Tuesday, March 25, 2014

တပ်မတော်နေ့ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ကြသူအနုပညာရှင်တို့ အမှတ်တရ







တစ်ချိန်က တပ်မတော်နေ့ကို တော်လှန်ရေးနေ့အခမ်းအနားအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအထိ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပေသည်။ အနယ်နယ်အရပ်ရပ် တွင်လည်း ပိုစတာ နံရံကပ်အနု ပညာပြိုင်ပွဲများ၊ ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများဟူ၍ အသီးသီး ပူးတွဲကျင်းပခဲ့ သလို ဂုဏ်ပြုစစ်ကြောင်း ချီလာ သည့် တပ်မတော်သားများအား မြို့မိမြို့ဖ ပြည်သူ ပြည်သားများ က သောင်းသောင်း ဖြဖြကြိုဆို၍ ဂုဏ်ပြုပန်းကုံးစွပ်ကြပေသည်။

ထိုကဲ့သို့သော တပ်မတော် နှင့် ပြည်သူကြည်ဖြူညီတူ စိတ်ထားဖွဲ့ မြင်ကွင်းပုံရိပ်တို့ကား မြန်မာနိုင်ငံ၏ အနာဂတ် ခွန်အားသစ်များအနေနှင့် ဖြစ်တ ည်ကျန် ရစ်စေခဲ့ပါသည်။ ထိုကဲ့သို့သော သမိုင်းအစဉ် အလာကောင်းများနှင့် ဖြစ်တည်ခဲ့သော တပ်မတော်နေ့ကို ကိုယ်တိုင်ကြုံ တွေ့ ဖြတ်သန်းခဲ့ဖူးသူတို့၏ အမှတ်တရစကား သံများကို စု စည်းဖော်ပြ လိုက်ပါသည်။

စာရေးဆရာ၊ ပန်းချီဆရာ၊ ဒါရိုက်တာဦးဝင်းဖေ

” ဟိုတုန်းက တပ်မတော်နေ့ မြင်ကွင်း၊ အမှတ်တရတွေတော့ အများကြီးပါပဲ။ ဒါတွေကို အဓိကထားပြီး မပြောချင်ဘူး။ ငယ်ငယ်တုန်းကဆို တပ်မတော်ကို ပျိုတိုင်းကြိုက် တဲ့နှင်းဆီခိုင်လို့ ခေါ်ကြတယ်။ ဒါက သူတို့ရဲ့ တရားဝင်ဂုဏ်ထူးတစ်ခုပေါ့။ အဲဒီပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဆိုတဲ့ ဂုဏ်ထူးတစ်ရပ်တပ်မတော် မှာ ပျောက်ကွယ်သွားတာ၊ ဆုံးရှုံး သွားတာအတော်ကြာနေပြီ။ အတော်ကြာခဲ့ပြီ။ အဲဒီ တော့ တပ်မတော်နေ့ အခမ်းအနားကလည်း အများကြီးကြာသွားပြီ။ရှေးတုန်းက တပ်မတော် နေ့ အခမ်း အ နားပေါ့လေ။

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆိုတဲ့စကားနဲ့အညီ တပ်မတော်နေ့မှာ ချီတက်ကြတဲ့အခမ်းအနားတွေလုပ်ရင် လူတိုင်းလူတိုင်းမျှော်ရှုကြတယ်။ ကြည့်ကြတယ်။ လက်ခုပ်လက်ဝါးတီးကြတယ်။ အားပေးကြတယ်။ အဲဒီဘွဲ့မရှိတဲ့နောက် လူတိုင်းစိတ်ထဲမှာမရှိဘူး။ တချို့တွေရဲ့ ရင်ထဲမှာမရှိကြဘူး။ မျက်နှာလွှဲနေတာတွေရှိ တာပေါ့။ ဒါကိုတပ်မတော်နေ့မှာ တပ်မတော်သားတိုင်း အငယ်ဆုံးကနေ အကြီးဆုံးအထိ ခေါင်းထဲမှာ ဒီလိုမျိုးရှိခဲ့တယ်ဆိုတာ လျစ်လျူမရှုသင့်ဘူး။ တပ်မတော်နေ့နဲ့ ပတ်သက် လာ ရင် ပြောစရာ တွေ တစ်ပုံကြီးပဲ။ ထူးခြားတာတွေလည်း အများကြီးပဲ။ ဒါကလူတွေအားလုံးမှာလည်းရှိ တယ်။ ဒီလိုရှိတယ်ဆို တာကို တပ်မတော်ကလည်း သိတယ်။ တိုင်းပြည်ကလည်း သိတယ်။ နှစ်တွေများ ၊ ပြဿနာတွေ များများပေါ့။ ဒါကိုဖြေရှင်းဖို့၊ အဖြစ်အပျက်တွေကို ဖြေရှင်းဖို့ တပ်မတော်က ဘယ်လိုကူညီပေးနိုင်မလဲ ဆိုတာ သူ တို့စဉ်းစားပေးဖို့ ဒါပဲရှိတယ်”

