Tuesday, March 25, 2014

MH370 အိန္ဒိယသမုဒ္ဒရာထဲ ပျက်ကျ၊ အသက်ရှင်ကျန်ရစ်သူမရှိလို့ဆို


ပျောက်ဆုံးနေတဲ့ ​မလေးရှားလေယာဉ် ​ဟာ ​အိန္ဒိယသမုဒ္ဒရာ ​တောင်ပိုင်းမှာ ​ပျက်ကျသွားပြီး ​လေယာဉ်ပေါ် မှာ ​လိုက်ပါလာသူအားလုံး ​အသက်ရှင်ကျန်ရစ်တာ ​မရှိနိုင်ဘူးလို့ ​မလေးရှားဝန်ကြီးချုပ် ​Najib ​Razak ​က ​ပြောလိုက်ပါတယ်။
နောက်ဆုံးရရှိခဲ့တဲ့ ​သတင်းအချက် ​အလက်တွေအရ ​ဝေးလံခေါင်ဖျားတဲ့ ​အိန္ဒိယ ​သမုဒ္ဒရာ ​ထဲမှာ ​လေယာဉ် ​ပျက်ကျ ​ခဲ့တာ ​ဖြစ်ကြောင်း ​နဲ့ ​ဒီလေယာဉ်ပျောက်ကို ​ခြေရာခံတဲ့ ​နည်းပညာတွေဟာ ​အရင်တုန်းက ​တခါမှ ​အသုံးမပြုဖူးတဲ့ ​အဆင့်မြင့် ​နည်းပညာတွေကို ​အသုံးပြု ​ခဲ့တယ်လို့လည်း ​မလေးရှား ​၀န်ကြီးချုပ်က ​ထပ်လောင်း ​ပြောကြားခဲ့ပါတယ်။

လေယာဉ်ပေါ်လိုက်ပါသွားတဲ့ ​ခရီးသည်တွေနဲ့ ​လေယာဉ် ​အမှုထမ်းတွေရဲ့ ​မိသားစုဝင်တွေ ​ကိုလည်း ​မလေးရှား ​လေကြောင်းလိုင်းက ​ဆက်သွယ်ပြီး ​တယ်လီဖုန်း ​ကနေတဆင့် ​သတင်း ​စကားတွေ ​ပြောပြလိုက်ပြီလို့ ​ဆိုပါတယ်။

လူပေါင်း ​၂၃၉ ​ဦး ​လိုက်ပါလာတဲ့ ​လေယာဉ်အမှတ် ​MH ​370 ​ဟာ ​မတ်လ ​၈ ​ရက်နေ့ ကတည်းက ​ပျောက်ဆုံးနေခဲ့တာ ​ဖြစ်ပါတယ်။

ဒီလေယာဉ်ဟာ ​မလေးရှားနိုင်ငံ ​ကွာလာလမ်ပူမြို့ကနေ ​တရုတ်နိုင်ငံ ​ဘေကျင်းမြို့ကို ​ပျံသန်းနေ ခဲ့ရာကနေ ​လမ်းကြောင်းသွေဖီပြီး ​ဘာကြောင့် ​အိန္ဒိယ ​သမုဒ္ဒရာထဲရောက်ခဲ့သလဲ ​ဆိုတာကိုတော့ ​အခုချိန်အထိ ​မသိရှိရသေးပါဘူး။

ABC

No comments:

Post a Comment

My Blog List