Monday, November 04, 2019

လွှတ်တော်အမတ်မှလွဲ၍ ၉ ဦးကို AA ပြန်လွှတ်လိုက်ဟု တပ်မတော်ဆို


 Image may contain: 1 person, closeup
ယမန်နေ့က ရခိုင်တပ်တော် (AA)မှ ဖမ်းဆီးခေါ်ဆောင်သွားသူများတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းမှလွှဲ၍ ကျန် ၉ ဦးကို ယနေ့မနက်တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Now ကိုပြောသည်။

“လွှတ်တော်အမတ်ကလွဲလို့ နိုင်ငံခြားသား ၅ ယောက် လှေသမား ၃ယောက် စုစုပေါင်း ၉ ယောက်ပြန်လွတ်တယ်။ နိုင်ငံခြားသားတစ်ယောက်ကတော့ ဖမ်းဆီးခံရစဉ်မှာသေဆုံးသွားတယ်။ ပြန်လွှတ်တော့ အလောင်းပြန်ထည့်ပေးလိုက်တယ်” ဟု ၎င်းက ပြောဆိုသည်။
ယနေ့မနက် ၆ နာရီလောက်တွင် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး ကျောက်တော်နှင့် ၇ မိုင်ခန့်အကွာတွင် ရှိသည့် ကွင်းဆေးရွာမှ ပြန်လွတ်လာခြင်းဖြစ်ကြောင်း ကျောက်တော်နှင့် ပလက်ဝတွင် လှုပ်ရှားသည့် လက်နက်ကိုင်တပ်ဖွဲ့မှာ AA သာရှိကြောင်း ၎င်းကဆိုသည်။
၎င်းတို့ကို ကျောက်တော်မြို့မ ရဲစခန်းတွင် စစ်ဆေးမှုများ လုပ်ဆောင်နေပြီး တပ်မတော်ကမူ နယ်မြေရှင်းလင်းကယ်ဆယ်ရေး လုပ်ငန်းများဆက်လုပ်နေကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးကဆိုသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) ၏ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်း သည် နေပြည်တော်တွင် ယနေ့ပြန်စမည့် လွှတ်တော်အစည်းအဝေးတက်ရန် ရေလမ်းကြောင်းဖြင့် ချင်းပြည်နယ် ပလက်ဝ မှ ရခိုင်ပြည်နယ် ကျောက်တော် သို့ အသွား ပွေ့ကုန်းအမည်ရှိနေရာတွင် ပျောက်ဆုံးနေခြင်းဖြစ်သည်။
သူနှင့်အတူ နိုင်ငံခြားသား ငါးဦး ၊ စကားပြန် နှင့် ယာဥ်မောင်း များအပါအဝင် စုစုပေါင်း ၁၀ ဦး ပျောက်ဆုံးနေခြင်းဖြစ်ပြီး ယနေ့နံနက်တွင် ၉ ဦးပြန်လွတ်လာခြင်းဖြစ်သည်။
ဉာဏ်လှိုင်လင်း / Myanmar Now

No comments:

Post a Comment

My Blog List