Monday, July 23, 2012

ရခိုင်ခံတပ်ခေါ် ပြည်ထောင်စုတံခါးကြီး လုံခြုံရေးအတွက်အမျိုးကိုထိလျှင် မချိအောင်နာတတ်သောစိတ်ဓာတ်ဖြင့် ငါတို့ရခိုင်ပြည်နယ်ကို ကာကွယ်ကြစို့


မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးအခင်းနှင့် ပက်သက်၍ ဖြစ်ရပ်အမှန်ကို ထုတ်ပြန် ကြေညာအပ်ပါသည်။
၈-၆-၂၀၁၂-ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်း တစ်ပြိုင်တည်းဖြစ်ပွားခဲ့သော အရေးအခင်းသည် အစွန်းရောက် အစ္စလာမ် ဘာသာဝင်စစ်သွေးကြွများ ယုံကြည်လက်ခံထားသော ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်။           ၃-၆-၂၀၁၂-မှ ၈-၆-၂၀၁၂-အထိရက်ပိုင်းအတွင်းသာကြာလိုက်သော တောင်ကုတ်အရေးအခင်းကို အကြောင်းပြု၍ မောင်တော၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သောအရေးအခင်းကို လူမျိုးရေးအဓိကရုဏ်းဟု ဆိုဖွယ်ရှိသော်လည်း အကြမ်းဖက် ဘင်္ဂါလီကုလားများသည် ဟိန္ဒူလူမျိုးစုတို့၏ အသက်အိုးအိမ်စည်းစိမ်ကိုပါ ပြောင်ပြောင်တင်းတင်း ပစ်မှတ်ထား၍ ကျူးကျော်တိုက်ခိုက်ကြသည်ကို တွေ့ရသောကြောင့် ရခိုင်-ကုလား လူမျိုးရေးအဓိကရုဏ်းမဟုတ်ပါ။
အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် သောင်းကျန်းသူ ဘင်္ဂါလီကုလားများသည် ဗုဒ္ဓရုပ်ပွားတော်၏ မျက်နှာတော်ကိုကျဆုံးသူရခိုင်သွေးဖြင့် သုတ်လိမ်းသွားခြင်း၊ ကျောက်ဆင်းတုများ၏ ဦးခေါင်းတော်ကို ဖြတ်တောက် သွားခြင်း၊ ကြေးဆင်းတုတော်များကိုမီးတိုက်ခြင်း၊ နားရွက်တော်ကိုဓားဖြင့်ခုတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးများကို သတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ခြင်းစသည့် အဓမ္မလုပ်ရပ်များကို ကြည့်လျှင် ဘာသာရေးပဋိပက္ခ ဟု ထင်ရဖွယ်ရှိသော်လည်း အကြမ်းဖက်ဘင်္ဂါလီကုလားများသည် နစက ရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံ ဆေးခန်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ရဲစခန်းဝင်စီး၍လက်နက်လုယူခြင်း၊ ပြည်ပမှလက်နက်များစုဆောင်း ထားခြင်းများပြုလုပ်လာကြသောကြောင့် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့တို့ကိုအပိုင်ကြံသောရခိုင်ပြည်သိမ်း တိုက်ပွဲ(သို့မဟုတ်)အစ္စလာမ်မစ်စတိတ် ထူထောင်လိုသော ဂျီဟတ်ဝါဒီ ဘင်္ဂါလီအကြမ်းဖက် စစ်သွေးကြွများ ဆင်နွှဲ သည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ကြောင်းထင်ရှားလှပါသည်။

