Monday, March 24, 2014

ကမ္ဘာ့တီဘီရောဂါနေ့ အထူးတင်ပြချက်


မတ်လ ၂၄ ရက်နေ့ဟာ ကမ္ဘာ့တီဘီရောဂါနေ့ ဖြစ်ပါတယ်။ တီဘီ လို့ အတိုကောက် ခေါ်တဲ့ Tuberculosis အဆုတ်နာရောဂါဖြစ် ပွားရတဲ့ ဇစ်မြစ်ကို စတင်တွေ့ရှိခဲ့တဲ့ နေ့ကတော့ ၁၈၈၂ ခုနှစ် မတ်လ ၂၄ ရက်နေ့ ဖြစ်ပါတယ်။ တွေ့ရှိခဲ့တဲ့ ဆရာဝန်ကတော့ ဒေါက်တာ ရောဘတ်ခေါ့ခ်ျ ဖြစ် ပြီး ၁၉၀၅ ခုနှစ်မှာ ဆေးဝါးဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။
အဆုတ်နာရောဂါပိုးကို တွေ့ရှိတဲ့ နေ့ကို အစွဲပြုပြီး နှစ်စဉ် မတ်လ ၂၄ ရက်နေ့ မှာ ကမ္ဘာ့တီဘီရောဂါနေ့ ဆိုပြီး နိုင်ငံတကာမှာ ကျင်းပနေကြတာလည်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “Reach the 3 million” - ၃ သန်းကို လက်လှမ်းပေးခြင်း ဆိုပြီး အမည်ပေးထားပါတယ်။ အကြောင်းရင်းကတော့ ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း လူပေါင်း ၉ သန်းလောက် အဆုတ်နာရောဂါကူးစက်ခံနေရပြီး အဲဒီ ထဲ က ၃ သန်း လောက်ဟာ ဆေးဝါးကုသမှုမရရှိကြတဲ့ အတွက် အဲဒီ လူပေါင်း ၃ သန်းကို လက်လှမ်းပေးပါ၊ ကူညီပေးကြပါလို့ နိုးဆော် ထားတာ ဖြစ်ပါတယ်။

လူအမြားအပြားသေဆုံးစေနိုင်တဲ့ ကူးစက်ရောဂါတွေထဲမှာ HIV/AIDS ရောဂါပြီးရင် အဆုတ်နာ တီဘီရောဂါဟာ ဒုတိယကြောက်စရာ အကောင်းဆုံး ရောဂါ ဖြစ်ပါတယ်။

အဆုတ်နာရောဂါဟာ Mycobacterium tuberculosis လို့ခေါ်တဲ့ ဘက်တီးရီးယား တမျိုးကြောင့် ဖြစ်ပွားပြီး ရောဂါပိုး ဟာ ချောင်းဆိုးတာ၊ နာချေတာနဲ့ တံတွေး ထွေးတာတွေ လုပ်တဲ့ အခါမှာ လေထဲကနေ တဆင့် ပြန့်ပွားနိုင်သလို ကူးစက်ဖို့လည်း အလွန် လွယ်ကူတဲ့ ရောဂါ ဖြစ်ပါတယ်။

အဆုတ်နာရောဂါဟာ ကုလရင် ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပေမယ့် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာတ၀န်း လူသန်းပေါင်း ၁.၃ သန်း သေဆုံးခဲ့ရပြီး အဲဒီသေဆုံးသူတွေရဲ့ ၄၀ရာခိုင်နှုန်းဟာ အာရှ ပစ္စဖိတ် ဒေသတွေက ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာလည်း ကမ္ဘာ့တီဘီရောဂါ ဖြစ်ပွားမှု အများဆုံး နိုင်ငံ ၂၇ နိုင်ငံထဲမှာ ပါဝင်ပြီး လူဦးရေ တစ်သိန်းမှာ အယောက် ၅၀၀ ကျော်လောက် ခံစားနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းအထိ လူနာပေါင်း ကိုးထောင်နီးပါးက လူဦးရေ ရှစ်ရာလောက်သာ ဆေးကုသမှုရယူနိုင်တယ်လို့ နယ်စည်းမခြားဆရာဝန်များအသင်းကဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီနှစ်နှစ်ကုန်ပိုင်းကစပြီး တနိုင်ငံလုံး တီဘီရောဂါပိုးကူးစက်ခံစားနေရတဲ့ လူနာပေါင်း ဘယ်လောက်ရှိမလဲဆိုတာကို စာရင်းကောက်တမ်းပြုစုသွားမှာဖြစ်ပြီး အခုလောလော ဆယ်မှာတော့ ဆေးတိုးမြင့်ကုသနိုင်ဖို့ လူနာငါးရာအတွက်သာ ဆေးရှိ တယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနက တာဝန်ရှိသူတဦးကပြောပါတယ်။

ABC

No comments:

Post a Comment

My Blog List