Wednesday, August 01, 2012

“အကယ်ဒမီ နှစ်နှစ်ပေါင်းပေးမယ် ဆိုရင် နှစ်နှစ်စာတော့ ဖြစ်စေချင်တယ် ဆိုသူ မေသဉ္ဇာဦး”

from-Popular Academy
မေသဉ္ဇာဦးက ‘အရောင်တူအချစ်’ ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ ရုပ်ရှင် အစည်းအရုံး အသစ်ပြန်လည် ဖွဲ့စည်းပြီး နောက်ပိုင်းမှာ တတ်နိုင် သရွေ့ လုပ်နေတာ ကို တွေ့ရ တော့ အားပေးတယ် လို့ဆိုတဲ့ မေသဉ္ဇာဦး က”ကိုယ်မှ မလုပ်နိုင်တာ။ လုပ်နိုင်တဲ့သူတွေ လုပ်နေ တာကို အားပေးတယ်။ တကယ်လို့ ကိုယ်တွေ လိုအပ်ရင်လည်း ပါဝင်ဖို့ ရှိပါတယ်”လို့ ပြောပါတယ်။ အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို ၂ဝ၁၁ ခုနှစ်နဲ့ ၂ဝ၁၂ ခုနှစ် နှစ်နှစ်ပေါင်း ပြီး ပြုလုပ်မယ့် အပေါ်ကိုလည်း ကောင်းမယ် ထင်လို့ စီစဉ်တာ ဖြစ်မယ်လို့ ဆိုပါတယ်။ ”အကယ်ဒမီက တစ်နှစ်နောက်ကျတော့ တစ်နှစ် အတွက် တစ်နှစ် ကြည့်ရတော့မှာပေါ့။ အဆင်ပြေမှာ ပါ။ အကယ်ဒမီကို လည်း နှစ်နှစ် ဆိုတော့ နှစ်နှစ်စာတော့ဖြစ်စေချင်တယ်။ နှစ်နှစ်မို့လို့ အကယ် ဒမီဆုကို နည်းလိုက်တယ်ဆို ကိုယ်တွေ အနုပညာရှင်တွေ အနေနဲ့ နစ်နာတာပေါ့။ ဆုကိုလည်း သူတို့ပဲ ကြည့်ပြီးတော့ ရနိုင်တယ်လို့ ရွေးတာလေ။ ကောင်းမယ်ထင်လို့ လုပ်တာဖြစ်မှာပါ”လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်

No comments:

Post a Comment

My Blog List