           ဂျီဟတ်စစ်ပွဲဖြစ်ကြောင်း ရခိုင်ပြည်သူများ သိမ်းဆည်းရမိသော အချက်အလက်များ၊ ဘင်္ဂါလီ ကုလားများ၏ မျှော်စင်ဗလီပေါ်မှ အသံချဲ့စက်ဖြင့် ပြိုင်တူအမိန့်ပေးသောစကားများ၊ မော်လဝီဆိုသူခေါင်းဆောင်များ၏ ပြော စကားများ၊ ထောင်သောင်းချီ၍ ချီတက်လာသော ကုလားအုပ်ကြီး၏ တပ်လှန့်ကြွေးကြော်သံများကို ကြည့်က သိနိုင်ပါသည်။ ထို့ကြောင့် ရခိုင်အရေးအခင်းသည် အများပြည်သူများ ထင်ထားသလို လူမျိုးရေးအဓိကရုဏ်းလည်း မဟုတ်ပါ။ဘာသာရေးပဋိပက္ခလည်းမဟုတ်ပါ။ အစ္စလာမ်မစ်စတိတ်ထူထောင်ချင်သော စစ်သွေးကြွ အကြမ်းဖက် ဘင်္ဂါလီကုလားများ၏ ဂျီဟတ်စစ်ပွဲသာ ဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။
       ရခိုင်အရေးအခင်း၌ အဓိကတာဝန်ရှိသော နစကကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးနှင့် တပ်ဖွဲ့ဝင်တို့၏ ပေါ့လျော့မှု၊ညံ့ဖျင်းမှု၊သစ္စာဖောက်မှုတို့ကြောင့်ရခိုင်ပြည်သူများသည်သွေးဆာနေသောလူရမ်းကားအကြမ်းဖက်သမား များ၏ဒဏ်ကိုခါးစီးခံခဲ့ရပါသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်အတွက်သာ မဟုတ်ဘဲ မြန်မာတစ်ပြည်လုံးအတွက်ပါ အရေးပါသော ရခိုင်ခံတပ်ခေါ် ပြည်ထောင်စုတံခါးကြီး လုံခြုံရေးအတွက် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် အပြည့်အဝရှိသောဝန်ထမ်းကောင်းများကိုသာ ရွေးချယ်ခန့်ထားဖို့လိုကြောင်းနှင့် ရခိုင်ပြည်လုံခြုံရေး၊ အမျိုးသား လုံခြုံရေး၊တိုင်းရင်းသားနှင့်အပြစ်မဲ့ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်တို့လုံခြုံရေးအတွက်စိတ်ချယုံကြည်လောက် သော အစီအမံကောင်းများ စီစဉ်ပေးဖို့ လိုအပ်နေပါသည်။
         ရခိုင်ပြည်သူများတွင် ကုလားမရှိသော မြို့ရွာများမှာသာ နေလိုကြသူများ၊ လုံခြုံရေးအပြည့်အဝပေးလျှင် ရွာပြန်နေမည်၊ အားကိုးရလောက်သည့် လုံခြုံရေး မပေးနိုင်လျှင် လုံးဝပြန်မနေလိုကြသူများ၊ မိဘများခေါင်းချသွားရာ အရပ်မှာပဲ သေချင်သေပါစေ ပြန်နေပါမည် ဆိုသူများရှိရာ အစိုးရအနေဖြင့် တိုင်းရင်းသားစစ်၊ ရင်သွေးစစ်များ၏ ဆန္ဒကို မိခင်စိတ်အပြည့်အဝထား၍ ဖြည့်ဆည်းပေးဖို့လိုအပ်ပါသည်။
       ကုလားရွာများအကြားတွင် ပိတ်မိနေသော ရခိုင်ရွာများ၊ နတလရွာများတွင် ပြည်သူများသည် အပြင်လည်း မထွက်ရဲ၊ မြို့လည်းမတက်ရဲဘဲ ရိက္ခာပြတ်လပ်နေသော ဒုက္ခသည် စာရင်းမဝင်သော ဒုက္ခသည်များ ဖြစ်နေ ကြပါသည်။ အစိုးရ၏ အထောက်ပံ့ကိုလည်း မရ၊ NGO-တို့၏ အထောက်ပံ့ကိုလည်း မရ၊ မည်သည့်အထောက်ပံ့ကိုမျှ မရလျှင် ရေရှည်ရပ်တည်ဖို့ ခဲယဉ်းနေသော ထိုကျေးရွာများအတွက် ထည့်၍စဉ်းစား စီစဉ်ပေးဖို့ လိုပါသည်။
