Tuesday, November 05, 2019



Image may contain: 4 people, people standing and outdoor


မြန်မာလေကြောင်းအတွက် သိမ်းဆည်းခံယာမြေများ ပြန်လည်စွန့်လွှတ်ရေး၊ သိမ်းဆည်းခံယာမြေများအတွက် ပုံစံ(၇)အမြန်ရရှိရေး၊ မြန်မာလေကြောင်း၏ သတ်မှတ်ခြံစည်းရိုးပြင်ပ လွတ်လပ်ယာမြေများ လက်ဝယ်ရရှိရေး၊ စီမံကိန်းအကောင်အထည်မရှိဘဲလျော်ကြေး၊ နစ်နာကြေးရယူထားခြင်းမရှိတဲ့ယာမြေများ ပြန်လည်ရရှိရေးနှင့် တောင်သူများစဉ်ဆက်မပြတ်လုပ်ကိုင်စားသောက်လျှက်ရှိနေသောယာမြေများပုံစံ(၇)ရရှိရေးတို့ကို ဗီနိုင်း များနှင့်အတူ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။

Image may contain: 6 people, people standing, hat and outdoor 
Image may contain: 4 people, people standing, hat and outdoor 
Image may contain: one or more people and outdoor 

(unicode)
မြန်မာ့လေကြောင်းမှ သိမ်းဆည်းထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသည့်မြေများ စွန့်လွှတ်ပေးရန် ဆန္ဒထုတ်ဖော် 
...................................................................................

မကွေး၊ နိုဝင်ဘာ - ၅
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မကွေး - မြန်မာ့လေကြောင်းသိမ်းဆည်ခံမြေယာများ၌ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းမရှိသည့်မြေယာများကို ပြန်လည်စွန့်လွှတ်ပေးရန် ယနေ့နံနက်ပိုင်း၌ သိမ်းဆည်းခံတောင် သူများ မကွေးမြို့၌ ဆန္ဒထုတ်ဖော်ခဲ့သည်။
မြန်မာလေကြောင်းအတွက် သိမ်းဆည်းခံယာမြေများ ပြန်လည်စွန့်လွှတ်ရေး၊ သိမ်းဆည်းခံယာမြေများအတွက် ပုံစံ(ရ)အမြန်ရရှိရေး၊ မြန်မာလေကြောင်း၏ သတ်မှတ်ခြံစည်းရိုးပြင်ပ လွတ်လပ်ယာမြေများ လက်ဝယ်ရရှိရေး၊ စီမံကိန်းအကောင်အထည်မရှိဘဲလျော်ကြေး၊ နစ်နာကြေးရယူထားခြင်းမရှိတဲ့ယာမြေများ ပြန်လည်ရရှိရေးနှင့် တောင်သူများစဉ်ဆက်မပြတ်လုပ်ကိုင်စားသောက်လျှက်ရှိနေသောယာမြေများပုံစံ(ရ)ရရှိရေးတို့ကို ဗီနိုင်း များနှင့်အတူ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို သိမ်းဆည်းခံတောင်သူ ၁၀၀ ခန့် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။
#PeopleMedia #Magway

No comments:

Post a Comment

My Blog List