Tuesday, November 05, 2019

မြန်မာနိုင်ငံမှ ကိုရီးယား ကုမ္ပဏီ ၁၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့ချင်နေဟုဆို

Image may contain: 4 people, people smiling, people standing and suit
မြန်မာနိုင်ငံက တောင်ကိုရီးယားကုမ္ပဏီ ၁၀၀ လောက်ဟာ ၎င်းတို့လုပ်ငန်းတွေကို ဘင်္ဂလားဒေ့ရှ်မှာ ပြောင်းရွှေ့ လုပ်ကိုင်လိုနေတယ်လို့ ဘင်္ဂလားဒေ့ရှ်စီးပွားရေးဇုန်အာဏာပိုင်များအဖွဲ့ (BEZA) က ပြောပါတယ်။
လျှပ်စစ်မီးပြက်တောက်မှု၊ ရေပေးဝေမှုနဲ့ တခြားပြသာနာတွေအပါအဝင် မြန်မာနိုင်ငံရဲ့ အခြေခံအဆောက် အအုံအားနည်းချက်တွေကြောင့် ကိုရီးယားကုမ္ပဏီတွေဟာ ဘင်္ဂလားဒေ့ရှ်မှာ ပြောင်းရွှေ့လုပ်ငန်းလုပ်ကိုင် လိုကြတာဖြစ်တယ်လို့ BEZA က တနင်္လာနေ့ ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

တောင်ကိုရီးယားစက်မှုလုပ်ငန်းကုမ္ပဏီ(KIC) ဟာ မြန်မာနိုင်ငံက ပဲခူးမြို့နဲ့ မွန်ပြည်နယ်တို့ မှာ ၂၀၁၃ ခုနှစ်က စတင်ပြီး စက်မှုဇုန်နှစ်ခုကို ဆောင်ရွက်ခဲ့ကာ အခြေခံအဆောက်အအုံအားနည်းချက်တွေကြောင့် ပြသာနာ တွေနဲ့ ရင်ဆိုင်နေရတယ်လို့ BEZA ကပြောပါတယ်။

ဒါကြောင့် လက်ရှိအရှေ့တောင်အာရှနိုင်ငံတွေက ကုမ္ပဏီ ၁၀၀ လောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်စက်မှုဇုန်မှာ လာရောက်လုပ်ကိုင်ဖို့ ကိုရီးယားကုမ္ပဏီတွေက စိတ်ဝင်စားနေကြတယ်လို့ BEZA က ပြောပါတယ်။

(unicode)
မြန်မာနိုင်ငံမှ ကိုရီးယား ကုမ္ပဏီ ၁၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့ချင်နေဟုဆို
…………………………………………………………

မြန်မာနိုင်ငံက တောင်ကိုရီးယားကုမ္ပဏီ ၁၀၀ လောက်ဟာ ၄င်းတို့လုပ်ငန်းတွေကို ဘင်္ဂလားဒေ့ရှ်မှာ ပြောင်းရွှေ့ လုပ်ကိုင်လိုနေတယ်လို့ ဘင်္ဂလားဒေ့ရှ်စီးပွားရေးဇုန်အာဏာပိုင်များအဖွဲ့ (BEZA) က ပြောပါတယ်။

လျှပ်စစ်မီးပြက်တောက်မှု၊ ရေပေးဝေမှုနဲ့ တခြားပြသာနာတွေအပါအဝင် မြန်မာနိုင်ငံရဲ့ အခြေခံအဆောက် အအုံအားနည်းချက်တွေကြောင့် ကိုရီးယားကုမ္ပဏီတွေဟာ ဘင်္ဂလားဒေ့ရှ်မှာ ပြောင်းရွှေ့လုပ်ငန်းလုပ်ကိုင် လိုကြတာဖြစ်တယ်လို့ BEZA က တနင်္လာနေ့ ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

တောင်ကိုရီးယားစက်မှုလုပ်ငန်းကုမ္ပဏီ(KIC) ဟာ မြန်မာနိုင်ငံက ပဲခူးမြို့နဲ့ မွန်ပြည်နယ်တို့ မှာ ၂၀၁၃ ခုနှစ်က စတင်ပြီး စက်မှုဇုန်နှစ်ခုကို ဆောင်ရွက်ခဲ့ကာ အခြေခံအဆောက်အအုံအားနည်းချက်တွေကြောင့် ပြသာနာ တွေနဲ့ ရင်ဆိုင်နေရတယ်လို့ BEZA ကပြောပါတယ်။

ဒါကြောင့် လက်ရှိအရှေ့တောင်အာရှနိုင်ငံတွေက ကုမ္ပဏီ ၁၀၀ လောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်စက်မှုဇုန်မှာ လာရောက်လုပ်ကိုင်ဖို့ ကိုရီးယားကုမ္ပဏီတွေက စိတ်ဝင်စားနေကြတယ်လို့ BEZA က ပြောပါတယ်။


No comments:

Post a Comment

My Blog List