Monday, March 24, 2014

အမျိုးသားဒီမိုကရေစီ်ဥက္ကဋ္ဌ မိုးကုတ်မြို့ခံလူထုနှင့် တွေ့ဆုံပြီးနောက် မန္တလေးမြို့ခံ စာရေးဆရာများနှင့် ပြင်ဦးလွင်တွင် တွေ့ဆုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အခြေခံဥပဒေ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲကို မိုးကုတ်မြို့ အောင်နန်းရပ် အားကစားကွင်းတွင် မတ် ၂၂ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပြီးနောက် မိုးကုတ်-ကျပ်ပြင် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ ဟောပြောပွဲကို မတ် ၂၃ ရက် နံနက်ပိုင်းတွင် မိုးကုတ်မြို့ အနောက်ဖက် ၇ မိုင်ခန့်ဝေးသော ကျပ်ပြင်မြို့နယ်တွင် ထပ်မံပြုလုပ်ခဲ့သည်။
အဆိုပါ မိုးကုတ်မြို့နယ်လူထုနှင့် တွေ့ဆုံပွဲများကို ဒေသခံထောင်နှင့်ချီ တက်ရောက်ခဲ့ကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော အကြောင်းအရာများကို အဓိကထား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မိုးကုတ်-ကျပ်ပြင်ဒေ သမှ ပြင်ဦးလွင်သို့ ဆက်လက်ထွက်ခွာခဲ့ကာ မနလေးမြို့ခံ စာရေးဆရာများနှင့် ပြင်ဦးလွင် တော်ဝင်နှင်း ဆီ နှင်းဆီခြံတွင် တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲမှာ ဧရာဝတီ စာပေပွဲတော်တွင် မတက်ရောက်ခဲ့သော မန္တလေးမြို့ခံ စာရေးဆရာများနှင့် သီးသန့်တွေ့ဆုံနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကာ စာရေးဆရာ ၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲတွင် မိုးကုတ်ဒေသခံများကို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဦးအောင်ကြည်ထွန်းတို့က ရှင်းလင်းပြောကြားခဲ့ကြ ပြီး ဒေသခံများ၏ ပြန်လည်မေးမြန်းချက်များကို ဖြေကြားခဲ့ကြသည်။

ဧရာဝတီ စာပေပွဲတော်နှင့် ပတ်သက်ပြီး တွေ့ဆုံခဲ့သော မန္တလေးမြို့ခံ စာရေးဆရာများမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲချုပ်အနေဖြင့် လူထုမျှော်လင့်သကဲ့သို့ ၀င်ရောက် ယှဉ်ပြိုင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း လူထုမျှော်လင့်မှု များအပေါ် အတတ်နိုင်ဆုံး ပေးဆပ်သွားနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List