Tuesday, July 24, 2012

ဖြစ်ကြောင်းရယ် ကုန်စင် မြိတ်မြို့တစ်ခွင်... (တိုင်ကြားစာ)

 ငါးမှုန့်(ပါကေး) စက်ရုံများ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အတွင်းတွင် ငါးမှုန့်(ပါကေး) စက်ရုံ(၄)ရုံရှိသည်။ ၎င်းစက်ရုံကြီးများကို နှစ်ပေါင်း တစ်ဆယ်ကျော်ခန့် ကတည်းက တည်ဆောက်ခဲ့သည်။ စစ်အစိုးရခေတ် အဆက်ဆက် တိုင်းမှုး အဆက်ဆက် ၎င်းစက်ရုံကြီးများကို လည်ပတ်လာခဲ့ရာ ယနေ့ခေတ်ဒီမိုကရေစီ အစိုးရလက်ထက်တိုင် ဆက်လက် လည်ပတ်နေဆဲဖြစ်သည်။

စက်ရုံများမှထွက်သော အနံ့ဆိုးများ၊အပုတ်နံများ၊ စွန့်ပစ်ရေများက မြိတ်မြို့တစ်မြို့လုံးကို ဒုက္ခပေးလျှက်ရှိသည်။ ရောဂါဖြစ်၍ သေဆုံးကုန်သော ပြည်သူများလည်း မနည်းတော့ပါ။ ၎င်းကိစ္စများကို တိုင်းမှူး အဆက်ဆက် ဖြေရှင်းပေးခဲ့ခြင်း မရှိသလို၊ ယနေ့ခေတ်တွင်လည်း မည်သူ တစ်ဦးတစ်ယောက်မှ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိပါ။

၎င်းငါးမှုန့် စက်ရုံများအတွက် လုပ်ငန်းရှင်များမှ ငါးလုပ်ငန်းဦးစီးဌာနမှ တားမြစ်ထားသော ငါးဖမ်းပိုက်ကွက် အသေးများကို အသုံးပြုကာ တရားမဝင် ဖမ်းဆီးလျက်ရှိသည်။ စက်ရုံအင်ဂျင်စက်များ လည်ပတ်ရန်အတွက် ဒီဇယ်ဆီကို အသုံးမပြုဘဲဈေးနှုန်းသက်သာသော သဘာဝထင်းများကို မတရားခုတ်ယူကာ အလွန်အမင်း အသုံးပြု နေခြင်းကြောင့် ယခင်ကရာသီဥတု သာယာမျှတသော မြိတ်မြို့သည် အလွန်အမင်း ပူပြင်းသောမြို့ အဖြစ်သို့ ရောက်ရှိလာလျှက် ရှိနေပြီ။ ငါးလုပ်ငန်းဦးစီးဌာနနှင့် သစ်တောဦးစီးဌာန များမှလည်း  ပြည်သူအကျိုးကို မကြည့်ဘဲ ရေငုံနုတ်ပိတ်လျက် ရှိနေပါသည်။

ယခုအခါတွင် လွှတ်တော် ကျင်းပနေချိန်ဖြစ်ပြီး မြိတ်မြို့မှ (၂၀၁၀ ရွေးကောက်ပွဲအတွင်း မတရားနည်းဖြင့်) ရွေးချယ်ထားသော လွှတ်တော် အမတ်ဦးတင်ရှန်မှာ မြိတ်မြို့တွင် ဖြစ်ပျက်နေသော အမှန်တကယ် အရေးတကြီး လိုအပ်နေသည့်ကိစ္စများ၊ သစ်တော မတရားခိုးထုတ်နေသည့် အကြောင်း၊ လမ်းကိစ္စများ စသည့် အရေးတကြီး လိုအပ်ချက်များကို တင်ပြခြင်းမရှိသော ခပ်ညံ့ညံ့ အမတ်ဦးတင်ရှန်ကဲ့သို့သော အမတ်မျိုး မြိတ်မြို့တွင် မရှိသင့်ကြောင်းနှင့် မြို့နေလူထု အနေဖြင့် တညီတညွတ်တည်း ကန့်ကွက်သင့်ကြောင်း အကြံပြုတင်ပြ လိုက်ရပါသည်။

မြိတ်သားများ..

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုထံသို့ ပေးစာ
မြိတ်မြို့ ကျက်သရေဆောင် လမ်းများ..
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုခင်ဗျား။ မြိတ်မြို့မြို့သူ မြိတ်သားများ ကိုယ်စားတင်ပြချင်ပါတယ်။ ၀န်ကြီးချုပ်က ပြည်သူတွေ အမှန်တကယ် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် ဟုတ်ပါရဲ့လား။ ပြည်သူတွေရဲ့ အကျိုးအတွက် အမှန်တကယ် ဖြည့်ဆည်းပေးမဲ့သူ ဟုတ်ပါရဲ့လား။

မြိတ်မြို့ရဲ့မြို့တွင်းလမ်းတွေက အလွန်အမင်း ဆိုးဝါးနေကြောင်း အင်တာနက်သတင်းများမှ တင်ပြပြီးဖြစ်သော်လည်း လမ်းများကို လုံးဝပြုပြင်ခြင်းမရှိပါ။ ၎င်းလမ်းအပိုင်းကို ဘီအိုတီစနစ်ဖြင့် တာဝန်ယူသူမှာ ယုဇနကုမ္ပဏီမှ မြိတ်သားသူဌေး ဦးဌေးမြင့် ဖြစ်ကြောင်း သိရှိရသည်။ ရွှေးကောက်ပွဲ မတိုင်ခင်က လမ်းများကို မည်ကဲ့သို့ ပြုပြင်ပေးမည်ဟု ကတိအမျိုးမျိုး ပေးသော်လည်း လက်တွေ့မှာတော့ ဘာမှဘာမှ မဖြစ်မလာ ခဲ့ပါဘူး။ 

ဦးဌေးမြင့်သည် နိုင်ငံတော်ပိုင် (ပြည်သူတွေပိုင်)တဲ့ သယံဇာတ အမျိုးမျိုးကို မတရားသောနည်းဖြင့် ခိုးယူနေသူဖြစ်သည်။ အထက်(ထိပ်ပိုင်း)လူကြီးများနှင့် ရင်းနှီး၍ တော်ရုံ(တန်ရုံ) ၀န်ကြီးများကို ဂရုမစိုက်တတ်ကြောင်း ၎င်းကို ကြောက်နေရကြောင်း ၎င်းနှင့်နီးစပ်သူများမှ တဆင့်သိရှိရပါသည်။ အဲဒါတွေကြောင့် ၀န်ကြီးချုပ်ဦးမြတ်ကို အနေဖြင့် ဦးဌေးမြင့်ကို ကြောက်နေတာလား။ ထိုင်ခုံ ပျောက်သွားမှာ စိုးလို့လား။

ဒီလမ်းကိစ္စတောင်မှ မဆောင်ရွက်နိုင် တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ (ပြည်သူတွေမှာ လမ်းပြင်ဖို့ငွေ ထပ်ကောက်မှာလား) ပုံပြောနေတာ မဟုတ်ပါဘူး ကိုယ်တိုင်လာရောက် ခံစားကြည့်ပါ ၀န်ကြီးချုပ် ဦးမြတ်ကိုခင်ဗျား။
ံမြိတ်မြို့ခံတဦး 
 

No comments:

Post a Comment

My Blog List