Tuesday, November 05, 2019

ရှေ့နေဒေါ်စုဒါလီအောင်အမှုရုံးချိန်းတွင် လိုပြသက်သေ(၃)ဦးစစ်ဆေး


Image may contain: 1 person, smilingImage may contain: sky and outdoor
ဗစ်တိုးရီးယားအမှု က တရားခံရှေ့နေ ဒေါ်စုဒါလီအောင်ကို တရားစွဲဆိုထားတဲ့ အမှုကို နိုဝင်ဘာ(၄)ရက်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။ အဲဒီရုံးချိန်းမှာ တရားလိုသက်သေအဖြစ် တင်ပြထားတဲ့ နေပြည်တော်အခြေစိုက် BBC သတင်းထောက် ကိုအောင်သူရနဲ့ ရာအိမ််မှူးနှစ်ယောက်ကို စစ်ဆေးခဲ့တာပါ။
BBC သတင်းထောက်ကို လိုပြသက်သေကနေ တရားရုံးဆင့်ခေါ်သက်သေအဖြစ် ပြောင်းလဲပေးဖို့ တင်ပြခဲ့ပေမယ့် လိုပြသက်သေစာရင်းမှာ ပါဝင်ပြီးဖြစ်တာကြောင့် ပြောင်းလဲလို့ မရတဲ့ကြောင်း တရားသူကြီးက ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ ရာအိမ်မှူးနှစ်ယောက်ကိုတော့ ရှာဖွေပုံစံမှာ သက်သေအဖြစ် လက်မှက်ရေးထိုးခဲ့ရာမှာ ပါဝင်ခဲ့သူတွေ ဖြစ်လို့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့လို့ သိရပါတယ်။

ရှေ့နေဒေါ်စုဒါလီအောင်ဟာ နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ပွားခဲ့ ဗစ်တိုးရီးယား ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့မှုမှာ သံသယတရားခံဘက်က လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတစ်ဦးဖြစ် ပါတယ်။ ဗစ်တိုးရီးယားအမှု တရားရုံးမှာ စစ်ဆေးနေစဉ်အတွင်း ရှေ့နေဒေါ်စုဒါလီအောင်ဟာ BBC သတင်းဌာန အင်တာဗျူးပြုလုပ်ခဲ့ပြီး အဲဒီအင်တာဗျူးမှာ ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေကို အခြေခံပြီး ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ၁၀၁ (က) (၂)နဲ့ တရားစွဲဆိုခဲ့တာပါ။ လာမယ့်ရုံးချိန်းကို နိုဝင်ဘာ(၁၈)ရက်မှာ ပြုလုပ်မှာဖြစ်ပြီး တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။
သတင်း- ငြိမ်းချမ်းအောင်

No comments:

Post a Comment

My Blog List