Monday, March 24, 2014

ပါတီကြီးများ ရွေးကောက်ပွဲဝင်ရန် အဆင်သင့်မဖြစ်သေး

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအား ပွင့်လင်းရာသီတွင် ပြုလုပ်မည်ဟုပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် ရွှေးကောက်ပွဲကော်မတီဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုသွားသော်လည်း အခြားသော နိုင်ငံရေး
ပါတီများအပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ များပါ ကြားဖြတ် ရွေးကောက်ပွဲအား ယှဉ်ပြိုင်ရန်အတွက် အဆင်သင့် မဖြစ်သေးကြောင်း နိုင်ငံရေးပါတီ များ၏ ပြောကြားချက်အရ မတ်လ ၂၃ ရက်က သိရသည်။
ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်များရှိ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာ ၂၀ အား ပြန်လည်ဖြည့်တင်းရန်အတွက် ၂၀၁၄ ကြားဖြတ်ရွှေး ကောက်ပွဲ အား ပြုလုပ်ခြင်းဖြစ်ပြီး ပါတီ စည်းရုံးရေး ဆင်းရန်အတွက် အချိန် ၃ လသာ ပေးထားကြောင်းကိုလည်း သိရသည်။

“ရွှေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးက လွှတ်တော်မှာပြောသွားတာ မဲဆွယ်ချိန်ကလဲ အချိန်သုံးလပဲရှိ မယ်”ဟု ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးသာဝင်းက ဆိုသည်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ရွှေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့သော်လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကာ ယခုလာမည့် ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲတွင်လဲ ထပ်မံယှဉ်ပြိုင်သွားရန် ရှိကြောင်းကိုလည်း သိရသည်။

“အရင်ထဲက စိတ်ကူးထားတာရှိတယ် ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီးတော့ ပါတီ အစည်းအဝေးတွေတော့ ဘာမှမလုပ်ရသေးဘူး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးညဏ်ဝင်းက ဆိုသည်။

လာမည့် ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအား နိုဝင်ဘာလနှင့် ဒီဇင်ဘာလ ကြားတွင် ကျင်းပ သွားမည်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲကိုလည်း ယင်းလတွင်ပဲကျင်းပသွားမည်ဖြစ်ကြောင်းကို သိရသည်။

“အာဆီယံဥက္ကဋ္ဌအဖြစ်နဲ့ တာဝန်ယူနေရတဲ့ အချိန်မှာအရမ်းပဲ အလုပ်များပါတယ်။ ဒီကြားဖြတ်ရွေးကောက် ပွဲအတွက်နဲ့ဝန်မပိစေချင်ပါဘူး အဲ့တာကြောင့် ကြားဖြတ်နောက်ကျမှလုပ်တာပါ”ဟု ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ရွေးကောက်ပွဲများပြုလုပ်ရာ၌ တရားမျှတမှုရှိရန် လိုအပ်ပြီး ၂၀၁၀ ခုနှစ် အထွေရွေးကောက်ပွဲတွင် မဲလိမ်မှုများ ဖြစ်ပေါ်လာခဲ့ပြီး လာမည့် ၂၀၁၄ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွှေးကောက်ပွဲတွင် တရားမျှမှုရှိရန်
လိုကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းများက ပြောဆိုနေကျသည်။

နှင်းနွယ်
The Myanmar Age

No comments:

Post a Comment

My Blog List