Tuesday, November 05, 2019

၂၀၂၀ ခုနှစ် ပြည်နယ်အဆင့်ချင်းအမျိုးသားနေ့ ကို ထန်တလန်မြို့တွင် ကျင်းပမည်


လာမည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့်(၇၂)နှစ်မြှောက် ပြည်နယ်အဆင့်ချင်းအမျိုးသားနေ့ကို ထန်တလန်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ဆိုခွင့်ရှိသူ စည်ပင်သာ ယာရေးဝန်ကြီးဦးစိုးထက်ကပြောသည်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် (၇၂)နှစ်မြှောက် ပြည်နယ်အဆင့်ချင်းအမျိုးသားနေ့ကို ပလက်ဝမြို့တွင် ကျင်းပရန်ရည်ရွယ်ထားသော်လည်း နယ်မြေမတည်ငြိမ်မှုကြောင့် ထန်တလန်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။

"ပလက်ဝမှာက နယ်မြေမအေးချမ်းဘူး။AAနဲ့တိုက်ခိုက်မှုတွေရှိတော့ လုံခြုံရေးအခြေအနေရ ကျင်းပဖို့အဆင်မပြေဘူး။ဟိုတလောက မြောက်ဦးဘက်မှာ မီူသတ်ဝန်ထမ်းတွေနဲ့ကုမ္ပဏီကလူတွေကို AAအဖွဲ့ကမေ ကားပေါ်ကနေဖမ်းသွားတယ်။အဲလိုမျိုးတွေဖြစ်နေတယ်။လက်ရှိမှာလဲ သွားရေးလာရေးကုန်းလမ်းရောlေရလမ်းရောခက်ခဲတယ်။အဲဒီအတွက် လုံခြုံရေးစိတ်မချရလို့ ပလက်ဝမှာမလုပ်တော့ဘဲ နယ်မြေအေးချမ်းတဲ့ဒေသမှာလုပ်သင့်တယ်အယူအဆနဲ့ထန်တလန်မှာ ကျင်းပဖို့စီစဉ်တာပါ။"ဟု ဦးစိုးထက်ကပြောသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့်(၇၂)နှစ်မြှောက် ပြည်နယ်အဆင့်ချင်းအမျိုးသားနေ့ကို ဟားခါးမြို့တွင် စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး အဆိုပါပွဲတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်တကွ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

"ချင်းအမျိုးသားတွေရဲ့ ယဉ်ကျေးမှုတွေlဓလေ့ထုံးတန်းေတွ စာချုပ်မှာချုပ်ဆိုခဲ့တဲ့ကတိကဝက်တွေနဲ့ချင်းအမျိုးသားေန့ဖြစ်ပေါ်လာခဲ့တဲ့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ အဲဒီကတိကဝက်တွေနဲ့ အားလုံးရဲ့စည်းလုံးမှုလျှောက်လှမ်းပြီး ကျင်းပလာတာပါ"ဟု ဝန်ကြီး
ဦးစိုးထက်ကပြောသည်။

ပြည်နယ်အဆင့်ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်အစိုးရက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး မြို့နယ်အလိုက် တစ်လှည့်စီကျင်းပကြောင်း သိရသည်။
သူရိယထက်
ဓာတ်ပုံ - မင်းမဟာအောင်


(unicode)
၂၀၂၀ ခုနှစ် ပြည်နယ်အဆင့်ချင်းအမျိုးသားနေ့ ကို ထန်တလန်မြို့တွင် ကျင်းပမည်

ကလေး၊ နိုဝင်ဘာ ၅

လာမည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့်(၇၂)နှစ်မြှောက် ပြည်နယ်အဆင့်ချင်းအမျိုးသားနေ့ကို ထန်တလန်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ဆိုခွင့်ရှိသူ စည်ပင်သာ ယာရေးဝန်ကြီးဦးစိုးထက်ကပြောသည်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် (၇၂)နှစ်မြှောက် ပြည်နယ်အဆင့်ချင်းအမျိုးသားနေ့ကို ပလက်ဝမြို့တွင် ကျင်းပရန်ရည်ရွယ်ထားသော်လည်း နယ်မြေမတည်ငြိမ်မှုကြောင့် ထန်တလန်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။

"ပလက်ဝမှာက နယ်မြေမအေးချမ်းဘူး။AAနဲ့တိုက်ခိုက်မှုတွေရှိတော့ လုံခြုံရေးအခြေအနေရ ကျင်းပဖို့အဆင်မပြေဘူး။ဟိုတလောက မြောက်ဦးဘက်မှာ မီူသတ်ဝန်ထမ်းတွေနဲ့ကုမ္ပဏီကလူတွေကို AAအဖွဲ့ကမေ ကားပေါ်ကနေဖမ်းသွားတယ်။အဲလိုမျိုးတွေဖြစ်နေတယ်။လက်ရှိမှာလဲ သွားရေးလာရေးကုန်းလမ်းရောlရေလမ်းရောခက်ခဲတယ်။အဲဒီအတွက် လုံခြုံရေးစိတ်မချရလို့ ပလက်ဝမှာမလုပ်တော့ဘဲ နယ်မြေအေးချမ်းတဲ့ဒေသမှာလုပ်သင့်တယ်အယူအဆနဲ့ထန်တလန်မှာ ကျင်းပဖို့စီစဉ်တာပါ။"ဟု ဦးစိုးထက်ကပြောသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့်(၇၂)နှစ်မြှောက် ပြည်နယ်အဆင့်ချင်းအမျိုးသားနေ့ကို ဟားခါးမြို့တွင် စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး အဆိုပါပွဲတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်တကွ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

"ချင်းအမျိုးသားတွေရဲ့ ယဉ်ကျေးမှုတွေlဓလေ့ထုံးတန်းတွေ စာချုပ်မှာချုပ်ဆိုခဲ့တဲ့ကတိကဝက်တွေနဲ့ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာခဲ့တဲ့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ အဲဒီကတိကဝက်တွေနဲ့ အားလုံးရဲ့စည်းလုံးမှုလျှောက်လှမ်းပြီး ကျင်းပလာတာပါ"ဟု ဝန်ကြီး
ဦးစိုးထက်ကပြောသည်။

ပြည်နယ်အဆင့်ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်အစိုးရက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး မြို့နယ်အလိုက် တစ်လှည့်စီကျင်းပကြောင်း သိရသည်။
သူရိယထက်
ဓာတ်ပုံ - မင်းမဟာအောင်

#EPN #PeopleMedia

No comments:

Post a Comment

My Blog List