Tuesday, November 05, 2019

မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေးကူညီနေကြောင်း အမေရိကန်သံရုံး သတင်းထုတ်ပြန်



မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ကူညီအားပေးနေကြောင်းနှင့် အမေရိကန် ကုမ္ပဏီများအနေဖြင့်လည်း အလိုက်သင့်တုန့်ပြန် နေကြကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက သတင်း ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် "မြန်မာနိုင်ငံအတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အမေရိကန် ကုမ္ပဏီတွေက အလိုက်သင့် တုံ့ပြန်နေကြပါပြီ။ မြန်မာနိုင်ငံအတွင်း ဒီပြုပြင်ပြောင်းလဲမှုတွေကို နည်းပညာအကူအညီတွေကတစ်ဆင့် အမေရိကန်ပြည်ထောင်စုက အားပေးကူညီပါတယ်။ မြန်မာနိုင်ငံအတွင်း အားလုံးပါဝင်နိုင်တဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို မြှင့်တင်ဖို့အတွက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီက ဒေါ်လာ ၁၆၅ သန်းတန်း အစီအစဉ်ရှိပါတယ်။ ဒါဟာ ဒေသတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး အားလုံးအကျုံးဝင်တဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေး ကူညီနေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်"ဟု U.S. Embassy Rangoon က ယင်း၏ လူမှု ကွန်ယက် စာမျက်နှာမှတစ်ဆင့် အသိပေးထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်
အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအကြံပေး Mr. Robert C.O´ Brien နှင့်လည်း အာဆီယံထိပ်သီး အစည်းအဝေးကျင်းပသည့် Impact Exhibition and Convention Center ၌ သီးသန့်တွေ့ဆုံခဲ့ရာ မြန်မာ - အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာလာရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် သားရဲတိရိစ္ဆာန်တရား မဝင်ရောင်း ဝယ်မှုတားဆီးကာ ကွယ်တိုက်ဖျက်ရေး၊ ကောင်စစ်ရေးရာကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများဆက်လက်တိုးမြှင့်သွားရေး၊ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား နှစ်နိုင်ငံသဘောတူစာချုပ်နှင့်အညီ ပြန်လည်စိစစ်လက်ခံရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအဖွဲ့ အစည်းများဖြစ်သည့် UNHCR၊ UNDP တို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုများအပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။
Image may contain: one or more people, tree, sky and outdoor 
ပန်ပန်/Myanmar Harp

No comments:

Post a Comment

My Blog List