       ဟိန္ဒူလူမျိုးများသည် ဘင်္ဂါလီမူဆလင်ကုလားတို့၏ ပစ်မှတ်ထားတိုက်ခိုက်မှုကိုလည်းခံရ၊ တိုင်းရင်းသား မဟုတ်၍ပစ်ပယ်မှုကိုလည်းခံနေရပါသည်။ အချို့ဟိန္ဒူလူမျိုးများမှာမူဆလင်ကုလားများနှင့် ရောကာရွှေ့ပြောင်းခံရ သည်ကို တွေ့ရပါသည်။ နွားကိုးကွယ်သူနှင့် နွားသတ်သူတို့ကို အတူယှဉ်တွဲထားပါက အင်အားနည်းသည့် ဟိန္ဒူလူမျိုးတို့သာ အနိုင်ကျင့်ခံရမည် ဖြစ်ပါသည်။
UN-လက်အောက်ခံ NGO-များ INGO-များသည် ကုလားရွာများအတွက်သာ ငွေကြေးသုံးစွဲနေပြီး ရခိုင်ပြည်သူတို့ အရေးကို အနည်းငယ်မျှပင် ထည့်သွင်းစဉ်းစားမှု မရှိပါ။ အကြမ်းဖက် အစွန်းရောက်များသည် UN-လက်အောက်ခံ အဖွဲ့အစည်းများကို အသုံးချကာ ဂျီဟတ်စစ်ပွဲကို ဆင်နွှဲသွားခဲ့ကြသောကြောင့် UN-လက်အောက်ခံ အဖွဲ့အစည်းများကိုယ်တိုင် လူမိုက်အားပေးလုပ်နေခြင်း၊ ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူအရေးကို ပစ်ပယ် ထားခြင်းစသောတရားမျှတမှုမရှိခြင်းများကို တွေ့နေရပါသည်။
           ထို့ကြောင့် တရားမျှတမှုမရှိသော၊ လူမိုက်အားပေးလုပ်နေသော UN-လက်အောက်ခံ အဖွဲ့အစည်းများကို ပြင်းထန်စွာရှုတ်ချပါသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူမြင်ကောင်းအောင် ဘင်္ဂါလီဒုက္ခသည်များကို လက်မခံဘဲ ဟန်ဆောင်လုပ်ပြနေသော်လည်း ရခိုင်အရေးအခင်းတွင် အဓိကတရားခံများဖြစ်သော ရိုဟင်ဂျာဆိုသူ စစ်သွေးကြွများကို တိတ်တစ်ဆိတ်လက်ခံဝှက်ထားပေးနေသည်ဟု ရခိုင်ပြည်သူတို့ သိမြင်ခံစားနေရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်းကောင်းပီသစွာ အစွန်းရောက် အကြမ်းဖက်သမားများကို နှိမ်နှင်းဖို့အတွက် မြန်မာအစိုးရနဲ့ရော ရခိုင်ပြည်သူများနှင့်ပါ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါသည်။
       ရခိုင်ပြည်နယ်ကို အပိုင်သိမ်းဖို့ ကြံစည်သော အစွန်းရောက်စစ်သွေးကြွတို့၏ ဂျီဟတ်စစ်ပွဲကို ထောက်ခံအား ပေးသော မည်သည့်မူဆလင်ကိုမဆို ရန်သူအဖြစ်သတ်မှတ်ပါသည်။ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်စီးပွား ကိုယ်ရှာ၊ ကိုယ့်တရားနှင့်ကိုယ်၊ ကိုယ့်မိသားစုနှင့်ကိုယ် အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေလိုသောမည်သည့်မူဆလင်ကိုမဆို မိတ်ဆွေအဖြစ်သက်မှတ်ပြီး လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။
           ထို့ကြောင့် ဂျီဟတ်စစ်ပွဲ ဆင်နွှဲသော တိရစ္ဆာန်များလို၊ မင်းမဲ့တိုင်းပြည်လို အုပ်စုဖွဲ့အနိုင်ကျင့်မှုများ ပြုလုပ်ခဲ့သောဘင်္ဂါလီအကြမ်းဖက်သမားလူရမ်းကားများနှင့်အဆက်အသွယ်ရှိခဲ့သူများ၊ အဆက်အသွယ်ရှိနေသူများ အဆက်အသွယ် ဖြတ်တောက်ဖို့ သတိပေးအပ်ပါသည်။
