Thursday, July 26, 2012

ကောင်းမွန်သာယာလှပတဲ့ မြန်မာနိုင်ငံအနာဂတ်တစ်ခုကို လက်တွဲညီညီတည်ဆောက်ကြပါစို့ ......


 
အနာဂတ်ကို တည်ဆောက်ခြင်းဟာ အတိတ်ကို အရောင်ပြန်တင်ခြင်းထက် ပိုကောင်းပါတယ် ....
ကျွန်တော်တို့တိုင်းပြည်မှာ အခုဆိုရင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ခွဲဝေကျင့်သုံးနိုင်တဲ့ လွှတ်တော်ကြီးတွေလည်းပေါ်လာပါပြီ ...။ စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေကလည်း ထောက်ပြဝေဖန်ပြောဆိုခွင့် ထိုက်သင့်သလောက်အတိုင်းအတာအထိ ရရှိနေပါပြီ။ ဒီအချိန်မှာ ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အရပ်မျက်နှာပေါင်းစုံက တံခါးပေါက်တွေကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်သလို တိုင်းပြည်တိုးတက်ရေးအတွက် မှန်ကန်မျှတတဲ့အတွေးအခေါ် အယူအဆတွေနဲ့ ညီညီညွတ်ညွတ်လက်တွဲဆောင်ရွက်သင့်ပါပြီ ... ဒီနေ့ခေတ်မှာ နိုင်ငံတကာကိုလှမ်းကြည့်လိုက်မယ်ဆိုရင် တစ်ချိန်က ဖွံ့ဖြိုးသာယာတိုးတက်ခေတ်မီပါတယ်ဆိုတဲ့ နိုင်ငံတွေတောင် စက္ကူစုတ်ကလေးလို တစ်ပိုင်းတစ်စစီ ဖြစ်သွားကြပြီး အချင်းချင်းသွေးချောင်းစီးတိုက်ခိုက်နေကြတာတွေ အချင်းချင်းမညီညွတ်လို့ “ နွားအကွဲမှာ ကျားဆွဲ ” ခံရပြီး ယနေ့ထက်တိုင် မငြိမ်းချမ်းနိုင်ပဲ အပြစ်မဲ့ ပြည်သူပေါင်းများစွာ နေ့စဉ်သေကျေဆုံးရှုံးနေကြတာတွေ ပြည်သူတွေ သိန်းနဲ့ သန်းနဲ့ ချီပြီး အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြတာတွေ မမြင်ချင်အဆုံးတွေ့မြင်ရမှာဖြစ်ပါတယ် ....

ဒါကြောင့် ဒီအကျိုးဆက်တွေ မဖြစ်စေဖို့ နိုင်ငံသားအားလုံး ၊ နိုင်ငံရေးပါတီအားလုံး၊ တိုင်းရင်းသားအားလုံး၊ အစိုးရ၊ ပြည်သူ၊ တပ်မတော် ညီညီညွတ်ညွတ်နဲ့ ကောင်းမွန်သာယာလှပတဲ့ မြန်မာနိုင်ငံအနာဂတ်တစ်ခုကို လက်တွဲညီညီတည်ဆောက်ကြပါစို့ ............။


No comments:

Post a Comment

My Blog List