Friday, May 04, 2012

တောင်ဒဂုံ NLD ပါတီဝင် ဦးဝင်းကို၏ ပြောကြားချက်



ရန်ကုန်တိုင်းဒေသကြီးအပါအ၀င်ပြည်နယ်အသီးသီးမှာရှိတဲ့NLDလူငယ်တွေချိတ်ဆက်ပြီးတော့ဒီနှစ်ကျောင်းအပ်နှံတဲ့ကာလမှာတစ်နိုင်ငံလုံးမှာရှိတဲ့စာသင်ကျောင်းများကကျောင်းသား/ကျောင်းသူတွေကိုကျောင်းအပ်လက်ခံတဲ့နေရာမှာအလှူငွေများကိုပုံစံအမျိုးမျိုးနဲ့တောင်းခံနေမှုနှင့်ကျောင်းသုံးပစ္စည်းတွေကိုတန်းဖိုးမည်မျှသတ်မှတ်ပြီးရောင်းချမှုတွေရှိနေတာကိုစောင့်ကြည့်ပြီးNLDလူငယ်တွေကသတင်းထုတ်ပြန်သွားနိုင်ဖို့အရေးအတွက်ပါတီဝင်တွေအကြားမှာ
ချိတ်ဆက်စီစဉ်မှုတွေရှိနေတယ်လို့သိရပါတယ်။
ယခင်နှစ်ကလဲမူလတန်းအဆင့်ကိုအခမဲ့ပညာသင်ကြားရေးအဖြစ်သတ်မှတ်ပြီးကျောင်းအပ်ခတွေကိုကောက်ခံခြင်းမပြုလုပ်ဖို့ပညာရေးဝန်ကြီးဌာနကညွှန်ကြားချက်တွေထုတ်ပြန်ခဲ့ပါတယ်။ဒါပေမယ့်ကျောင်းဖွင့်ချိန်ရောက်တော့ကျောင်းသားတွေကိုစတင်လက်ခံတဲ့အခါမှာငွေကြေးတောင်းခံမှုတွေနဲ့အကြောင်းပြချက်အမျိုးမျိုးပြပြီးစာသင်ကျောင်းတွေမှာကျောင်းသားမိဘများဆီကနေငွေကြေးတောင်းခံမှုအများကြီးရှိခဲ့တယ်လို့သိရပါတယ်။
ယခုပညာသင်နှစ်မှာတော့အဲဒီလိုဖြစ်စဉ်မျိုးမရှိစေဖို့အတွက်ရန်ကင်းNLDဥက္ကဌဦးမျိုးခင်တို့အဖွဲ့ကနေစောင့်ကြည့်လေ့လာပြီးသတင်းထုတ်ပြန်မှုတွေကိုအချိန်နှင့်တပြေးညီထုတ်ပြန်နိုင်ရေးအတွက်တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာရှိတဲ့NLDပါတီဝင်များကိုချိတ်ဆက်စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ပါတီဝင်တစ်ဦးထံကနေသိရှိရပါတယ်။

No comments:

Post a Comment

My Blog List