးလက်မှတ်
ရေးထိုးပြီး ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ထာဝရ
ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အဆင့် ၃ ဆင့်နှင့် ဆောင်ရွက်နေကြောင်းကို
သမ္မတ၏ မတ်လ ၁ ရက်မိန့်ခွန်းတွင် အလေးပေး ပြောကြားသွားပြီး ယခုကဲ့သို့
ရှင်းလင်းပြောကြားသွားခဲ့သည်။ ပထမအဆင့်မှာ ပြည်နယ်
အဆင့်တွေ့ဆုံဆွေးနွေးမှုများဖြစ်ပြီး အပစ်အခတ်ရပ်စဲရန် နှစ်ဦးနှစ်
ဖက်သဘောတူသော နယ်မြေအတွင်းသာနေထိုင်ရန်၊ သတ်မှတ် နေရာမှအပ ကျန်ဒေသများသို့
သွားရောက်လျှင် လက်နက်ကိုင်ဆောင်ခြင်းမပြုရန်၊ ဆက်ဆံရေး
ရုံးများဖွင့်လှစ်ရန် စသည့်အချက် များပါဝင်သည်။
ဒုတိယအဆင့်မှာ
ပြည် ထောင်စုအဆင့်ထိဖြစ်ပြီး ပြည်ထောင်စုမှ ဘယ်တော့မှခွဲမထွက် ရန်၊
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံရေး
ပါတီများထူထောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင် ရွက်ရန်
စသောအချက်များပါဝင်သည်။“ဒီအချက်တွေ(ပထမ အဆင့်၊ ဒုတိယအဆင့်တူညီ ချက်များ)
ကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး သဘောတူညီချက်ရရှိပြီဆိုရင် တတိယအဆင့်ကို
ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တတိယအဆင့်မှာတော့ နိုင်ငံတော်အစိုးရ၊
တိုင်းရင်းသား
ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီနဲ့
နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေစတဲ့နိုင်ငံ တော်မှာရှိတဲ့
အဓိကကျတဲ့ Political Player တွေ အားလုံးပါ
ဝင်တဲ့ ဒီလွှတ်တော်ကြီးမှာ
သဘောတူ လက်မှတ်ရေးထိုးကြဖို့ဖြစ်ပါ တယ်။ ဒီလွှတ်တော်ကြီးအတွင်းမှာပဲ
ထာဝရငြိမ်းချမ်းရေးကို မဖြစ်မနေ ဆောင်ကြဉ်းမယ့် သန္ဒိဋ္ဌာန်ကို
ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းစိုက်ထူကြရမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။
သမ္မတ၏ မိန့်ခွန်းတွင် တိုင်း ရင်းသားများ အံ့အားသင့်အားတက်စေခဲ့သော
စကားတစ်ခွန်းကိုပြော ကြားခဲ့သည်။ “ဒီကနေ့ကျွန်တော်
တို့အစိုးရအနေနဲ့ထာဝရငြိမ်း ချမ်းရေး ပန်းတိုင်ကို လျှောက်
လှမ်းနေတဲ့ခရီးမှာ ကျွန်တော်တို့မှာ ပရိယာယ်တွေမရှိပါဘူး။ ကျွန်တော်တို့
ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ယုံကြည်မှုနဲ့ပဲဆောင်
ရွက်သွားမှာဖြစ်ပါတယ်”သမ္မတ၏ ထိုသို့ပြောကြားချက်ကို တိုင်းရင်းသားခေါင်း
ဆောင်များက အသိအမှတ်ပြု ကြို ဆိုလျက်ရှိပြီးရှေ့တွင်ပွင့်လင်းမြင်သာသော
ငြိမ်းချမ်းရေးဖောင်ဆောင်မှုများကို မျှော်လင့်လျက်ရှိကြသည်။
မြန်မာနိုင်ငံတွင် ပြည် တွင်းစစ်ပွဲများ ချုပ်ငြိမ်းကာ မကြာ မီ
ငြိမ်းချမ်းရေးရောင်နီသန်းလာတော့မည်လော။ ။
အေးမြကျော်၊ အောင်သူရ
Myanmar Pyi Thar Facebook
No comments:
Post a Comment