       မြန်မာတိုင်းရင်းသားအပေါင်းအနေဖြင့် ရခိုင်ပြည်သိမ်းတိုက်ပွဲ (သို့မဟုတ်) ဂျီဟတ်စစ်ပွဲကို တစ်ဖက်သတ် ဦးဆောင်ဆင်နွှဲလာသော ရိုဟင်ဂျာဆိုသူ နယ်မြေဓားပြအကြီးစားတို့အား ထိရောက်စွာ အရေးယူဖို့ လိုအပ်နေ ပါသည်။ ရခိုင်တံခါးလုံခြုံရေးနှင့် လူအုပ်ဖြင့် အနိုင်ကျင့်မှုပပျောက်ရေး၊ ရခိုင်ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကိုအဓိကထားဆောင်ရွက်ကြရမည့်အပြင် အချုပ်အခြာအာဏာကို ကျူးကျော်စော်ကားလာသူမှန်သမျှကို မည်သည့်ဖိအားပေးမှုကိုမျှ ဂရုမစိုက်ဘဲ ခုခံကာကွယ်ဖို့လိုကြောင်း ရဲရဲတောက် အသိပေးလိုပါသည်။
“ရခိုင်များအား ဘင်္ဂါလီမူဆလင်များ၏ ခြိမ်းခြောက်မှုများ”
၁။    ရခိုင်များ နောက်ထပ် နှစ်လသာထမင်းစားနှင့်ကြ၊ ဗမာများပြန်လျှင် နင်တို့အသားကို ငါတို့စားမည်။
၂။    ဒီနေရာကို ငါတို့ပိုင်သွားပြီဆိုတာ မသိဘူးလား။
၃။    ငါတို့ကို ကမ္ဘာကကူညီနေတာ မသိဘူးလား။
၎။    ကမ္ဘာမှာ ငါတို့အမျိုးတွေ(လူမျိုးတွေ)အများကြီးရှိတယ်။ နင်တို့မှ မရှိဘူး။
၅။    နင်တို့မှာ သွားစရာသေလမ်းသာ ရှိတယ်။ ထမင်းဝဝစားထားကြ။
၆။    ဗမာအစိုးရကို ငါတို့ဝယ်ထားပြီ။
၇။    ဆော်ဒီမှာ ဗမာသံရုံးကို ငါတို့ကလစဉ်ပေးထားတာ၊ နင်တို့ပေးနိုင်သလား။
၈။    ငါတို့နောက်မှာ ကမ္ဘာကကူညီနေတယ်။
၉။    UN-ဟာ ငါတို့မိတ်ဆွေ၊ အမေရိကမှာ ငါတို့သမ္မတ အုပ်ချုပ်နေတယ်။
၁၀။  နင်တို့ ပါးစပ်ပိတ်ထားကြ။
၁၁။  နင်တို့မိန်းမများ ငါတို့ကို အားကိုးစေရမည်။
၁၂။  ရခိုင်များသေဖို့ပြင်ထား။
၁၃။  ဗမာပြည်လည်း ငါတို့လူအုပ်ချုပ်မယ်။
၁၄။  နင်တို့မြေနဲ့ နင်တို့ပစ္စည်းထားခဲ့။ အခုထွက်သွားကြ။
၁၅။  မသေချင် ပြန်မလာကြနဲ့။
၁၆။  နောက်ထက် ဒီမြေမှာ မင်းတို့လုံးဝ မနေစေရ။
၁၇။  အလ္လာဝဂ်ကဘာ၊ အလ္လာဝဂ်ကဘာ၊(အလ္လာသခင်သာ အကြီးမြတ်ဆုံး)
       အလ္လာ-ဘီစတိုဘာ၊ အလ္လာ-ဘီစတိုဘာ(အလ္လာသခင် ကောင်းချီးပေးပါ)
၁၈။  နိုင်ငံခြားမှာ စစ်သင်တန်းတက်ထားတဲ့ ငါတို့လူတွေရောက်နေတာ မသိဘူးလား။
၁၉။  နိုင်ငံခြားက ငါတို့အမျိုး (၅၀၀) စစ်သင်တန်း ဆင်းလာတာမသိဘူးလား။
၂၀။  ဒီနေရာကို ပြန်လာရဲလျှင် လာကြည့်။
၂၁။  ငါတို့မှာ ချမ်းသာတဲ့မူဆလင်နိုင်ငံတွေ အများကြီးရှိတာ မသိဘူးလား။
၂၂။  နင်တို့ဘာအားကိုးရှိလို့ ငါတို့ကို နှင်ထုတ်မှာလဲ။
၂၃။  ဗမာအစိုးရလည်း ငါတို့ဘက်က။
၂၄။  ဆော်ဒီဗမာသံရုံးဟာ ငါတို့ငွေကိုယူထားတာ။
၂၅။  အားလုံးမှာ ငါတို့ငွေတွေ။
၂၆။  မင်းတို့မှာ ဘာရှိလို့လဲ။
၂၇။  ဗမာပြည်ကို ငါတို့အုပ်ချုပ်မှာ နင်တို့ကို အရှင်မထားဘူး။

Ashin Wirathu – “ဝီရသူ သဘောထား ၇/၇၄”

ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။ ထပ်ဆင့်၍ ဖြန့်ဝေပေးပါရန် ပေးပို့အပ်ပါသည်။

No comments:

Post a Comment

My Blog List