Tuesday, July 24, 2012

အကုန်ရရင်ရ မရရင်ဘာမှမလိုချင်တဲ့ ၈၈ မျိုးဆက်တွေ


၈၈ မျိုးဆက်ကျောင်းသား အယောက် (၂၀)ကျော်ရဲ့  နိုင်ငံကူးလက်မှတ်လျှောက်ထားမှုမှာ လေးလနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ပေမယ့် သက်ဆိုင်ရာမှပတ်စ်ပို့  ချထားပေးခြင်း မရှိသေးတာနဲ့  ပက်သက်ပြီး ကိုမြအေးက
"ပတ်စ်ပို့  မရသေးဘူး၊ တော်တော်ကြာပြီ လျှောက်ထားတာ" ဟု ပြောကြားသကဲ့သို့  ၈၈ ရုံးခန်းမှတာဝန်ရှိသူ တစ်ဦးကလည်း "ပတ်စ်ပို့ မရတော့ပြည်ပအဖွဲ့ အစည်းတွေက ဖိတ်ကြားထားတဲ့ ခရီးစဉ်တွေ ဖျက်လိုက်ရတာ
ရှိပါတယ်။ ဘာကြောင့် မရသလဲဆိုတာတော့ မသိဘူး" ဟု ပြောပါတယ်။

နိုင်ငံတော်သမ္မတရဲ့  အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီအဖွဲ့ ဝင်တစ်ဦးက အဆိုပါကိစ္စနှင့်ပက်သက်ပြီး "၈၈ မျိုးဆက်ကျောင်းသားတွေထဲက တချို့ ကို ပတ်စ်ပို့  ခွင့်ပြုဖို့ ရှိပေမယ့် အားလုံးမရရင် မယူဘူးလို့ 
သူတို့ ဘက်ကပြောတယ်လို့ သိရတယ်" ဟု ရှင်းလင်းပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ပုံမှန်အားဖြင့် ပတ်စ်ပို့ လျှောက်ထားရာမှာ ပုံမှန်အားဖြင့် သုံးပတ် (၂၁ ရက်) ခန့် သာ ကြာမြင့်ကြောင်းသိရှိရပါတယ်။

(ဗီးနပ်စ်နယူး ဂျာနယ်သတင်းကို ကိုးကားဖော်ပြပါတယ်)

ဒေါင်းမာန်ဟုန်

No comments:

Post a Comment

My Blog List