မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နှင့် ပခုက္ကူမြို့တို့တွင် ၂ဝဝ၈
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒဖော်ထုတ်ရန် ဒေသခံများက
သက်ဆိုင်ရာတာဝန်ရှိသူများထံ ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း
ခွင့်ပြုချက်မရရှိသောကြောင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့ဝင်များက ယင်းဒေသခံများနှင့်
ပူးပေါင်းဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။
မတ်လ၊ ၂၅ ရက်တွင် မကွေးမြို့၌ ပြုလုပ်မည့် အဆိုပါ ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ရန် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို၊ ကိုမာကီ၊ ကိုဥာဏ်လင်း နှင့် မမီးမီး တို့ ပါဝင်သော အဖွဲ့သည် မတ်လ၊ ၂၄ ရက်က ရန်ကုန်မြို့မှ မကွေးမြို့သို့ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)သည် မတ်လ၊ ၂၆ ရက် တွင် ပခုက္ကူမြို့၌ ပြုလုပ်မည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒဖော်ထုတ် ပွဲတွင်လည်း ပခုက္ကူဒေသခံများနှင့်အတူ ပူးပေါင်း ဆန္ဒထုတ်ဖော်သွားမည်ဟု သိရသည်။

The Myanmar Age
No comments:
Post a Comment