ဇာတ်ညွှန်းဆရာဆုသြချယ်

” ကျွန်တော်တို့ ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ တပ်မတော်နေ့ပုံရိပ်ကတော့ ဟိုးငယ်ငယ်တုန်းက ကြံ့ခိုင်ပျော်ရွှင် သင်တန်းဆိုတာရှိတယ်။ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း တွေမှာ လိုက်ပြီးဖွင့်လှစ်တာ။ အဲဒီမှာသင်ပေးတဲ့၊ အခြေခံစစ်ပညာကို သင်ပေးတဲ့ဆရာကြီး တွေရှိတယ်။ ကျွန်တော်တို့ တအားချစ်ကြရ တာ။ အဲဒီသင် တန်းတွေပြီးလို့ ကျွန်တော်တို့ ရှစ်တန်း ကိုအောင်၊ ကိုးတန်းကို အောင်ပြီးတော့အခါမှာတော့ သူငယ်ချင်းတွေဆို စစ်တပ်ထဲ အကုန်ဝင်သွားကြတာ။ တော်တော်လေးကို ချစ်ခဲ့ကြတယ်။ တပ်မတော် ကိုပေါ့။ ဒီဘက်ပိုင်းတဖြည်းဖြည်းနဲ့ ကြာလာတဲ့အခါကျတော့၊ အရေးပေးတာတို့၊ ဘာတို့ဖြစ်လာတဲ့အခါ ကျွန်တော့် အစ်ကိုနှစ်ယောက်လည်း တပ်ထဲကပါပဲ။ ဒါပေမဲ့ ပြောချင်တာက ဟသွားတယ်။ အရင်တုန်း က တော်လှန်ရေးနေ့ဆိုရင် ကျွန်တော်တို့ ရန်ကုန်ကိုရောက်ခါစက ချီတက်ပွဲတွေပေါ့။ တော်လှန်ရေး ပန်းခြံကို ချီတက်ကြတာပေါ့။ ပြည်သူတွေကနေ ချီတက်လာတဲ့သူတွေကို ပန်းကုံးတွေ စွပ်ကြတာပေါ့။ ကျွန်တော့်အစ်ကို တွေပါနေတော့ အစ်မကလည်း နယ်ကနေ တကူးတကလာပြီး ပန်းကုံးစွပ်ရတာပေါ့။ အဲဒီလိုမျိုးပါ။ နောက်ပိုင်းကျတော့ အဲဒီလိုမျိုး မရှိတော့ဘူး။ ပန်းကုံးစွပ်ချင်လို့လည်း စွပ်ခွင့်မရတော့ဘူး။ အဲဒီလိုမျိုးတွေ ဖြစ်လာတယ်။ တဖြည်းဖြည်းနဲ့ ပါလာတယ်။ နောက်ပိုင်းက တော့ တော်လှန်ရေးနေ့ ဆိုတာသက်သက်ကြီးကို ဖြစ်သွားတယ်”

ခင်ဝင့်ဝါ

” တပ်မတော်နေ့က ညီမ မမေ့နိုင်တဲ့နေ့တစ်နေ့ပါ။ လွတ်လပ်ရေးနေ့တို့၊ တပ်မတော်နေ့တို့ဆိုတာက တိုင်းပြည်အတွက်အရေးပါတဲ့ နေ့ထူးနေ့မြတ်တွေလေ။ အဲဒီအခါ ကျတော့ တပ်မတော်နေ့ ကို မြန်မာနိုင်ငံသူတစ်ယောက်အနေနဲ့ရော၊ Miss တစ်ယောက်အနေနဲ့ပါ ဂုဏ်ပြုကြိုဆိုပါတယ်”

Popular Journal

No comments:

Post a Comment

My Blog List