Tuesday, November 05, 2019

ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးထားသူ ၂၅ ဦးကို AA ပြန်လည်လွှတ်ပေး


Image may contain: outdoor, nature and water
ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးထားသူ ၂၅ ဦးကို AA အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ် သည်ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း အောင်သိန်းက အတည်ပြုပြောဆိုသည်။

“သူတို့ကို ပြန်လွှတ်ပေးလိုက်တာဟုတ်ပါတယ်။ ကျွန်တော်တို့ ခေါ်ဖို့သွားနေပါတယ် ဘယ်သူတွေ ပါတယ် မပါဘူးဆိုတာတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး”ဟု ဦးထွန်းအောင်သိန်းက ပြောသည်။
ပြန်လည်လွတ်မြောက်လာသူများကို ဘူးသီးတောင်မြို့နယ်၊ စက်ခေါ်ကျေးရွာသို့ လာရောက်လွှတ် ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လွှတ်မြောက်လာသူများထဲတွင် ဟိန္ဒူလူမျိုး လူမျိုး ၂ဦးပါဝင်ကြောင်း ကနဦးသတင်းများအရ သိရ သည်။
အောက်တိုဘာ ၂၆ ရက်က ရွှေနဒီအမြန်ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သား ၅၆ ဦးကို AA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ်မဲဆန္ဒနယ်မြေ(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား AA အဖွဲ့ က နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ပြန်လည်စေလွှတ်ပေးခြင်း မရှိသေးပေ။
နိုဝင်ဘာ ၄ ရက်နေ့က AA ၏ထုတ်ပြန်ချက်တွင် စစ်ဖက်နှင့် မသက်ဆိုင်သည့် ဖမ်းဆီးထားသည့် မီးသတ်ဝန်ထမ်းများကို မကြာမှီပြန်လည်စေလွှတ်ပေးမည်ဟု ပြောဆိုထားသည်။
ဓာတ်ပုံ _ ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်
(Zawgyi)
ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးထားသူ ၂၅ ဦးကို AA ပြန်လည်လွှတ်ပေး
ႏိုဝင္ဘာ ၅
ကျော်သူမြင့်
ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးထားသူ ၂၅ ဦးကို AA အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း အောင်သိန်းက အတည်ပြုပြောဆိုသည်။
“သူတို့ကို ပြန်လွှတ်ပေးလိုက်တာဟုတ်ပါတယ်။ ကျွန်တော်တို့ ခေါ်ဖို့သွားနေပါတယ် ဘယ်သူတွေ ပါတယ် မပါဘူးဆိုတာတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး”ဟု ဦးထွန်းအောင်သိန်းက ပြောသည်။
ပြန်လည်လွတ်မြောက်လာသူများကို ဘူးသီးတောင်မြို့နယ်၊ စက်ခေါ်ကျေးရွာသို့ လာရောက်လွှတ် ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လွှတ်မြောက်လာသူများထဲတွင် ဟိန္ဒူလူမျိုး လူမျိုး ၂ဦးပါဝင်ကြောင်း ကနဦးသတင်းများအရ သိရ သည်။
အောက်တိုဘာ ၂၆ ရက်က ရွှေနဒီအမြန်ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သား ၅၆ ဦးကို AA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ်မဲဆန္ဒနယ်မြေ(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား AA အဖွဲ့ က နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ပြန်လည်စေလွှတ်ပေးခြင်း မရှိသေးပေ။
နိုဝင်ဘာ ၄ ရက်နေ့က AA ၏ထုတ်ပြန်ချက်တွင် စစ်ဖက်နှင့် မသက်ဆိုင်သည့် ဖမ်းဆီးထားသည့် မီးသတ်ဝန်ထမ်းများကို မကြာမှီပြန်လည်စေလွှတ်ပေးမည်ဟု ပြောဆိုထားသည်။
ဓာတ်ပုံ _ ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်

No comments:

Post a Comment

My Blog List