Monday, July 23, 2012

အမေရဲ့ အဓိပ္ပာယ်ရှိလှသော မျက်ဝန်းတစ်စုံ








အခုမြင်တွေ့ရတဲ့ပုံကတော့ ဒီနေ့ထုတ် The Messenger မှာ ပါရှိတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး နိုဘယ်လ်ဆုရှင် လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ "၆၅ နှစ်မြောက် အာဇာနည်နေ့"မှာ ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ အာဇာနည်ဂူဗိမာန်ကို လာရောက်ဂါရ၀ပြုခဲ့တဲ့ပုံပါ...

အမေရဲ့ မျက်နှာလေးကတော့ နေထိပန်းလို ညှိုးနွမ်းနေခဲ့ပါတယ်.. ဖော်မပြနိုင်တဲ့ မျက်ဝန်းတစ်စုံက ရွာတော့မယ့်မိုးလို အုံ့ဆိုင်းလို့လာခဲ့ပါတယ်.. အမေ့က ပါးစပ်ကနေ ဖွင့်မပြောပေမယ့်လဲ မျက်ဝန်း တစ်စုံက ပြောပြနေခဲ့ပါတယ်.. " အဖေရေ..   အဖေ မိန့်မှာခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးမပြိုကွဲဖို့၊ ဒီမိုကရေစီနိုင်ငံတော်သစ်ကို  အဖေတည်ထောင်ခဲ့တဲ့ ပြည်သူချစ်တဲ့တပ်မတော်နဲ့အတူ အရောက်ချီတက် နေပါပြီ" လို့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူဗိမာန်ရှေ့မှာ အဖေ့ကိုတမ်းတရင်း အမေ တစ်ယောက်တည်း ပြောပြနေတဲ့ မျက်ဝန်းကို အမေမှလွဲရင် ဘယ်သူကမှ သိမှာမဟုတ်ပါဘူး...

မေ့ချစ်သား

No comments:

Post a Comment

My Blog List