Tuesday, July 31, 2012

ပညာရေးနှင့်ပတ်သက်ပြီး ဒေါ်စု၏ အဆိုကြောင့် ပညာရေးဥပဒေကြမ်း ပြန်လည်ရေးဆွဲမည်


ဒေါ်အောင်ဆန်းစုကြည်၊သူရဦးအောင်ကိုနှင့် ဒေါ်တင်နွယ်ဦးတို့ရဲ့ ဆွေးနွေး တောင်းဆိုချက်တွေအရ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီက တင်သွင်း လာတဲ့ ၂၀၁၂ ခုနှစ် တက္ကသိုလ် ပညာရေးဥပဒေကြမ်း ဆွေးနွေး အတည်ပြုမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး အဆိုပါဥပဒေကြမ်းကို အစမှပြန်လည် ပြင်ဆင်ရေးဆွဲသွားဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ယနေ့ကျင်းပတဲ့လွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်..

''ပြည်ထောင်စုဝန်ကြီး ဖြေကြားသွားတာမှာ ဆွေးနွေးတင်ပြသွားတဲ့ အဆိုနဲ့ ကွဲလွဲနေတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ တက္ကသိုလ်များ ဆက်သွယ်မှုကို ပြောတာ မဟုတ်ပါ။ ဘယ်လိုပဲ နိုင်ငံခြားတက္ကသိုလ်များနဲ့ ဆက်သွယ်ဆောင်ရွက်နေနေ လွတ်လပ်တဲ့ တက္ကသိုလ်တွေ ပေါ် ပေါက်လာ ဖို့အတွက် ကျွန်မအပါအဝင် ဒေါ်တင်နွယ်ဦးနဲ့ သူရဦးအောင်ကို တို့ ဆွေးနွေး တာက လွတ်လပ်တဲ့ တက္ကသိုလ် တွေပေါ်ပေါက်လာဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်''
ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုဝန်ကြီးရဲ့ ဆွေးနွေးချက်ကို ပြန်လည်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်... အဆိုပါဆွေးနွေးချက်နဲ့ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက  ပညာရေးဥပဒေကြမ်း အသစ်ပြန်လည်ရေးဆွဲဖို့ အတည်ပြု ဆုံးဖြတ် ခဲ့တယ်လို့လဲ သိရပါတယ်..  

No comments:

Post a Comment

My Blog List