Tuesday, November 05, 2019

တပ်တွင်းမဲရုံများ ပြင်ပတွင်ထားရှိရေးပြင်ဆင်ချက် တပ်မတော်တာဝန်များသိမှသာ နည်းဥပဒေထုတ်ပြန်သင့် ဟု ပြည်ခိုင်ဖြိုး အမတ်ပြော



အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများကို နိုဝင်ဘာလ ၄ ရက်နေ့ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေပေးထားကြောင်း သိရသည်။

ယင်းဖြန့်ဝေထားသည့် နည်းဥပဒေတွင် “ကော်မရှင်၏ တာဝန်ပေးချက်နှင့် အညီ ယင်းတို့နှင့် အတူနေထိုင်ကြသည့် အိမ်ထောင်စုဝင်များနေထိုင်ရာ တပ်ရင်းတပ်ဖွဲ့များအတွက် မဲရုံနေရာ သတ်မှတ်ရာ၌ သက်ဆိုင်ရာ ရပ်ကွက်(သို့) ကျေးရွာ အုပ်စု အတွင်းရှိ မဲဆန္ဒရှင်များနှင့်အတူ ဆန္ဒမဲပေးရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များ၊ အကူ ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်သူများလွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်မည့် ထို တပ်ရင်းတပ်ဖွဲ့၏ ပြင်ပ သင့်လျော်သည့် နေရာတွင် သတ်မှတ်ပေးရမည်” ဆိုသည့် အချက်ပါရှိသည်။
ထိုကဲ့သို့ ပါရှိနေသည့် အတွက် တပ်မတော်၏ လုပ်ငန်းတာဝန်များကို ထည်ထည်ဝင်ဝင်သိမှသာ နည်းဥပဒေများထုတ်ပြန်သင့်သည်ဟု ပြည်ခိုင်ဖြိုးအမတ် ဖြစ်သူ ပျော်ဘွယ်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးသောင်းအေးက သုံးသပ်ပြောကြားလိုက်သည်။
“တပ်မတော်ရဲ့ သဘောသဘာ၀ နဲ့ တပ်မတော်ရဲ့ တည်ဆောက်ပုံ တပ်မတော်ရဲ့ လုပ်ငန်း တာဝန်တွေကို ဒါတွေကို ထဲထဲဝင်ဝင် သိပြီးမှ နည်းဥပဒေထုတ်ပြန်သင့်တယ်လို့ အန်ကယ်ကတော့ ဒီလိုပဲမြင်တယ်။ ဘာကြောင့်လဲဆိုတော့ တပ်တွေက အချို့ တပ်တွေဆိုရင် ရပ်ရွာတွေနဲ့ အရမ်းဝေးတယ်။ သူ့တာဝန်ထမ်းဆောင်နေရတဲ့ တာဝန်တွေကလည်း အင်မတန်ကြီးလေးတဲ့ ကိစ္စတွေဖြစ်တယ်။ အဲ့ဒီ အဝန်းဝိုင်းတွေ အဲ့ လုပ်ငန်းတာတွေ ကို ပစ်ပယ် ပြီးတော့ ဝေးလံတဲ့ နေရာ မဲရုံမှာ မဲဆန္ဒပေးရမယ်ဆိုတာ တော်တော်လေးတော့ အခက်အခဲတွေရှိသွားနိုင်တယ်။ လုံခြုံရေးလည်း ထိခိုက်နိုင်တယ်”ဟု ဦးသောင်းအေးကပြောသည်။
ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းးအဝေး အပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှု အပေါ် ဦးသောင်းအေးမှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
တပ်တွင်းမဲရုံများသည် လည်း ရွေးကောက်ပွဲကော်မရှင်၏ စည်းကမ်းနှင့် အညီ လုပ်ဆောင်ခြင်းဖြစ်ပြီး အဆိုပါ ကိစ္စအား ညှိနှိုင်းဆောင်ရွက်ပြီးမှ သာ လုပ်ဆောင်သင့်ကြောင်း ဦးသောင်းအေးကပြောသည်။
၎င်း ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ ဆွေးနွေးထားမှုမရှိသေးကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်ကပြောသည်။
“ကျွန်တော်တို့အဲ့ဒါကို လောလောဆယ် အဲ့ဒါကို ဘာမှ မဆွေးနွေးထားရသေးဘူး ဘာမှ မပြောရသေးဘူး။ ကျွန်တော်တို့ လုပ်ရင် ပြောပါ့မယ်”ဟု ဗိုလ်မှူးချုပ်မောင်မောင် ကပြောသည်။
အဆိုပါ နည်းဥပဒေ သည် ရက်ပေါင်း ၉၀ အတွင်းပြင်ဆင်ချက် မရှိပါက အတည်ဖြစ်မည်ဖြစ်ပြီး ပြင်ဆင်ချက်များရှိမည်ဆိုပါက အမျိုးသားလွှတ်တော်သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
“အမျိုးသားလွှတ်တော်လည်း ပြင်ဆင်ချက် မရှိဘူးဆိုရင် နည်းဥပဒေက အတည်ဖြစ်သွားပြီပေါ့။ အဲ့လို မှတ်ယူရမှာပေါ့။ တကယ်လို့ ပြင်ဆင်ချက်ရှိတယ်ဆိုရင်လည်း လွှတ်တော်မှာဆွေးနွေးဖို့ရှိပါတယ်”ဟု ပြည်သူ့လွှတ်တော်မှ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးနေမျိုးထွန်းကပြောသည်။
တပ်တွင်းမဲရုံထားရှိသည့် ကိစ္စနှင့် ပတ်သက်၍လည်း လက်ရှိမှာတော့ NLD ပါတီ မှ ကန့်ကွက်မှုများရှိနေကြောင်း သိရသည်။
_______________________________________
(Zawgyi)
တပ်တွင်းမဲရုံများ ပြင်ပတွင်ထားရှိရေးပြင်ဆင်ချက် တပ်မတော်တာဝန်များသိမှသာ နည်းဥပဒေထုတ်ပြန်သင့် ဟု ပြည်ခိုင်ဖြိုး အမတ်ပြော
နို၀င္ဘာ ၅
ယဉ်ကေနွယ်

