Sunday, April 29, 2012

NLD ပါတီဥက္ကဌဒေါ်စုကြည်နှင့် အီတလီနိုင်ငံခြားရေးဝန်ကြီး MR. Giuliomaria TERZIDISANT AGATA ကို တွေ့ဆုံ



ဧပြီလ၂၆ရက်နေ့ဒေါ်အောင်ဆန်းစုကြည်နေအိပ်မှာအီတလီနိုင်ငံခြားရေးဝန်ကြီးMR.GiuliomariaTERZIDISANT AGATAရောက်ရှိလာပြီးဒေါ်စုကြည်နှင့်တွေ့ဆုံရာတွင်MR. Giuliomaria TERZIDISANT AGATAက မြန်မာနိုင်ငံကိုလာရောက်ခြင်းမှာအကောင်းဆုံးအချိန်ဖြစ်ကြောင်း၊နေပြည်တော်မှာနိုင်ငံတော်သမ္မတနှင့်တွေ့ဆုံစဉ်သမ္မတ၏နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆောင်ရွက်ချက်များကိုသဘောကျကြောင်းပြောကြားခဲ့ပါတယ်၊
မြန်မာ-အီတလီနှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ခိုင်မာစေရး၊စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စများ၊မြန်မာနိုင်ငံနှင့်ဥရာပသမဂ္ဂအကြားရင်းနှီမြုပ်နှံမှုနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ အီတလီနိုင်ငံအနေနဲ့မြန်မာနိုင်ငံအပေါ် နည်းပညာပိုင်းနှင့်အခြားအကူအညီများပံ့ပိုးပေးရန်ဆွေးနွေးခဲ့ကြောင်း၊ထို့ပြင်လက်ရှိနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့အစည်းများနှင့်ထာဝရငြိမ်းချမ်းရေးရရှိအောင်ဆက်လက်ဆောင်ရွက်ပေးရန်ဒေါ်အောင်ဆန်းစုကြည်ကိုပြောကြားခဲ့ပါသည်။
MR. Giuliomaria TERZIDISANT AGATAကဥရောပသမဂ္ဂအနေဖြင့်မြန်မာနိုင်ငံအပေါ်စီးပွားရေးအရ အရေးယူပိတ်ဆို့ထားမှုတစ်နှစ်ရပ်ဆိုင်းထားမှုကိုရုပ်သိမ်းပေးဖို့မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်တိုးတတ်ပြောင်းလဲမှုများကိုစောင့်ကြည့်ပြီမှဆောင်ရွက်သွားမည်အကြောင်း၊အီတလီနိုင်ငံအနေနဲ့ဥရောပသမဂ္ဂရဲ့ဆောင်ရွက်ထားမှုအပေါ်ထောက်ခံကြောင်း၊ကြားဖြတ်ရွေးကောက်ပွဲတွင်NLDပါတီအနေနဲ့အနိုင်ရရှိခဲ့ခြင်းကိုလည်းဂုဏ်ယူမိပေမယ့်NLDလွတ်တော်ကိုယ်စားလှများလွှတ်တော်သို့မတတ်ရောက်တဲ့အကြောင်းအရင်းများကို သိရှိလိုတယ်လိုပြောကြားခဲ့ကြောင်းသိရှိရပါသည်။
          ဒေါ်စုကြည်ကဥရောပသမဂ္ဂအနေဖြင့်မြန်မာနိုင်ငံအပေါ်စီးပွားရေးအရအရေးယူပိတ်ဆို့ထားမှုကိုရုပ်သိမ်းစေလိုသော်လည်း၊(၁)နှစ်ခန့်ဆက်လက်ဆိုင်းငံ့ထားသင့်ကြောင်း၊ကြားဖြတ်ရွေးကောက်ပွဲမှာNLDပါတီအနိုင်ရရှိခြင်းမှာပြည်သူလူထုရဲ့ထောက်ခံအားပေးခြင်းကြောင့်၊အခုအချိန်မှာလွှတ်တော်ကိုမတတ်ရောက်နိုင်သေးကြောင်း၊NLDပါတီ၏ဥပဒေပညာရှင်များမှ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပါမည်ဆိုမည်အသုံးအနှုန်းကိုလက်မခံနိုင်ကြောင်း၊၎င်းအသုံးအနှုန်းအစား၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစားလိုက်နာပါမည်ဆိုတဲ့အသုံးအနှုန်းကိုပြောင်းလဲပေးဖို့နိုင်ငံတော်သမ္မတ၊ပြည်ထောင်စုလွှတ်တော်၊ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကိုတောင်းဆိုထားကြောင်းပြောခဲ့တယ်လို့သိရပါတယ်၊
