Tuesday, November 05, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်ဘောလုံးသမား Youri Djorkaeff နဲ့တွေ့ဆုံ



ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အာစီယံထိပ်သီးအစည်းအဝေးတက်ရောက်နေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်ဘောလုံးသမား Youri Djorkaeff နဲ့တွေ့ဆုံခဲ့ပါတယ်။ 
သူတို့(၂)ဦီး တွေ့ဆုံတဲ့ဓါတ်ပုံတွေကို Youri Djorkaeff က သူ့ရဲ့တွစ်တာမှာ တင်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်အရ ပြင်သစ်ဘောလုံးသမား ယူရီဂျော်ကာအက်ဖ်ဟာ အာရှမှာ မြန်မာဘောလုံးအသင်း ပြန်လည် ဦိးမော့လာစေရေးကိစ္စတွေကို ဆွေးနွေးဖို့ မြန်မာြပည်ကို လာရောက်မယ်လို့ ဆိုပါတယ်။ Youri Djorkaeff ဟာ ပြင်သစ်နိုင်ငံရဲ့ အကျော်အမော် ဘောလုံးသမားဟောင်းတစ်ဦးဖြစ်ပြီး၊ အလယ်တန်းနဲ့ ရှေ့တန်းတိုက်စစ်မှူး တစ်ဦးအဖြစ် ကစားခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့အသင်းဟာ ၁၉၉၈-ခုနှစ်က ကမ္ဘာ့ဖလားနဲ့၂၀၀၀-ခုနှစ်က ဥရောပ ဖလားမှာ အနိုင်ရခဲ့ပါတယ်။ အသက်(၅၁)နှစ်ရှိ ယူရီဂျော်ကာအက်ဖ်ဟာ လက်ရှိမှာ Youri Djorkaeff ဖောင်ဒေးရှင်းကို ဖွင့်လှစ်လုပ်ကိုင်နေ ပါတယ်။
 

One News Myanmar  

No comments:

Post a Comment

My Blog List