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ပဥ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများကို နိုဝင်ဘာလ ၄ ရက်နေ့ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေပေးထားကြောင်း သိရသည်။
ယင်းဖြန့်ဝေထားသည့် နည်းဥပဒေတွင် “ကော်မရှင်၏ တာဝန်ပေးချက်နှင့် အညီ ယင်းတို့နှင့် အတူနေထိုင်ကြသည့် အိမ်ထောင်စုဝင်များနေထိုင်ရာ တပ်ရင်းတပ်ဖွဲ့များအတွက် မဲရုံနေရာ သတ်မှတ်ရာ၌ သက်ဆိုင်ရာ ရပ်ကွက်(သို့) ကျေးရွာ အုပ်စု အတွင်းရှိ မဲဆန္ဒရှင်များနှင့်အတူ ဆန္ဒမဲပေးရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များ၊ အကူ ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်သူများလွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်မည့် ထို တပ်ရင်းတပ်ဖွဲ့၏ ပြင်ပ သင့်လျော်သည့် နေရာတွင် သတ်မှတ်ပေးရမည်” ဆိုသည့် အချက်ပါရှိသည်။
ထိုကဲ့သို့ ပါရှိနေသည့် အတွက် တပ်မတော်၏ လုပ်ငန်းတာဝန်များကို ထည်ထည်ဝင်ဝင်သိမှသာ နည်းဥပဒေများထုတ်ပြန်သင့်သည်ဟု ပြည်ခိုင်ဖြိုးအမတ် ဖြစ်သူ ပျော်ဘွယ်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးသောင်းအေးက သုံးသပ်ပြောကြားလိုက်သည်။
“တပ်မတော်ရဲ့ သဘောသဘာဝ နဲ့ တပ်မတော်ရဲ့ တည်ဆောက်ပုံ တပ်မတော်ရဲ့ လုပ်ငန်း တာဝန်တွေကို ဒါတွေကို ထဲထဲဝင်ဝင် သိပြီးမှ နည်းဥပဒေထုတ်ပြန်သင့်တယ်လို့ အန်ကယ်ကတော့ ဒီလိုပဲမြင်တယ်။ ဘာကြောင့်လဲဆိုတော့ တပ်တွေက အချို့ တပ်တွေဆိုရင် ရပ်ရွာတွေနဲ့ အရမ်းဝေးတယ်။ သူ့တာဝန်ထမ်းဆောင်နေရတဲ့ တာဝန်တွေကလည်း အင်မတန်ကြီးလေးတဲ့ ကိစ္စတွေဖြစ်တယ်။ အဲ့ဒီ အဝန်းဝိုင်းတွေ အဲ့ လုပ်ငန်းတာတွေ ကို ပစ်ပယ် ပြီးတော့ ဝေးလံတဲ့ နေရာ မဲရုံမှာ မဲဆန္ဒပေးရမယ်ဆိုတာ တော်တော်လေးတော့ အခက်အခဲတွေရှိသွားနိုင်တယ်။ လုံခြုံရေးလည်း ထိခိုက်နိုင်တယ်”ဟု ဦးသောင်းအေးကပြောသည်။
ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းးအဝေး အပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှု အပေါ် ဦးသောင်းအေးမှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
တပ်တွင်းမဲရုံများသည် လည်း ရွေးကောက်ပွဲကော်မရှင်၏ စည်းကမ်းနှင့် အညီ လုပ်ဆောင်ခြင်းဖြစ်ပြီး အဆိုပါ ကိစ္စအား ညှိနှိုင်းဆောင်ရွက်ပြီးမှ သာ လုပ်ဆောင်သင့်ကြောင်း ဦးသောင်းအေးကပြောသည်။
၎င်း ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ ဆွေးနွေးထားမှုမရှိသေးကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်ကပြောသည်။
“ကျွန်တော်တို့အဲ့ဒါကို လောလောဆယ် အဲ့ဒါကို ဘာမှ မဆွေးနွေးထားရသေးဘူး ဘာမှ မပြောရသေးဘူး။ ကျွန်တော်တို့ လုပ်ရင် ပြောပါ့မယ်”ဟု ဗိုလ်မှူးချုပ်မောင်မောင် ကပြောသည်။
အဆိုပါ နည်းဥပဒေ သည် ရက်ပေါင်း ၉၀ အတွင်းပြင်ဆင်ချက် မရှိပါက အတည်ဖြစ်မည်ဖြစ်ပြီး ပြင်ဆင်ချက်များရှိမည်ဆိုပါက အမျိုးသားလွှတ်တော်သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
“အမျိုးသားလွှတ်တော်လည်း ပြင်ဆင်ချက် မရှိဘူးဆိုရင် နည်းဥပဒေက အတည်ဖြစ်သွားပြီပေါ့။ အဲ့လို မှတ်ယူရမှာပေါ့။ တကယ်လို့ ပြင်ဆင်ချက်ရှိတယ်ဆိုရင်လည်း လွှတ်တော်မှာဆွေးနွေးဖို့ရှိပါတယ်”ဟု ပြည်သူ့လွှတ်တော်မှ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးနေမျိုးထွန်းကပြောသည်။
တပ်တွင်းမဲရုံထားရှိသည့် ကိစ္စနှင့် ပတ်သက်၍လည်း လက်ရှိမှာတော့ NLD ပါတီ မှ ကန့်ကွက်မှုများရှိနေကြောင်း သိရသည်။
#TheFifthWave

No comments:

Post a Comment

My Blog List