Tuesday, November 05, 2019

ရုပ်ရှင်လောကအတွက် လုပ်ရကိုင်ရအခက်အခဲများကြောင့် ဦးဇင်ဝိုင်း ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်စာတင် ဥက္ကဋ္ဌအသစ်အဖြစ် ဒါရိုက်တာဉီးညီညီထွန်းလွင်ကို ရွေးချယ်တင်မြှောက်


Image may contain: 1 person, eyeglasses, selfie and closeup

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူးနေရာတွင် ဦးဇင်ဝိုင်းက နိုဝင်ဘာ ၁ ရက်နေ့က နုတ်ထွက်စာတင်ခဲ့ပြီး လစ်လပ်သွားသော ယင်းနေရာအတွက် ဒါရိုက်တာ ဉီးညီညီထွန်းလွင်ကို ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်စာတင်လိုက်တဲ့ ဦးဇင်ဝိုင်းက ရုပ်ရှင်လောက ကောင်းကျိုးအတွက် လုပ်ရကိုင်ရအခက်အခဲများရှိလာပြီး ရုပ်ရှင်အစည်းအရုံးတွင် ဆက်လက်တာဝန်ယူရန် ဆန္ဒမရှိတော့သောကြောင့် နုတ်ထွက်ခြင်းဖြစ်သည်ဟု ပြောသည်။
"အနားယူတာက ကျန်းမာရေးကြောင့် လုံးဝမဟုတ်ပါဘူး။ လူမှုရေးကြောင့်လဲမဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးကိစ္စဘာမှ မရှိပါဘူး။ ကျွန်တော်နုတ်ထွက်ခြင်းအကြောင်းကတော့ ကျွန်တော် ဒီအတောအတွင်းမှာ လုပ်ကိုင်ရတာ ခက်ခဲလာတဲ့အတွက် ကျွန်တော်အနေနဲ့ဆက်လက်ပြီးလုပ်‌နေမယ်ဆိုရင်လည်း ကျွန်တော် ရုပ်ရှင်လောကအတွက် လုပ်ပေးနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆလို့ပါ။ ကျွန်တော်ဆက်လက်ပြီးလုပ်ကိုင်ဖို့ ဆန္ဒလဲမရှိတော့လို့ နုတ်ထွက်လိုက်ရတာပါ" ဟု ဖြေကြားခဲ့ပါတယ်။
အထက်ပါစကားကို ယနေ့(နိုင်ဝင်ဘာ ၅ ရက်) မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပပြုလုပ်နေသည့် ဥက္ကဋ္ဌအသစ် ရွေးချယ်ပွဲအပြီးမှာ ဦးဇင်ဝိုင်းက စံတော်ချိန်ဒစ်ဂျစ်တယ်သတင်းဌာန၏ မေးမြန်ချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဦးဇင်ဝိုင်းသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတာဝန်ကို ၂၀၁၇ ခုနှစ်ကစပြီး ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ကျရောက်မည့် ရုပ်ရှင်နှစ် ၁၀၀ ပြည့်ပွဲကို ဥက္ကဋ္ဌ တစ်ယောက် အနေနှင့် မဟုတ်ဘဲ ရုပ်ရှင်လောကသား တစ်ယောက်အဖြစ် ပါဝင်ကူညီဆောင်ရွက်သွားမည်ဟု ဦးဇင်ဝိုင်းက ပြောဆိုခဲ့သည်။
သတင်း - ထူးထူး(စံတော်ချိန်)
ဓာတ္ပုံ - Zin Wyne Facebook

.........................................................................
(Unicode Version)
#LatestNews
 ရုပ်ရှင်လောကအတွက် လုပ်ရကိုင်ရအခက်အခဲများကြောင့် ဦးဇင်ဝိုင်း ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်စာတင်
 ဥက္ကဋ္ဌအသစ်အဖြစ် ဒါရိုက်တာဉီးညီညီထွန်းလွင်ကို ရွေးချယ်တင်မြှောက်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူးနေရာတွင် ဦးဇင်ဝိုင်းက နိုဝင်ဘာ ၁ ရက်နေ့က နုတ်ထွက်စာတင်ခဲ့ပြီး လစ်လပ်သွားသော ယင်းနေရာအတွက် ဒါရိုက်တာ ဉီးညီညီထွန်းလွင်ကို ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်စာတင်လိုက်တဲ့ ဦးဇင်ဝိုင်းက ရုပ်ရှင်လောက ကောင်းကျိုးအတွက် လုပ်ရကိုင်ရအခက်အခဲများရှိလာပြီး ရုပ်ရှင်အစည်းအရုံးတွင် ဆက်လက်တာဝန်ယူရန် ဆန္ဒမရှိတော့သောကြောင့် နုတ်ထွက်ခြင်းဖြစ်သည်ဟု ပြောသည်။
"အနားယူတာက ကျန်းမာရေးကြောင့် လုံး၀မဟုတ်ပါဘူး။ လူမှုရေးကြောင့်လဲမဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးကိစ္စဘာမှ မရှိပါဘူး။ ကျွန်တော်နုတ်ထွက်ခြင်းအကြောင်းကတော့ ကျွန်တော် ဒီအတောအတွင်းမှာ လုပ်ကိုင်ရတာ ခက်ခဲလာတဲ့အတွက် ကျွန်တော်အနေနဲ့ဆက်လက်ပြီးလုပ်‌နေမယ်ဆိုရင်လည်း ကျွန်တော် ရုပ်ရှင်လောကအတွက် လုပ်ပေးနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆလို့ပါ။ ကျွန်တော်ဆက်လက်ပြီးလုပ်ကိုင်ဖို့ ဆန္ဒလဲမရှိတော့လို့ နုတ်ထွက်လိုက်ရတာပါ" ဟု ဖြေကြားခဲ့ပါတယ်။
အထက်ပါစကားကို ယနေ့(နိုင်ဝင်ဘာ ၅ ရက်) မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပပြုလုပ်နေသည့် ဥက္ကဋ္ဌအသစ် ရွေးချယ်ပွဲအပြီးမှာ ဦးဇင်ဝိုင်းက စံတော်ချိန်ဒစ်ဂျစ်တယ်သတင်းဌာန၏ မေးမြန်ချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဦးဇင်ဝိုင်းသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတာဝန်ကို ၂၀၁၇ ခုနှစ်ကစပြီး ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ကျရောက်မည့် ရုပ်ရှင်နှစ် ၁၀၀ ပြည့်ပွဲကို ဥက္ကဋ္ဌ တစ်ယောက် အနေနှင့် မဟုတ်ဘဲ ရုပ်ရှင်လောကသား တစ်ယောက်အဖြစ် ပါဝင်ကူညီဆောင်ရွက်သွားမည်ဟု ဦးဇင်ဝိုင်းက ပြောဆိုခဲ့သည်။
သတင်း - ထူးထူး(စံတော်ချိန်)
ဓာတ်ပုံ - Zin Wyne Facebook

No comments:

Post a Comment

My Blog List