Sunday, April 29, 2012

၈၈ မျိုးဆက်ကျောင်းသားဟောင်းအချို့နှင့် အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ


အေပြီလ၂၆ရက်နေ့နေ့လည်မှာဗဟန်းမြို့နယ်ရှိမြန်မာနိုင်ငံဆိုင်ရာအီတလီသံရုံးမှာအီတလီနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးH.E.Mr Giuliomairi Terzidi Santagata နှင့်၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြတဲ့ ကိုမင်းကိုနိုင်။ကိုကိုကြီး၊ကိုဌေးကြွယ်၊ ဂျင်မီတို့တွေ့ဆုံနေစဉ် အီတလီနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီး H.E.Mr Giuliomairi Terzidi Santagataမှနိုင်ငံရေးကိုဘယ်လိုဆက်လက်လုပ်ဆောင်သွားမလဲလိုမေမြန်းခဲ့ရာ၈၈ မျိုးဆက်ကျောင်းသားခေါ်ဆောင်ကိုမင်းကိုနိုင်ကယခုချိန်ထိနိုင်ငံရေးပါတီထူထောင်ဖို့မစဉ်းစားထားသေးကြောင်း၊၂၀၁၅ခုနှစ်ပါတီစုံရွေးကောက်ပွဲကိုဝင်သင့်/မ၀င်သင့်အားစဉ်းစားမည်ဖြစ်ကြောင်းကိုပြန်လည်ပြောကြားခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးအီတလီနိုင်ငံခြားရေးဝန်ကြီးကမိမိတို့ဥရောပသမဂနိုင်ငံများကစီးပွားရေးပိတ်ဆို့မှုကို(၁)နှစ်ရပ်ဆိုင်းပေးခြင်းနှင့်ပတ်သတ်၍၈၈မျိုးဆက်ကျောင်းသားဟောင်းများရဲ့အမြင်ကိုမေးမြန်းခဲ့ရာကိုမင်းကိုနိုင်မှယခုကဲ့သို့စီးပွားရေးပိတ်ဆို့မှုကိုအမြန်ရုပ်သိမ်းပေးစေလိုသော်လည်း(၁)နှစ်ရပ်ဆိုင်းပေးခြင်းသည်ကောင်းမွန်ပါကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ်၊ဆက်လက်ပြီးအီတလီနိုင်ငံခြားရေးဝန်ကြီးကNLDပါတီလွှတ်တော်ကိုယ်စားလှယ်များလွှတ်တော်အတွင်းသို့ဝင်ရောက်မှုမရှိခြင်းနှင့်ပတ်သတ်ပြီး၈၈မျိုးဆက်ကျောင်းသားအဖွဲ့၏အမြင်အားမေးမြန်းခဲ့ပါတယ်။ကိုမင်းကိုနိုင်က၎င်းအချက်နှင့်ပတ်သတ်၍တဖြည်းဖြည်းချင်းနှင့်အဆင်ပြေသွားလိမ့်မည်လို့မြင်ကြောင်းကိုပြန်လည်ဖြေကြားခဲ့တယ်လို့သိရှိရပါတယ်။
အီတလီဝန်ကြီးက၎င်းတို့အနေဖြင့်ရှေးဟောင်းယဉ်ကျေးမှုထိန်သိမ်းရေးကိစ္စရပ်များနှင့်ပတ်သတ်ပြီးအကူညီပေးသွားမည့်အပြင်စီပွားရေးကိစ္စရပ်များမှာလည်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊နိုင်ငံတော်သမ္မတကြီး၏ပြုပြင်ပြောင်းလဲရေးကိစ္စရပ်များကိုလဲသဘောကျလက်ခံယုံကြည်ကြောင်၊တို့နောက်ကိုမင်းကိုနိုင်မှယခုလွှတ်တော်အစည်းဝေးသို့NLDပါတီမှလွှတ်တော်ကိုယ်စားလှယ်များမတက်ရောက်ခြင်းနှင့်ပတ်သတ်လို့၊ဒေါ်စုကြည်နှင့်တွေဆုံစဉ်ဒေါ်စုကြည်မှရှင်းပြခဲ့ကြောင်း၊တဖြည်းဖြည်းးနှင့်ပြေလည်မှုရရှိလိမ့်မည်လို့ယုံကြည်ပါကြောင်းအားပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရ ပါသည်။
ဆက်လက်ပြီးအီတလီနိုင်ငံခြားရေးဝန်ကြီးက၈၈မျိုးဆက်ကျောင်းသားများအနေဖြင့်နိုင်ငံရေးပါတီတည်ထောင် ရန်အစီစဉ်ရှိ/မရှိကိုထပ်မံမေးမြန်းခဲ့ရာကိုမင်းကိုနိုင်မှမိမိတို့အနေဖြင့်နိုင်ငံရေးပါတီတည်ထောင်ခြင်းနှင့်ပတ်သတ်လို့၂၀၁၅ခုနှစ်ရွေးကောက်ပွဲမတိုင်မှီစဉ်စားမည်ဖြစ်ကြောင်းနှင့်လတ်တလောမှာဆုံးဖြတ်ထားခြင်းမရှိသေးကြောင်းကိုပြန်လည်ဇြေကြားခဲ့တယ်လို့သိရရှိပါသည်။

No comments:

Post a Comment

My Blog List