Monday, November 04, 2019

ဖမ်းဆီးခံထားရသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် NLD တောင်းဆို အကြမ်းဖက်၊ခြိမ်းခြောက်၊အကြပ်ကိုင်သည့် နည်းလမ်းများမသုံးသင့်ဟု AAကို NLD ပြော


Image may contain: 1 person, hat

ဖမ်းဆီးခံထားရသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် NLDက တောင်းဆိုလိုက်သည်။

လွှတ်တော်တက်ရန်လာသည့် ချင်းပြည်နယ် NLDအမျိူးသားလွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ ကို အေအေလက်နက်ကိုင်အဖွဲ့က မနေ့က လမ်းခုလတ်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယခုအချိန်အထိ
ကျန်သူများကိုသာလွှတ်ပေးပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို ပြန်မလွှတ်သေးသည့်ကိစ္စနှင့် ပါတ်သတ်ပြီး NLD ပါတီဘက်က အထက်ပါအတိုင်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ဘယ်ပါတီက လွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ကျွန်တော်တို့ပါတီက လွှတ်တော်ကိုယ်စားလှယ်မို့လို့
ခုလို ပြောတာမဟုတ်ပါဘူး။ညီနောင်တိုင်းရင်းသားတွေအချင်းချင်းတွေပဲဖြစ်ကြတာမို့ ညှိနှိုင်းကြမယ်။ဆွေးနွေးကြမယ်။ငြိမ်းချမ်းရေးတည်ဆောက်ကြမယ်။ဒီနည်းလမ်းတွေပဲ လုပ်ဆောင်သင့်ပါတယ်။ခုလိုမျိုး
အကြမ်းဖက်၊ခြိမ်းခြောက်၊အကြပ်ကိုင်သည့် နည်းလမ်းများမသုံးသင့်ပါဘူး။အမြန်ဆုံး ဖမ်းထားတဲ့သူကို ပြန်လွှတ်ပေးပါလို့ ပဲ ပြောချင်ပါတယ်“ဟု ပြောသည်။

ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးခင်ကျော်က ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့်အဖွဲ့ထဲမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှလွဲ၍ ကျန်သူများအားလုံး ယနေ့မနက် ၈နာရီတွင် ရခိုင်ပြည်နယ်ကျောက်တော်သို့ ရောက်ရှိသွားပြီဟု သိရှိရကြောင်း ပြောသည်။
“ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း မလွှတ်သေးတဲ့အတွက် သက်ဆိုင်ရာအဖွဲ့တွေက ရှာဖွေနေပါတယ်“ဟု ပြောသည်။
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ရခိုင်ပြည်နယ်ကျောက်တော်သို့ ရောက်ရှိလာသည့် ပြန်လွတ်လာသူများထဲမှ အိန္ဒိယ နိုင်ငံသား ၅ ဦးအနက် ၁ ဦးသေဆုံးသွားကြောင်း ပြောသည်။
ဖမ်းဆီးခေါ်ဆောင်သွားစဉ် အမောဖောက်ကာ သေဆုံးခြင်းဖြစ်သည်ဟု ပြန်လွတ်လာသူများ၏ ပြောကြားချက်ကို ကိုးကားကာရဲတပ်ဖွဲ့က ဆိုသည်။
သေဆုံးသူမှာ Mr vinoo Gopal (RPP ကုမ္ပဏီ)ဆိုသူဖြစ်ပြီး ရုပ်အလောင်းကို အေအေက ပြန်ထည့်ပေးလိုက်သည်ဟု သိရသည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List