Monday, November 04, 2019

လုံခြုံရေးနှင့် အခွင့်အရေးများကို ကာကွယ်ပေးရန် တာဝန်ကို မိမိတို့အစိုးရအနေဖြင့် ရှောင်လွှဲမည်မဟုတ်ကြောင်း ကုလအတွင်းရေးမှူးချုပ်အား ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်


မိမိတို့ကာကွယ်စောင့်ရှောက်ပေးရမယ့် သူတွေအားလုံးရဲ့ လုံခြုံရေးနဲ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ တာဝန်ကို မိမိတို့အစိုးရအနေနဲ့ ရှောင်လွှဲမှာမဟုတ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောကြားချက်အပေါ် ပြန်လည်တုန့်ပြန်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကဖော်ြပပါတယ်။
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ နိုဘာဝင်(၃)ရက်ကကျင်းပတဲ့ (၁၀)ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီး အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် စိုးရိမ်ပူပန်ကြောင်း၊ ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းရေးနဲ့ နေရပ်စွန့်ခွာသူတွေ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးမှာ မြန်မာအစိုးရရဲ့ တာဝန် ဖြစ်ကြောင်း၊ မြန်မာနဲ့ အာဆီယံတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်းနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းကြောင်း ထည့်သွင်းပြောကြားခဲ့တာပါ။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ် အရေးကိစ္စမှာ အလွန်သိမ်မွေ့ ရှုပ်ထွေးတဲ့ ကိစ္စတစ်ခု ဖြစ်ကြောင်း၊ မိမိတို့ လက်ရှိအစိုးရသက်တမ်းထက် ဆယ်ဆမက ကာလရှည်လျားစွာ ယင်းဒေသမှာ ရောက်ရှိနေကြတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ ပြဿနာရဲ့ သိမ်မွေ့ရှုပ်ထွေးမှု အတိုင်းအတာကို အနည်းအကျဉ်းမျှ သိထားဖို့ လိုအပ်ကြောင်း၊ မိမိတို့ ကာကွယ် စောင့်ရှောက်ပေးရမယ့် သူတွေအားလုံးရဲ့ လုံခြုံရေးနဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ တာဝန်ကို မိမိတို့ အစိုးရအနေနဲ့ ရှောင်လွှဲမှာ မဟုတ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ လက်မှတ်ရေးထိုးထားတဲ့ နှစ်နိုင်ငံ သဘောတူညီချက်၊ UNHCR ၊ UNDP တို့နဲ့ လက်မှတ်ရေးထိုးထားတဲ့ သုံးပွင့်ဆိုင် သဘောတူညီချက်တို့နဲ့အညီ စိစစ်အတည်ပြုပြီး ဖြစ်တဲ့ နေရပ်စွန့်ခွာ သူတွေကို ပြန်လည်လက်ခံဖို့ အပြည့်အဝ ကတိပြုထားပြီး ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူတွေ မိမိဆန္ဒအလျောက် အေးချမ်းလုံခြုံစွာနဲ့ ပြန်လာနိုင်မယ့် အသင့်လျော်ဆုံး ပတ်ဝန်းကျင်ဖြစ်စေရေးအတွက် မိမိတို့ရဲ့ ကြိုးပမ်း ဆောင်ရွက်နေမှုကို ကူညီပံ့ပိုးပေးကြတဲ့ အာဆီယံ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ AHA Centre တို့အပေါ် ကျေးဇူးတင်ရှိကြောင်း၊ ပြဿနာအပေါ် လက်တွေ့ကျပြီး ဘက်လိုက်မှုမရှိဘဲ မျှတတဲ့ ချဉ်းကပ်မှုနဲ့ အကူအညီ ပေးနေကြတဲ့ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ပြောကြားခဲ့ပါတယ်။


-----------------------------------------------------------

No comments:

Post a Comment

My Blog List