Monday, November 04, 2019

လွှတ်တော်ကိုယ်စားလှယ်အား ဖမ်းဆီးထားခြင်း လုံခြုံရေးကို ထိပါးခြင်း ဟု လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ပြော


Image may contain: 1 person, smiling

လွှတ်တော်ကိုယ်စားလှယ်အား ဖမ်းဆီးထားခြင်း လုံခြုံရေးကို ထိပါးခြင်းဟု လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုး က ပြောကြားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ မှ ဦးဝှေ့တင်း အပါအဝင် ဇိုရမ်ပီလမ်းပိုင်းမှ တာဝန်ရှိ အိန္ဒိယနိုင်ငံသား ၅ဦး၊ သာသာပြန် ၂ဦးနှင့် Speed Boat မောင်းသူနှစ်ဦးတို့သည် ပလက်ဝမြို့မှ ကျောက် တော်မြို့သို့ ထွက်ခွာခဲ့ရာ ပလက်ဝနှင့် ကျောက်တော်ကြားလမ်းတွင် နိုဝင်ဘာလ ၃၀ ရက်နေ့က AA လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခြင်း ကို ခံခဲ့ရသည်။
ယင်းဖြစ်စဉ်သည် နိုင်ငံတော်၏ လုံခြုံရေးကို ထိပါးခြင်းဖြစ်သည့် အတွက် နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဌ တို့မှ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း လွှတ်တော်အခွင့် အရေးကော် မတီမှ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ လှမိုးကပြောသည်။
"ကိုယ်စားလှယ်တစ်ယောက်ပျောက်ဆုံးသွားတယ်ဆိုတာနိုင်ငံတော်ရဲ့လုံခြုံရေးကိုထိပါးတာဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် လွှတ်တော်ဥက္ကဌနဲ့နိုင်ငံတော်သမ္မတ တို့ပူးပေါင်းပြီး ဆောင် ရွက်စရာရှိတာကိုဆက်လက်ဆောင်ရွက်ပါလိမ့်မယ်။ အားလုံးပူးပေါင်းဆောင်ရွက်ရမှာပေါ့။ ဘာလို့ လဲဆိုရင် ကိုယ်စားလှယ်တစ်ယောက်က ပြည်သူလူထုကိုကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တစ်ယောက် ဒီလိုမျိုးပျောက် ဆုံးသွားတယ်ဆိုတာ ဘာဖြစ်တယ်ဆိုတာမသိသေးဘူး။ပျောက်ဆုံးနေတယ်ဆိုတာပဲသိသေးတယ်"ဟု ဒေါက်တာလှမိုးကပြောသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး မစတင်မီ သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဒေါက်တာ လှမိုးမှ အထက်ပါ အတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ အကြောင်းမရှိပဲ ပျောက်ဆုံးနေခြင်းသည် စိုးရိမ်စရာ ဖြစ်သည့်အတွက် စုံစမ်းမှုများပြုလုပ်၍ ဆောင်ရွက်စရာရှိတာများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာ လှမိုးကပြောသည်။
ဦးဝှေ့တင်းသည် ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်ရန်အတွက် ယင်းစီမံကိန်း အဖွဲ့များနှင့်အတူ လိုက်ပါ လာခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပျောက်ဆုံးရခြင်းသည် AA မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်း ၁၀ ဦးအနက် သေဆုံးသည့် အလောင်း နှင့် အတူ ၈ ဦးကိုတော့ ယနေ့ နံနက်ပိုင်းက ပြန်လွှတ်ပေးခဲ့ပြီး ဦးဝှေ့တင်ကိုတော့ ဆက်လက်ခေါ်ဆောင်ထားကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ် မတိုင်ခင်ကလည်း ပလက်ဝဒေသခံ ၈၂ နှစ်ဦးကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကဖမ်းဆီးထားကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားသည်။
(Zawgyi)
လွှတ်တော်ကိုယ်စားလှယ်အား ဖမ်းဆီးထားခြင်း လုံခြုံရေးကို ထိပါးခြင်း ဟု လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ပြော
ႏိုဝင္ဘာ ၄
ယဉ်ကေနွယ်

လွှတ်တော်ကိုယ်စားလှယ်အား ဖမ်းဆီးထားခြင်း လုံခြုံရေးကို ထိပါးခြင်း ဟု လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုး က ပြောကြားသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ မှ ဦးဝှေ့တင်း အပါအဝင် ဇိုရမ်ပီလမ်းပိုင်းမှ တာဝန်ရှိ အိန္ဒိယနိုင်ငံသား ၅ဦး၊ သာသာပြန် ၂ဦးနှင့် Speed Boat မောင်းသူနှစ်ဦးတို့သည် ပလက်ဝမြို့မှ ကျောက် တော်မြို့သို့ ထွက်ခွာခဲ့ရာ ပလက်ဝနှင့် ကျောက်တော်ကြားလမ်းတွင် နိုဝင်ဘာလ ၃၀ ရက်နေ့က AA လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခြင်း ကို ခံခဲ့ရသည်။
ယင်းဖြစ်စဉ်သည် နိုင်ငံတော်၏ လုံခြုံရေးကို ထိပါးခြင်းဖြစ်သည့် အတွက် နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဌ တို့မှ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း လွှတ်တော်အခွင့် အရေးကော် မတီမှ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ လှမိုးကပြောသည်။
"ကိုယ်စားလှယ်တစ်ယောက်ပျောက်ဆုံးသွားတယ်ဆိုတာနိုင်ငံတော်ရဲ့လုံခြုံရေးကိုထိပါးတာဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် လွှတ်တော်ဥက္ကဌနဲ့နိုင်ငံတော်သမ္မတ တို့ပူးပေါင်းပြီး ဆောင် ရွက်စရာရှိတာကိုဆက်လက်ဆောင်ရွက်ပါလိမ့်မယ်။ အားလုံးပူးပေါင်းဆောင်ရွက်ရမှာပေါ့။ ဘာလို့ လဲဆိုရင် ကိုယ်စားလှယ်တစ်ယောက်က ပြည်သူလူထုကိုကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တစ်ယောက် ဒီလိုမျိုးပျောက် ဆုံးသွားတယ်ဆိုတာ ဘာဖြစ်တယ်ဆိုတာမသိသေးဘူး။ပျောက်ဆုံးနေတယ်ဆိုတာပဲသိသေးတယ်"ဟု ဒေါက်တာလှမိုးကပြောသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး မစတင်မီ သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဒေါက်တာ လှမိုးမှ အထက်ပါ အတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ အကြောင်းမရှိပဲ ပျောက်ဆုံးနေခြင်းသည် စိုးရိမ်စရာ ဖြစ်သည့်အတွက် စုံစမ်းမှုများပြုလုပ်၍ ဆောင်ရွက်စရာရှိတာများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာ လှမိုးကပြောသည်။
ဦးဝှေ့တင်းသည် ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်ရန်အတွက် ယင်းစီမံကိန်း အဖွဲ့များနှင့်အတူ လိုက်ပါ လာခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပျောက်ဆုံးရခြင်းသည် AA မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်း ၁၀ ဦးအနက် သေဆုံးသည့် အလောင်း နှင့် အတူ ၈ ဦးကိုတော့ ယနေ့ နံနက်ပိုင်းက ပြန်လွှတ်ပေးခဲ့ပြီး ဦးဝှေ့တင်ကိုတော့ ဆက်လက်ခေါ်ဆောင်ထားကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ် မတိုင်ခင်ကလည်း ပလက်ဝဒေသခံ ၈၂ နှစ်ဦးကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကဖမ်းဆီးထားကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment

My Blog List