နှစ်ဦးနှစ်ဖက်သဘောတူညီမှုကိုညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ကြောင်း၊ပြေလည်မှုများရရှိနိုင်မယ်လို့ယုံကြည်ကြောင်း၊နိုင်ငံတော်သမ္မတမှNLDပါတီရွေးကောက်ပွဲဝင်ရောက်နိုင်ရေးအတွက်ဆောင်ရွက်ပေးမှုများနှင့်နိုင်ငံပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ချက်များကိုလည်းယုံကြည်ကြောင်း၊NLDပါတီအနေနဲ့လွှတ်တော်ပြင်ပမှာနိုင်ငံရေးလုပ်ဆောင်မှုနှစ်၂၀ကျော်ကြာပြီးဖြစ်လို့လွှတ်တော်အတွင်းမှာနိုင်ငံရေးလုပ်ဆောင်ဖို့ဆန္ဒရှိပေမယ့်လက်ရှိအချိန်မှာလွှတ်တော်သို့မတတ်ရောက်နိုင်သေးကြောင်း၊လွှတ်တော်သို့တတ်ရောက်လျှင်ပါတီ၏အဓိကရည်ရွယ်ချက်၃ချက်ဖြစ်တဲ့တရားဥပဒေစိုးမိုးရေး၊ငြိမ်းချမ်းရေး၊၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကိုဆောင်ရွက်သွားမည်လို့ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။
နေ့လည်ပိုင်းမှာဒေါ်စုကြည်နှင့်MR. Giuliomaria TERZIDISANT AGATAတို့မှ ပြည်တွင်းပြည်ပသတင်းထောက်၃၀ ဦးခန့်နှင့်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ဒေါ်စုကြည်ကလွှတ်တော်သို့မတတ်ရောက်ရခြင်းမှာနိုင်ငံရေးပြဿနာတစ်ရပ်လိုမထင်ကြောင်း၊နည်းပညာစနစ်ပိုင်းများ(မီဒီယာများ)မှားယွင်းမှုတယ်လို့သားမှတ်ယူလိုပြီးလွှတ်တောမတက်သည့်ပြဿနာအားNLDပါတီနှင့်ပြည်သူမှအကျယ်ချဲ့မည်ကိုစိုးရိမ်မိကြောင်း၊မိမိအနေဖြင့်အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊နိုင်ငံတော်သမ္မတ၏နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကိုယုံကြည်ကြောင်း၊သမ္မတအနေဖြင့်ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ပေးခဲ့ပြီးNLDအနေဖြင့်နှစ်ဦးနှစ်ဖက်ပြေလည်အောင်ဆောင်ရွက်သွားရန်ရှိကြောင်းပြောကြားခဲ့ပါတယ်။ယခုလွှတ်တော်တွင်နိုင်ငံရေးလုပ်ရန်ဆန္ဒရှိပြီးလွှတ်တော်သို့မတတ်ရောက်ခြင်းမဟုတ်ကြောင်း၊မတတ်ရောက်သေးခြင်းသာဖြစ်သည်လိုရှင်းလင်းပြောကြားခဲ့တယ်လို့သိရှိရပါသည်။
MR. Giuliomaria TERZIDISANT AGATAကမြန်မာနိုင်ငံသို့ရောက်ရှိစဉ်နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံခဲ့ကြောင်း
သမ္မတကြီးပြုပြင်ပြောင်လဲမှုတွေကိုသဘောကျကြောင်း၊၎င်းတို့၏လုပ်ဆောင်ချက်များကိုထောက်ခံအားပေးခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊အစိုးရ၏တိုင်းရင်းသားအဖွဲ့အစည်းများနှင့်အပစ်အခက်ရပ်စဲရေးဆောင်းရွက်မှု၊ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနှင့်အမျိုးသားရင်ကြားစေ့ရေးလုပ်ဆောင်မှုများသည်ထိရောက်သည့်ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များဟုထင်မြင်ကြောင်း၊အီတလီနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ၏ သဘောထားအပေါ် ထောက်ခဲသွားမည်ဖြစ်ပြီး ဥရေပသမဂ္ဂအနေဖြင့်ပိတ်ဆို့ရုပ်သိမ်းရေးကိုပယ်ရှားခြင်းမဟုတ်ဘဲဆိုင်းငံထားခြင်းသာဖြစ်ကြောင်း၊မြန်မာနိုင်ငံခရီစဉ်တွင်အီတလီနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်းများလိုက်ပါလာပြီးရင်းနှီမြှုပ်နှံမှုများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊အီတလီနိုင်ငံအနေဖြင့်မြန်မာနိုင်ငံအပေါ်နည်းပညာပိုင်းဆိုင်ရာများနှင့်အခြားသောအကူအညီများကိုပံ့ပိုးသွားမှာဖြစ်တယ်လို့ပြောကြားခဲ့ကြောင်း၊မြန်မာနိုင်ငံရဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များဟာရပ်တံ့သွားလိုမရသလို၊အရှိန်နှေးသွားလိုလည်းမဖြစ်ကြောင်း၊လာမည်၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှာအားလုံးပါဝင်နိုင်ခွင့်ရှိပြီဒီမိုကရေစီစံနှုန်အပြည့်ဖြစ်ရန် အထူးမျှော်လင့်ထားတယ်လို့ရှင်းလင်းပြောကြားခဲ့ပါသည်။

No comments:

Post a Comment

My Blog List