Tuesday, November 05, 2019

အစိုးရတပ်၊ ဝ တပ်နှင့် မိုင်းလားတို့ကြား စစ်ရေးတင်းမာမှု မရှိဘဲ သာမန်အခြေအနေဖြစ်ကြောင်း တာဝန်ရှိသူများ ဖြေရှင်း အစိုးရတပ်၊ ဝ တပ်နှင့် မိုင်းလားတို့ကြား စစ်ရေးတင်းမာမှု မရှိဘဲ သာမန်အခြေအနေဖြစ်ကြောင်း တာဝန်ရှိသူများ ဖြေရှင်း

No photo description available.
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အစိုးရတပ်၊ ဝ တပ်နှင့် မိုင်းလားအထူးဒေသ(၄)တို့ အကြား စစ်ရေးတင်းမာမှု ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ သာမန်အောက်ခြေတပ်သားခြင်း ထိတွေ့မှုသာ ရှိကြောင်း တာဝန်ရှိသူများက ဖြေရှင်းပြောကြားသည်။

အောက်တိုဘာလ နောက်ဆုံးပတ်အတွင်းက မိုင်းခတ်မြို့နယ်အတွင်းရှိ လွယ်လုံစစ်ဆေးရေးဂိတ်တွင် အစိုးရတပ်နှင့် ဝ တပ်ဖွဲ့မှ အောက်ခြေတပ်သားအချင်းချင်း သာမန်စကားများမှုသာ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်တာမျိုး မဖြစ်ပွားခဲ့ကြောင်း မိုင်းခတ်မြို့နယ် အုပ်ချုပ်ရေး အရာရှိတစ်ဦးက ပြောသည်။
“ပစ်တာ ခတ်တာမျိုးမရှိပါဘူး။ ကျွန်တော်တို့ သေနတ်တစ်ချက်ဖောက်ရင်တောင် အစီရင်ခံစာတင်ရတာ။ အောက်ခြေတပ်သားချင်း သာမန် အခြေအတင်ဖြစ်တာလောက်ပဲရှိတယ်” လို့ သူက ပြောသည်။
လက်ရှိတွင် မိုင်းခတ်မြို့နှင့် အနီးတဝိုက်တွင် ပြည်သူများ ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျှက်ရှိကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောကြားသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အစိုးရတပ်နှင့် ဝ တပ်ဖွဲ့တို့အကြား ပစ်ခတ်ခြင်း၊ စစ်ရေးတင်မာခြင်း စသည့် သတင်းမျိုး ရရှိခြင်းမရှိကြောင်း ဝ တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ပြောသည်။
“ဒီသတင်းတွေနဲ့ ပတ်သက်လို့ အောက်ခြေက ဘာသတင်းမှ မကြားရဘူး။ အောက်ခြေမှာ တခါတလေ ထိတွေ့မှုတွေတော့ ရှိတတ်ပါတယ်။ ဘာမှ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး” ဟု သူက ပြောသည်။
ထို့အပြင် မိုင်းလား နယ်မြေထဲသို့ ဝ တပ်ဖွဲ့များ ဝင်ရောက်နေခြင်းမှာ ယခုမှ မဟုတ်ဘဲ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ကြောင်း ဦးညီရမ်းက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရတပ်မတော်နှင့် မိုင်းလားဒေသ တာဝန်ရှိသူများထံ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဝ တပ်ဖွဲ့နှင့် မိုင်းလား တပ်ဖွဲ့တို့အကြား စစ်ရေး တင်းမာမှု ဖြစ်ပွားခဲ့ပြီး ဝ တပ်ဖွဲ့များက မိုင်းလာနယ်မြေအတွင်းမှ တပ်စခန်းများကို ဝင်ရောက်စီးနင်းခဲ့ဖူးသည်။
ထိုဖြစ်စဉ်နောက်ပိုင်း မိုင်းလား အထူးဒေသ (၄) တာဝန်ရှိသူများက တပ်အင်အားတိုးချဲ့မှုများ လုပ်ဆောင်ခဲ့ကြောင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။
ပုံစာ _ ဝ လက်နက်ကိုင်အဖွဲ့၏ စစ်ရေးပြအခမ်းအနား
Photo - Mar Naw / MPA
(Zawgyi)
အစိုးရတပ်၊ ဝ တပ်နှင့် မိုင်းလားတို့ကြား စစ်ရေးတင်းမာမှု မရှိဘဲ သာမန်အခြေအနေဖြစ်ကြောင်း တာဝန်ရှိသူများ ဖြေရှင်း
နိုဝင္ဘာ ၅
ပဥ္စမလှိုင်း

#TheFifthWave

No comments:

Post a Comment

My Blog List