Tuesday, November 05, 2019

ဒေါ်အောင်ဆန်းစုကြည်နှင့် ရုရှားဝန်ကြီးချုပ်တို့ ကုန်သွယ်ရေး၊ စွမ်းအင်၊ စက်မှု၊ မြို့ပြလေကြောင်းနှင့် ပညာရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မနေ့က(နိုဝင်ဘာလ ၄ ရက်နေ့) ရုရှားသမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် အာဆီယံထိပ်သီးအစည်းအဝေးကျင်းပသည့် Impact Exhibition and Convention Center ၌ သီးသန့်တွေ့ဆုံခဲ့ပြီး ရုရှား-မြန်မာ ကုန်သွယ်ရေး၊ စွမ်းအင်၊ စက်မှု၊ မြို့ပြလေကြောင်းနှင့် ပညာရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံထိပ်သီးအစည်းအဝေးကျင်းပလျက်ရှိသည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရုရှားသမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr.Dmitry Medvedev နှင့် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် Impact Exhibition and Convention Center ရှိ Sapphire – 111 ၌ တွေ့ဆုံခဲ့ကြ သည်။
တွေ့ဆုံစဉ် မြန်မာ - ရုရှား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ခိုင်မာစေရေး၊ စွမ်းအင်၊ စက်မှု၊ မြို့ပြလေကြောင်း၊ ပညာရေးကဏ္ဍများအပါအဝင် ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်သွားရေး၊ မြန်မာ - ရုရှားကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်အစည်းအဝေးကို နေပြည်တော်၌ ကျင်းပသွားရေး၊ အဆင့်မြင့်ကိုယ် စားလှယ်များအပြန်အလှန်လည်ပတ်ရေးနှင့် နိုင်ငံတကာမျက်နှာစာ တွင် ဆက်လက်၍ နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း နိုင်ငံ‌တော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။
မောင်‌မောင်/ Myanmar Harp

No comments:

Post a Comment

My Blog List