Sunday, July 22, 2012

တိမ်းမှောက်ရှပ်ပြေးယာဉ် ရှာဖွေရေးတိုးမြှင့်ဆောင်ရွက်

ဧရာဝတီမြစ်အတွင်း ဇူလိုင်လ ၂၀ရက်နေ့က နစ်မြုပ်သွားခဲ့သော ဗန်းမော်-ကသာသွား မြမင်းအောင် ရှပ်ပြေးရေယာဉ်အား ဇူလိုင်လ ၂၂ရက်နေ့အထိ ရှာဖွေရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဗန်းမော်မြို့၊ မြို့မရပ်ကွက် ဆိပ်ကမ်းမှ နံနက် ၉နာရီခန့် က စတင်ထွက်လာသော မြမင်းအောင်အမည်ရှိ အဆိုပါ ရေယာဉ်သည် ဆိပ်ကမ်းမှ ထွက်ခွာပြီး နောက် ဂီယာညှပ်ပြီး ဦးလည်ကာ အခြားရေယာဉ်တစ်စီးနှင့် တိုက်မိပြီး တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း၊ အခင်းဖြစ် ရေယာဉ်တွင် ဒေသခံများနှင့် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများမှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိရာတွင် ဇူလိုင်လ ၂၀ရက်နေ့ ညပိုင်း ၈နာရီခန့် အချိန်ထိ ကျား ၅၀ဦး၊ မ ၂၀ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး အသက် ၃၀အထက် သေဆုံးသူ ကျား ၄ဦးကိုလည်း ဆယ်ယူရရှိ ထားကြောင်း သိရသည်။

ထပ်မံရရှိသော သတင်းများအရ ဇူလိုင်လ ၂၁ရက်နေ့ တွင် ရုပ်အလောင်းတစ်လောင်း ဆယ်ယူရရှိခဲ့ကြောင်း၊ နစ်မြုပ်ရှပ်ပြေး ရေယာဉ်အား ဆယ်ယူရရှိနိုင် ရေးအတွက် ဇူလိုင်လ ၂၂ရက်နေ့ တွင် ကသာမြို့မှ သင်္ဘောဆယ်ယူရေးအဖွဲ့ဖြင့် ဆက်လက်ရှာဖွေသွားရန် ရှိကြောင်း စုံစမ်းသိရှိရသည်။

“ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေကိုတော့ စဖြစ်တဲ့နေ့ကနေ ဒီနေ့အချိန်ထိ အားချင်းလုပ်နေရတယ်။ အသက်ရှင်လျက် ကယ်ဆယ်ခံရသူတွေ အများစုကတော့ ကိုယ့်အရပ်ဒေသကို ပြန်ကုန်ကြပြီ။ တစ်ချို့ကိုတော့ ဆေးရုံပို့ပေးရတယ်”ဟု ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောက်ရွက်လျက်ရှိသော ဗန်းမော်မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါသည်။

ထိုကဲ့သို့ ဖြစ်ပွားမှုနှင့် ပက်သက်၍ ရေယာဉ်မောင်း ချစ်သဲ(ခ) ကျော်သီဟ (၂၉)နှစ်၊ (ဘ) ဦးကြည်သန်းအား ဗန်းမော် ရဲစခန်းမှ (ပ) ၂၂၁/၂၀၁၂၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၈၀/ ၂၈၂/ ၃၀၄-က တို့ဖြင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

My Blog List