Thursday, August 02, 2012

" အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ်လေ့လာရန် ပါတီ ကိုယ်စားလှယ်များအား ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား"



အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲ စနစ် ပြောင်းလဲရန် တင်ပြထားသည့် ကိစ္စအား ကြိုတင် လေ့လာထား ရန် ဒေါ်အောင်ဆန်းစုကြည်က ၄င်း၏ ပါတီကိုယ်စားလှယ် များကို အဖွဲ့ချုပ် သီးသန့် အစည်းအဝေးတွင် ပြောကြား လိုက်ကြောင်း သိရသည်။ PR(Proportional Representation ) နှင့် ပတ်သက်၍ ဒီမို ကရက် တစ် ပါတီ ၁ဝ ပါတီနှင့် နိုင် ငံတော်သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တို့နှင့် တွေ့ ဆုံပြီး သည့်နောက် ပိုင်းတွင် အဖွဲ့ချုပ် အနေဖြင့် ကြိုတင် လေ့လာမှု များ ပြုလုပ်ထားရန်နှင့် လွှတ်တော်တွင် အဆိုတင်သွင်း မှုများ၊ မေးမြန်းတင်သွင်းချက်များနှင့် ဆက်စပ်၍ သတိထား လုပ်ဆောင်သွား ကြရန် ၄င်းက တိုက်တွန်းပြော
ကြား ခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် က ပြောသည်။

”သမ္မတနဲ့ ၁ဝ ပါတီ တွေ့တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုသဘောထားလဲ။ ကိုယ့် ဟာကိုယ်ရှာ။ ဘယ်နိုင်ငံမှာ အဲဒါမျိုး တွေရှိလဲ၊ ဘာကြောင့်ရှိသလဲ၊ ဒီမှာ လက်ခံသင့်လား၊ လက်မခံသင့်ဘူးလား၊ ကိုယ့် နည်း ကိုယ့်ဟန် နဲ့ ဆွေးနွေး ထားဖို့ ပြောပါတယ်။ PR ကို ရတဲ့မဲအပေါ်မှာ မူတည်ပြီး ကိုယ် စားလှယ်တွေ သတ်မှတ်ဖို့ဆိုရင် ဘယ်သူတွေ နစ်နာမလဲ၊ ဘာလို့ အဲလိုတင်ရတာလဲ။ ပါတီအနေနဲ့ နစ်နာမှု ရှိနိုင်မလားလို့ ဥက္ကဋ္ဌက ကျယ်ကျယ်ပြန့်ပြန့် ပြော သွားပါ တယ်”ဟု ၄င်းက ပြောသည်။

”ထောက်ခံဆွေးနွေးမယ့် အချက်တွေ ခိုင်မာရဲ့လား၊ မှန်ကန်ရဲ့လား၊ တိကျ ရဲ့လား သတိထား ဆောင်ရွက် ဖို့ပြောပါတယ်။ ပြီးတော့ ဆွေးနွေးခါနီး အချင်းချင်းတွေ့ဆုံညှိ နှိုင်းထားဖို့ကိုပါ ပြောထားပါတယ်” ဟု ၄င်းက ထပ်လောင်းဆိုသည်။ ထို့အပြင်မဲဆန္ဒနယ်မြေမှ ခရိုင်၊ မြို့နယ်၊ ထွေ/အုပ်၊ ရဲမှူး များနှင့် တွေ့ ဆုံ၍ ပညာ
ရေး၊ ကျန်းမာရေး၊ လူမှု ရေးကိစ္စများကို ဆရာမလုပ်ဘဲ ပို ကောင်းအောင်ကူညီဆောင်ရွက်သွားရန်၊ မြို့နယ် အစည်း အဝေးများ တက်ရောက် ရန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ သတိပေးခြင်း နှင့် ပတ်သက်၍ ကိုယ် စားလှယ်များ အပေါ် ထောက်ခံခြင်း၊ ရှုတ်ချခြင်းမရှိဘဲ မိမိ အခွင့်အရေးကို မိမိတာဝန် ယူရန် ပြောကြား ခဲ့
ကြောင်း သိရသည်။ ”ကျွန်တော့်အမြင် ပြောရရင် PR စနစ်ဟာ အင်အားကြီးတဲ့ပါတီ ကြီးတွေလောက်ပဲ အကျိုးများမယ်။ ပါတီငယ်တွေ အကျိုးနည်းလိမ့်မယ် ထင်ပါတယ်။ ဒီစနစ်ကို လုပ်မယ်ဆို ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရ လိမ့်မယ်။ ဖွဲ့စည်းပုံမပြင်ဘဲ PR ဖြစ် မလာနိုင် ဘူး။ နိုင်ငံအတွက် အကျိုး ဖြစ်မယ့် ဆုံးဖြတ်ချက် တွေ မှာ ပြတ်ပြတ် သားသားဖြစ်မလာနိုင်ဘူး။ PR ဟာ လက်ရှိကျင့်သုံးနေတဲ့ စနစ် လောက် အကျိုးမရှိနိုင်ဘူးလို့ ထင်ပါ တယ်”ဟုပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်ကပြောသည်။

ထို့အပြင် ဒီချုပ်ပါတီမှ လွှတ်တော် ကိုယ်စား လှယ်များ သက်တမ်း ရက် ၁ဝဝ ပြည့်တွင် ကိုယ်စား လှယ် အသီးသီးမှ လုပ်ဆောင်ချက်များ တင်ပြရမည်ဟု ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြော ကြားထား
ကြောင်း သိရသည်။

”ကိုယ့်မဲဆန္ဒနယ်က ပြည်သူတွေ အတွက် လူမှုရေး၊စီးပွားရေးတွေကို ဘာတွေ ဖြေရှင်းပေးခဲ့ပြီးပြီလဲ၊ ဘယ် လို အကျိုးဆောင်ရွက်မှုတွေ လုပ်ပေး ခဲ့ပြီးပြီလဲဆိုတာကို Report တင်ဖို့ ဥက္ကဋ္ဌက ပြောထားပါတယ်” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးအုန်းကြိုင်က ပြောသည်။ ပြီးခဲ့သည့် မေလ ၂ ရက်နေ့ တွင် ဒီချုပ် ပါတီ ကိုယ်စားလှယ်များသည် လွှတ်တော်တွင် ကျမ်း သစ္စာ ကျိန်ဆိုခဲ့ပြီး သြဂုတ်လ ၄ ရက်တွင် ကိုယ်စား လှယ် သက်တမ်းရက် ၁ဝဝ ပြည့်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရက် ၁ဝဝ သက်တမ်းအတွင်း မဲဆန္ဒရှင် ပြည် သူများအတွက် လုပ်ဆောင်ချက် များကို သြဂုတ်လ ၉ ရက် နောက်ဆုံး ထားတင်ပြသွားရ မည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။

No comments:

Post a Comment

My Blog List