Tuesday, July 24, 2012

ဇူလိုင် ၂၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ NLD မှ ပထမဆုံးအကြိမ်အဖြစ် အဆိုတင်သွင်းမည်

 
ပြည်သူ့လွှတ်တော်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင်က တင်သွင်းမည့် အဆိုကို ယနေ့ အစည်းအဝေးတွင် မတင်သွင်း ဖြစ်တော့ဘဲ ဇူလိုင်လ ၂၅ ရက်နေ့ အစည်းအဝေးတွင် တွင်သွင်းရန် ရွေ့ဆိုင်းလိုက်ကြောင်း သိရပါသည်။ ရွေ့ဆိုင်းလိုက်ရသည့် အကြောင်းအရင်းမှာ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပချိန်နှင့် နီးကပ်သွား သဖြင့် အချိန်မလောက်င သောကြောင့် ရွေ့ဆိုင်း လိုက်ရခြင်း ဖြစ်ကြောင်း သိရပါသည်။


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က "Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ် စေရေးအတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၀င်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်း နိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်း တင်ထားရန်
အဆို တင်သွင်းခြင်းနှင့် လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူခြင်း အဆိုကို ယနေ့ကျင်းပနေသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ တင်သွင်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တင်သွင်းရန် စီစဉ်ခဲ့သော ပထမဆုံး အဆိုဖြစ်ပါသည်။

No comments:

Post a Comment

My Blog List