တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို.၊ ကန်ဖျားရပ်ကွက်၊ ရဲသိပ္ပံလမ်းတွင်
တည်ရှိသော ဦးဆွေသန်း ပိုင်ဆိုင်သည့် ရေခဲစက်သည်၊ လူနေအိမ် ထူထပ်သည့်
ရပ်ကွက် အတွင်းတွင် နေညမပြတ် နှစ်ဆယ့်လေး နာရီပတ်လုံး စက်သံဆူညံစွာဖြင့်
လည်ပတ်နေသည့်အပြင် လွန်ခဲ့သည့် လအနည်းငယ်ခန့်မှစ၍ ရဲသိပ္ပံလမ်းသွယ်နှင့်
ကန်ဖျားလမ်းမကြီးအား ဆက်သွယ်အသုံးပြု့ သွားလာနေသည့်
အများပြည်သူပိုင်လမ်းအား စက်ရုံလုံခြုံရေးအကြောင်းပြချက်ဖြင့် ညနေငါးနာရီမှ
မနက် ရှစ်နာရီအထိ ပုံပါအတိုင်း သံတံခါးဖြင့် သော့ခတ်ပိတ်
ပိတ်ဆို့ထားပါသဖြင့် ရပ်ကွက်နေပြည်သူများ သွားလာရန် အခက်တွေ့နေပါသည်။
ရပ်ကွက်နေပြည်သူများက သက်ဆိုင်ရာ ရ.ယ.က ရုံးတွင်
သွားရောက်ညှိနိုင်းသော်လည်း ငွေကြေးအင်အားတောင့်တင်းသည့်
ထိုစက်ရုံပိုင်ရှင်ကိုသာ အနိုင်ပေးခဲ့ပါသည်။ စစ်အစိုးရ ခေတ်တွင်လည်း
အဆိုပါရေခဲစက်မှ နမိုးနီးယား အကြိမ်ကြိမ်ပေါက်ကွဲခဲ့သဖြင့်
ရပ်ကွက်နေပြည်သူများ ထွက်ပြေးခဲ့ရသဖြင့် သက်ဆိုင်ရာသို့
တိုင်တန်းခဲ့သော်လည်း တိုင်တန်းသူ ရပ်ကွက်နေပြည်သူများသာ ဆူပူကြိမ်းမောင်း
ခံခဲ့ရသဖြင့် မတိုင်ဝံ့တော့ပဲ ဆူညံနေသည့် စက်သံကို နားညီးခံပြီး
သည်းခံနေခဲ့ပါသည်။
အရာရာကို ငွေနှင့်ဖြေရှင်းနိုင်သည်ဟူ
ယူဆနေသည့် စက်ရုံပိုင်ရှင်သည် ပိုမို၍အတင့်ရဲလာကာ ယခုတစ်ဖန် အများပြည်သူ
သွားလာနေသည့် လမ်းအား ပိတ်ဆို့ သည်အထိ ပြုလုပ်လာပါသဖြင့် သက်ဆိုင်ရာမှ
ညှိနိုင်းဖြေရှင်းပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။
ကန်ဖျားရပ်ကွက်နေပြည်သူ တစ်ဥင်္ီး။
No comments:
Post a Comment