Monday, March 24, 2014

မလေးရှားလေယာဉ်ရဲ့ အစိပ်အပိုင်းနဲ့ပတ်သက်လို့ နောက်ထပ်တွေ့ရှိမှု

ပျောက်ဆုံး မလေးရှားလေယာဉ် MH370 ရဲ့ အပိုင်းအစလို့ ယူဆရတဲ့ နောက်ထပ် ပစ္စည်းတချို့ ထပ်မံတွေ့ရှိပါပြီ။ အခုနောက်ဆုံး ထပ်မံထွက်ပေါ်လာတဲ့ သတင်းကတော့ ပြင်သစ်နိုင်ငံက ဆက်သွယ်ရေး ဂြိုလ်တုကတဆင့် နောက်ထပ်ရရှိတဲ့ ပုံရိပ်တွေအရ သြစတြေးလျ နိုင်ငံက တွေ့ခဲ့တဲ့ နေရာ တဝိုက် မှာပဲ တွေ့ရှိတယ် လို့ ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့သတင်းပတ်က သြစတြေးလျှနိုင်ငံက ဂြိလ်တုက တွေ့တဲ့ ပုံရိပ်တွေအရ အိန္ဒိယသုမ္ဒရာ တောင်ပိုင်း သြစတြေးလျှ အနောက်တောင်ကမ်းခြေဘက် ပါ့သ်မြို့ကနေ ပင်လယ်ပြင်ဘက် မိုင် ၁၅၅ဝ လောက် မှာ ပျောက်ဆုံး မလေးရှားလေယာဉ်ရဲ့ အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္တု ၂ ခုကို တွေ့ခဲ့တာပါ။

တရုတ်နိုင်ငံကလည်း MH 370 လေယာဉ်အပိုင်းအစလို့ ယူဆရတဲ့ ရေမှာ မျောနေတဲ့ ပစ္စည်းတခုကို မလေးရှား လေယာဉ် ပျောက်ဆုံးခဲ့တဲ့ အိန္ဒိယ သမုဒ္ဒရာ တောင်းပိုင်းအခြမ်းမှာ မတ်လ ၁၈ ရက်နေ့က သူတို့ရဲ့ ဂြိုလ်တုကနေ တွေ့တယ်လို့ ကြေ ညာခဲ့ပါတယ်။

အဲဒီ ပစ္စည်း ၂ ခုကိုလည်း သြစတြေးလျှ၊ တရုတ်၊ နော်ဝေ၊ အမေရိကန်ပြည်ထောင်စု စတဲ့ နိုင်ငံတွေက ကူညီရှာဖွေမှုတွေ လုပ်နေ ဆဲပါဘဲ။

ဒါကြောင့် အခုဆို တောင်ဘက် ရှာဖွေမှု နယ်မြေတွေမှာ လေယာဉ်ပျောက်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ရှာဖွေမှုတွေကို တိုးမြှင့် လုပ်ဆောင်နေကြ တယ်လို့ သိရပါတယ်။

ဧရာဝတီblog

No comments:

Post a Comment

My Blog List