Wednesday, August 01, 2012

"ဆန္ဒပြအရေးဆိုမှု ဂယက် တောင်ဒဂုံ စက်မှုဇုံသို့  စတင်ကူးစက်"

တောင်ဒဂုံ စက်မှုဇုံ (၁)ရှိ Telfel ပီနံအိတ်စက်ရုံရှိ အလုပ်သမား 400 ခန့် ဆန္ဒပြမှုသည် ဇူလိုင်လ(၃၁)ရက်နေ့  ည ၁၁:၀၀ ခန့် တွင် အလုပ်ရှင် ၊ အလုပ်သမား သဘောတူညီမှု
၈ချက်ဖြင့် မြို့ နယ်ညှိနှိုင်း ဖြန်ဖြေရေးမှ ဖြေရှင်းပေးရာ ပြေငြိမ်းမှု ရရှိခဲ့သည်။ အဆိုပါ အငြင်းပွားမှုသည် တောင်ဒဂုံ စက်မှုဇုံ တွင် ပထမဆုံး အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုမှု ဖြစ်ပြီး လစာ ထုတ်ရက်တွင် လစာတိုးမြှင့် မှုပါ အချက်အလက်များကို မကျေနပ်သဖြင့် ဆန္ဒပြ တောင်းဆိုခြင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သဘောတူ စာချုပ်အရ နှစ်စဉ် အလိုက် နှစ်တိုး လစာငွေကို လူသစ်(လုပ်သက်တစ်နှစ်မပြည့်သူများ) နည်းတူ 12.08 FEC သို့ ၃လအတွင်း လူဟောင်းများအား တိုးမြှင့် ရန်၊ အလုပ်သမား များ ဘက်မှလည်း ဌာနအလိုက် ထုတ်ကုန်များကို သတ်မှတ် ထားသော ထုတ်လုပ်မှု စံချိန်များ အလိုက်ထုတ်လုပ်ရန် သေ ဘာ တူညီခဲ့သည်။ သဘောတူညီချက် အရ ၃လအတွင်း သတ် မှတ်စံနှုန်းချိန် ပြည့်မှီအောင် ထုတ်လုပ်နိုင်ခြင်း မရှိပါက လုပ် အားခလစာကို 8 FEC သာ တိုးမြှင့် ပေးမည် ဟု သဘော တူခဲ့ သည်။ အထက်ပါ အငြင်းပွားမှုဖြစ်ပွားသော ကုမ္ပဏီသည် နိုင် ငံခြားမှ တိုက်ရိုက်ရင်းနှီးမြုပ်နှံသော ကုမ္ပဏီဖြစ်၍ လစာငွေကို FEC နှင့် ပေးချေခဲ့ပြီး အခြေခံလစာ 38.08 FEC နှင့် ရက်မှန်ေ ကြး 2 FEC ၊ ကုန်ထုတ်ဘောနပ် 5 FEC ၊ ခရီးစရိတ် 5FEC စု စုပေါင်း 50.08 ကို ထိုစက်ရုံရှိ လုပ်သားများ ရရှိမည်ဖြစ်သည်။

No comments:

Post a Comment

My Blog List