Wednesday, July 25, 2012

ရွှေည၀ါဆရာတော် အမေရိကန်ပြည်ထောင်စုသို့ စတင်ခရီးထွက်


ရွှေညဝါ ဆရာတော် ဦးပညာသီဟဟာ ဝါတွင်းသုံးလ တရားဟောဖို့ အတွက် အမေရိကန် ပြည်ထောင်စု အပါအဝင် ဥရောပနိုင်ငံတွေကို ဒီကနေ့ စတင်ပြီး ကြွချီသွားပါတယ်။

ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ထဲမှာ ဆရာတော် သီတင်းသုံးတဲ့ မှော်ဘီမြို့မှာ ဓမ္မတက္ကသိုလ် တည်ဆောက်ရေး အတွက် ပါဝင်တယ်လို့ သိရပါတယ်။

ရွှေညဝါ ဆရာတော်ကြီးရဲ့ ပြည်ပ ခရီးစဉ် ထွက်ခွာရာမှာ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်တွေ၊ မှော်ဘီ၊ ကြည့်မြင်တိုင် စတဲ့ မြို့နယ်တွေ
က ဒါယိကာ၊ ဒါယကာမတွေ အပါအဝင် လူထုပရိသတ် ၂ ရာကျော်
လေဆိပ်ကို လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။


RFA

No comments:

Post a Comment

My Blog List