Tuesday, March 25, 2014

တွေ့ဆုံဆွေးနွေးရန် ဆန္ဒပြကျောင်းသားများကို ထိုင်ဝမ်သမ္မတ ဖိတ်ကြား

ယနေ့ နေ့လည်ပိုင်းတွင် ဆန္ဒပြကျောင်းသားများကို ထိုင်ဝမ်သမ္မတ မာရင်ကျောင်က စေ့စပ်ဆွေးနွေးမှု Dialogue လုပ်ရန် ဖိတ်ကြား လိုက်သည်ဟု ထိုင်ဝမ်သမ္မတအိမ်တော်က ထုတ်ပြန်ကြေငြာလိုက်သည်။
အင်္ဂါနေ့တွင် ငယ်ရွယ်သည့်ကျောင်းသားအများစုပါဝင်သော ဆန္ဒပြသမား ၂၀၀ ကျော်က တရုတ်ပြည် မကြီးနှင့် ချုပ်ဆိုသည့် စီးပွားရေးစာချုပ်ကို ဆန့်ကျင်၍ဆန္ဒပြခဲ့ကြသည်။ ထိုင်ဝမ်ပါလီမန်၏ ပင်မခန်းမကို သိမ်းပိုက်ခဲ့ကြသည်။ 
 
ထိုကဲ့သို့ဖြစ်စဉ်မျိုးသည် ထိုင်ဝမ်ကျွန်းသမိုင်းတွင် ပထမဆုံးအဖြစ်အပျက် လည်း ဖြစ်သည်။

ပြည်တွင်းစစ်အပြီးကတည်းက ထိုင်ဝမ်သည် ပြည်မကြီးမှ ခွဲထွက်ခဲ့သည်မှာ ၆၅ နှစ်တိုင်ရှိခဲ့ပြီဖြစ်သည်။ သို့သော် တရုတ်ပြည်မကမူ ထိုင်ဝမ်ကိုသူတို့၏ နယ်မြေအစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူထားပြီး ပြန် လည်ပေါင်းစည်းရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။ 
 
လိုအပ်ပါက အင်အားသုံးနိုင်သည့် အခြေအနေတွင်ရှိဆဲ ဖြစ်ကြောင်းသိရသည်။

ref: The West Australian , Reuters
Popular Myanmar News Journal

No comments:

Post a Comment

My Blog List