Monday, July 23, 2012

ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေး

 
ယနေ့ဇူလိုင်လ ၂၃ ရက် တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် နေ့စဉ် ပြည်သူများ ဖြစ်ပျက်တွေ့ကြုံ ခံစားနေရသည့် ကိစ္စရပ်များနှင့် ပတ်သတ်၍ မီဒီယာများမှ တဆင့် ဖော်ပြချက်များသည် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရာတွင် အထောက်အကူပြုပါကြောင်းနှင့် ယင်းသတင်းများအပေါ် စောင့်ကြည့်လေ့လာစိစစ်ပြီး အရေးယူ ဆောင်ရွက်ပေးနေသည့် အဖွဲ့ စနစ်တကျ ဖွဲ့စည်းထားရှိခြင်း ရှိမရှိ နှင့် ရှိပါက မည်ကဲ့သို့ ဖွဲ့စည်းသည်၊
အရေးယူဆောင်ရွက်နေသည် ကို သိရှိလိုပါကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်း နှင့် မြေယာ အငြင်းပွားမှုများအတွက် ပြည်ထောင်စု အဆင့် စိစစ်ရေးကော်မတီ ဖွဲ့စည်း၍ဆောင်ရွက်ရန် အစီအစဉ် ရှိမရှိနှင့် အကြောင်းအမျိုးမျိုးကြောင့် သိမ်းယူထားသော မြေယာများအတွက် လျော်ကြေးပေးရေး ဥပဒေပြဌာန်းရန် အစီအစဉ် ရှိမရှိနှင့် စပ်လျဉ်းသည့် မေးခွန်းများအပါအ၀င် မေးခွန်း (၅)ခုနှင့် အဆို (၁)ခု တို့ ကို တင်သွင်းမေးမြန်းကြမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List